တော်တော်များများက ဖရဲသီးဆို ရင်အေးစေလို့၊ ရေငတ်ပြေစေလို့ စားသုံးကြတာများပါတယ်။ ဒါပေမယ့် တော်တော်များများ သတိမထားမိသေးတာက ဖရဲသီးဟာ မလှအပရေးရာအဖြာဖြာအတွက် ကောင်းကျိုးပေးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ဝိတ်ကျချင်တဲ့သူတွေအတွက် ဖရဲသီးကို ဘယ်လိုစားသုံးပေးရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။ ဖရဲသီးဖျော်ရည်ခွက်မှာက ၄၆ ကယ်လိုရီ ပါရှိပါတယ်။ ဒါကြောင့် ဖရဲသီးဖျော်ရည်ကို သောက်ပေးမယ်ဆိုရင်တော့ ဝိတ်ကျလာစေမှာပါ။ နေ့တိုင်း ဖရဲသီးဖျော်ရည်ကိုသောက်ပြီး ရေကိုလည်း ပုံမှန်ထက်ပိုပြီး မျာများသောက်ပေးမယ်ဆိုရင်တော့ သိသိသာသာကို ဝိတ်ကျလာမှာပါ။ သူ့မှာက ဘေးထွက်ဆိုးကျိုးလည်း လုံးဝမရှိတော့ အဆင်ပြေစေပါတယ်။ ကြာလာရင်တော့ ဝိတ်လည်းကျပြီး အသားအရေလည်း လှလာမှာပါ။ မြန်မြန်ဝိတ်ကျချင်တယ်ဆိုရင်တာ့ ဖရဲသီးကိုများများစားပေးရမှာပါ။ ပုံမှန်ဆိုရင်တော့ ၁၅၀ ကယ်လိုရီလောက် စားသုံးပေးရမှာပါ။ ဖရဲသီးမှာပါတဲ့သကြားဓာတ်က ဘာအန္တရာယ်မှမဖြစ်စေတဲ့အတွက် များများစားသုံးပေးလို့ရပါတယ ဝိတ်ကျချင်တဲ့သူတွေအနေနဲ့ ဖရဲသီးကိုစားသုံးပေးရမယ့်အချိန်တွေကတော့ မနက်စာမစားခင်နဲ့ နေ့လယ်စာမစားခင်မှာတစ်ခွက်၊ ညနေစာမစားခင်မှာတစ်ခွက်ပါ။ သရေစာအဖြစ်နဲ့လည်း […]
Month: May 2018
ပိန်းဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ
အရှေ့တောင်အာရှမှာ အဓိကတွေ့ရတဲ့ ပိန်းဥ မြန်မာပြည်မှာလည်း အရမ်းကိုပေါတဲ့ ပိန်းဥပါနော်။ ပိန်းဥကိုစားပေးရင် ဘယ်လိုအကျိုးကျေးဇူးရမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။ ပိန်းဥကို ပြုတ်ပြီးစားရင်လည်းအရသာရှိပြီး အမျိုးမျိုးချက်စားကြလေ့ရှိပါတယ်။ ပိန်းဥရေခဲမှုန့်ဆိုရင် ရေခဲမှုန့်တွေထဲမှာ တော်တော်ရောင်းအားကောင်းတာတဲ့။ စာဖတ်သူတွေထဲမှာလည်း ပိန်းဥကြိုက်တဲ့သူရှိမယ်လို့မျှော်လင့်ပါတယ်နော်။ သွေးဖိအားကျစေခြင်း ပိန်းဥမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး တခြားသတ္တုဓါတ်တွေလည်းပါဝင်လို့ သွေးဖိအားကို တည်ငြိမ်စေပါတယ်။ သွေးဖိအားများတဲ့သူတွေလည်း စားလို့ရပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း ပိန်းဥကိုစားပေးခြင်းအားဖြင့် နှလုံးကိုကျန်းမာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျစေခြင်း ပိန်းဥဟာ ကိုယ်အလေးချိန်ကျစေနိုင်တဲ့ အသီးအရွက်တစ်မျိုးပါပဲ။အဆီဓါတ်မပါဘဲ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့လည်း ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကို ကျစေမှာပါ။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ခြင်း အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အူမကြီးနဲ့ အစာအိမ်ကို ကျန်းမာစေပါတယ်။ အမျှင်ဓါတ်များတဲ့အစားအစာကို စားပေးတာဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို […]
အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာစေမယ့် အစားအစာများ
အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာစေမယ့် အစားအစာများ ======================= ======================= အစားအစာတွေကို ဆေးအဖြစ်နဲ့ စားသုံးရတာဟာ အင်မတန် ကောင်းတဲ့ အချက်ပါ။ ဆေးတွေဟာ ရေရှည်သောက်သုံးတဲ့ အခါ ကိုယ်ခန္ဓာ္ဓအတွက် မကောင်းစေနိုင်ပါဘူး။ အစားအစာတွေကတော့ ကိုယ်ခံအားကို မြင့်တင်ပေးနိုင်ပြီး ခံစားနေရတာတွေကို ကာကွယ်ခြင်းနဲ့ ကုသခြင်းအတွက် ထိရောက်စေပါတယ်။ အဆစ်အမြစ်ရောင်ရမ်းတာတွေကို မဖြစ်စေဖို့နဲ့ ရောဂါ ရှိသူတွေ အတွက် သက်သာစေဖို့ ဘယ်လို အစားအစာမျိုးတွေကို စားသင့်ပါသလဲ? လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်စေပြီး အရသာလည်းရှိစေမယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။ နနွင်း နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ နနွင်းဟာ ရောင်ရမ်းမှုတွေကို ကျဆေးစေနိုင်တဲ့ ဟိုဒရိုကော်တီဆုန်းဓာတ် ပါဝင်ပါတယ်။ နနွင်းကို ပျားရည်နဲ့ လုံးပြီးစားကသလို ပြုတ်သောက်တာ မျိုးတွေကိုလည်း လုပ်လို့ရပါတယ်။ […]
သံပုရာရည်ကို ဆေးဖက်ဝင်အောင် ဖျော်ကြမယ်
သံပုရာရည်ကို ဆေးဖက်ဝင်အောင် ဖျော်ကြမယ် ======================= ======================= သံပုရာသီးဟာ မြန်မာတို့ အတွက် ဆေးဖက်ဝင်လှပါတယ်။ သံပုရာသီးကို နေရာမရွေး ရနိုင်တဲ့ အသီးဖြစ်ပြီး ဒေသတိုင်းမှာတော့ အသုံးပြုပုံ ကွာသွားပေမယ့် ဆေးဖက်ဝင် အသီးအဖြစ် လူသိများလှပါတယ်။ သံပုရာသီးမှာ ဗီတာမင်အပြင် ဗီတာမင်အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ် ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ် တွေလည်း ပါဝင်ပါတယ်။ သံပုရာသီးကို အရည်ညှစ်ပြီး သောက်လေ့ ရှိတဲ့ လူတွေ အတွက် ဆေးဖက်ဝင်အောင် ဖျော်နည်းလေးကို မျှဝေချင်ပါတယ်။ ရှေးဦးစွာ သံပုရာသီးတွေကို အရည်ညှစ်ပြီး ၁၀ကျပ်သား ချိန်ထားပါ။ အိမ်သုံးသကြားနှစ်ကျပ်သား၊ ရေသန့် […]
နှလုံးအတွက်ကောင်းမွန်စေတဲ့အပြင် မှတ်ဉာဏ်ကိုတိုးတက်စေမယ့် မာလကာသီး
နှလုံးအတွက်ကောင်းမွန်စေတဲ့အပြင် မှတ်ဉာဏ်ကိုတိုးတက်စေမယ့် မာလကာသီး ======================= ======================= မာလကာသီးကို စားသုံးတာဟာ ကျန်းမာရေးအတွက် များစွာအကျိုးကျေးဇူးရှိပါတယ်။ မာလကာသီးမှာ ခန္တာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ နှလုံးကျန်းမာရေး အမေရိကန်နိုင်ငံက အရွယ်ရောက်ပြီးသူတွေ သေဆုံးရတဲ့ရောဂါတွေထဲမှာ နှလုံးရောဂါတစ်ခုအပါအဝင်ဖြစ်ပါယ်။ ဒါ့ကြောင့် နှလုံးကို ကာကွယ်ဖို့လိုပါတယ်။ မာလကာသီးနဲ့ မာလကာရွက်ှာ နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အဟာရဓါတ်ေွအများအပားပါဝင်ပါတယ်။ ဒါ့အပြင် အရေးကြောင်းဖြစ်တာနဲ့ အသက်အရွယ်အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ဓါတ်တွေပါဝင်လို့ အရွယ်တင်နုပျိုစေပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် မာလကာသီးဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို မာလကာသီး ၁ လုံး စားပေးသင့်ပါတယ်။ ကိုယ်ခံအားစနစ် မာလကာသီးကို စားပေးတာဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတာကြောင့် ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူဝင်ရောက်တာကနေ ကာကွယ်ပေးပါတယ်။ ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကိုလျှော့ချပေးခြင်း မာလကာသီးဟာ ကင်ဆာဖြစ်ပွားမှု အန္တာရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ […]
အရက်နဲ့ ကင်ဆာ
အရက်နဲ့ ကင်ဆာ ======================= ======================= အရက်ကို အလွန်အကျွံ သောက်သုံးခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိကြပေမယ့် အရက်ကြောင့် ကင်ဆာဖြစ်နိုင်ခြေ များလာတာကိုတော့ အသိနည်းကြပါတယ်။ >> အရက်နဲ့ ဆက်နွှယ်နေသောကင်ဆာများ အရက်သောက်ခြင်းကြောင့် အောက်ပါကင်ဆာများ ဖြစ်ပွားနိုင်ပါတယ်။ အရက်သောက်နှုန်းပေါ် မူတည်ပြီး ကင်ဆာ ဖြစ်နိုင်ခြေ ပိုမိုများပြားလာနိုင်ပါတယ်။ ● ပါးစပ်၊ လည်ချောင်း၊ အသံအိုးနဲ့ အစာပြွန်ကင်ဆာ အရက်ကြောင့် ဒီကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ အရက်ရော၊ ဆေးလိပ်ရော နှစ်မျိုးလုံး သောက်ခြင်းက ကင်ဆာဖြစ်နှုန်းကို ပိုမိုများပြားစေနိုင်ပါတယ်။ ဆေးလိပ်ထဲမှာပါတဲ့ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေက ပါးစပ်၊ လည်ချောင်းနဲ့ အစာပြွန်တွေမှာရှိတဲ့ ဆဲလ်တွေအတွင်းကို ဝင်ရောက် ဒုက္ခပေးနိုင်ပါတယ်။ ဒီလို ဆဲလ်ထဲဝင်ဒုက္ခပေးနိုင်အောင် အရက်က ကူညီထောက်မပေးပါတယ်။ ဒါ့အပြင် ဆေးလိပ် ဓာတုပစ္စည်းတွေကြောင့် […]
မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုကော်ဖီဖျော်မလဲ?
မနက်ခင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုကော်ဖီဖျော်မလဲ? ======================= ======================= မနက်စောစောမှာ ကော်ဖီပူပူတစ်ခွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နိုးကြားစေတဲ့ အကျင့်ဟာ အမြဲတမ်း ကောင်းပါသလား။ ကော်ဖီခါးခါးလေးဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့် ဒီကော်ဖီလေးထဲကို နွားနို့တွေ ရော၊ နို့ဆီတွေ ထည့်၊ သကြားတွေ ရောမွှေလိုက်တဲ့အခါ အဆီများပြီး ဝိတ်တက်စေတဲ့ အချိုရည်တစ်ခု ဖြစ်သွားပါသတဲ့။ မြန်မာတွေ အလွယ်တကူ ဝယ်သောက်နေကျ ကော်ဖီမစ်ဟာ အဲဒီလို ခပ်ဆင်ဆင်ပါပဲ။ ကော်ဖီမစ်ထဲကို သကြားတွေ၊ နို့ဆီတွေ ထပ်ထည့်မှ သောက်တတ်သူတွေကလည်း ရှိနေပြန်ပါရော။ မနက်ခင်း ကော်ဖီသောက်ပြီးရင် လေပွသလို ခံစားရတတ်ပါတယ်တဲ့။ ကော်ဖီကြောင့် မဟုတ်ပါဘူး။ ကော်ဖီနဲ့ ရောဖျော်လိုက်တဲ့ နွားနို့ သို့မဟုတ် Creamer တွေကြောင့် ဖြစ်တာပါ။ ခေတ်မီမီဆို ကော်ဖီ အကိတ်လို့ […]
ခါးပေမယ့် အကျိုးကျေးဇူးများတဲ့ ကြက်ဟင်းခါးသီး
ခါးပေမယ့် အကျိုးကျေးဇူးများတဲ့ ကြက်ဟင်းခါးသီး ======================= ======================= ကြက်ဟင်းခါးသီးဆိုတဲ့ အသီးဟာ အမြင်မလှ အရသာ ခါးပေမယ့် အကျိုးများစေပါတယ်။ ကြက်ဟင်းခါးပင်ဟာ ခြောက်သွေ့စိုစွတ်တဲ့ ရာသီဥတုကို ကြိုက်ပြီး အာရှနိုင်ငံတွေမှာတော့ လူသိများလှပါတယ်။ ကြက်ဟင်းခါးသီးကို အမေရိကအလယ်ပိုင်းနဲ့ တောင်ပိုင်းအာဖရိကတွေမှာ ပေါက်ရောက်လေ့ ရှိပါတယ်။ ကြက်ဟင်းခါးသီးပင်ဟာ နွယ်ပင် အမျိုးအစားဖြစ်ပြီး စင်ခံပြီး စိုက်ပျိုးလေ့ ရှိပါတယ်။ ကြက်ဟင်းခါးသီးကို အမှည့်ခင် ဆွတ်ပြီး စားရပါတယ်။ ကြက်ဟင်းခါးသီးကို မချက်ပြုတ်ခင် ဆားရည်နဲ့ စမ်းပြီး ညှစ်ထုတ်ရင် အခါးသက်သာစေပါတယ်။ ဆန်ဆေးရည်နဲ့လည်း စိမ်ပြီး ဆေးလို့ရပါတယ်။ ပုဇွန်ခြောက်မှုန့်နဲ့ ကြော်စားရင် အင်မတန် ကောင်းတဲ့ ဟင်းလျာတစ်ခွက် ရပါတယ်။ ကြက်ဟင်းခါးသီးမှာ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ […]
သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း
သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း ================== ================== အမျိုးသမီးတွေအနေနဲ့ မိခင်နို့ တိုက်ကျွေးခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာအောင် လှုံ့ဆော်ကြရာမှာ ဒီနေ့အခါဟာ အတက်ကြွဆုံး အချိန်ပါပဲ။ သုတေသနတွေအရလည်း အကျိုးကျေးဇူးအသစ်တွေ ထပ်မံတွေ့ရှိထားပါတယ်။ မိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောများကို ကျန်းမာသန်စွမ်းစေပါတယ်။ သုတေသနအသစ်အရ မိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောတွေကို ကျန်းမာသန်စွမ်းစေတယ်လို့ သိရပါတယ်။ မိခင်နို့တိုက်သူ အမျိုးသမီးများအနေနဲ့ အသက်ကြီးသွားတဲ့အခါ နှလုံးထိခိုက်မုှနဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ မိခင်နို့တိုက်ကျွေးနေတဲ့ ငယ်ရွယ်သူအမျိုးသမီးတွေရဲ့ သွေးလွှတ်ကြောများဟာ သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အခါ နို့ဘူးတိုက်သူအမျိုးသမီးတွေထက် ပိုမိုကျန်းမာကောင်းမွန်တယ်လို့ သိရပါတယ်။ သားဖွားမီးယပ်ဆေးပညာဂျာနယ်တစောင်မှာလည်း မိခင်နို့တိုက်ကျွေးခြင်းနဲ့ သွေးလွှတ်ကြောများရဲ့ ကျန်းမာရေးကြားက ဆက်စပ်မုှကို ဖော်ပြထားပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေ အကျိုးအပြစ်အားလုံးကို ကျောက်ချက်ဆွဲဖို့တော့ စောပါသေးတယ်လို့ ဆိုထားပါတယ်။ သုတေသီများဟာ အနည်းဆုံး […]
ငှက်ပျောသီးရဲ့ ထူးခြားတဲ့ ဆေးအစွမ်း (၁၀) မျိူး
ငှက်ပျောသီးရဲ့ ထူးခြားတဲ့ ဆေးအစွမ်း (၁၀) မျိူး ငှက်ပျောသီးဟာ ဆေးဝါးတွေထက်တောင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။ ဗီတာမင် ၊ ပရိုတင်းဓါတ်နဲ့ တခြားအဟာရဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့အသီးပါ။ ဒါ့အပြင် အရသာလည်းရှိ ဈေးနှုန်းလည်း တင့်သင့်တာမို့ အိမ်တိုင်း ဝယ်ယူစားသုံးသင့်ပါတယ်။ အမျိုးသမီးတွေအတွက်ဆို ရာသီမှန်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ တခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးရဲ့ အံ့မခန်းအစွမ်း ၁။ ငှက်ပျောသီးဟာ အားဆေးလိုပါပဲ။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးတာကြောင့် အားကစားသမားတွေ အဓိကစားသုံးကြပါတယ်။ ၂။ ငှက်ပျောသီးမှာ Amino Acid ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးမှုကို လျှော့ကျစေပြီး ပျော်ရွှင်စေပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ဓါတ်ကလည်း စိတ်ကျရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ၃။ ငှက်ပျောသီးမှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး ဆားဓါတ်အနည်းငယ်ပဲပါဝင်ပါတယ်။ […]