ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ Longan (လုံငန်းသီး (သို့) တောကြက်မောက်သီး (သို့) တရုတ်လိုင်ချီးသီး) ================== ================== Longan ကို မြန်မာလိုဘယ်လိုခေါ်မှန်းမသိလို့ လိုက်ရှာကြည့်တော့ လုံငန်းသီးလို့ တချို့ကဖော်ပြကြသလို တောကြက်မောက်သီးလို့လည်းဖော်ပြကြတယ် ဒါတင်မကသေးဘူးရှင့် တရုတ်လိုင်ချီးသီးလို့လည်း ဖတ်လိုက်ရပါတယ်။ စာရေးသူတို့ဒေသမှာတော့ ကြောင်မျက်လုံးသီး၊ နဂါးမျက်စေ့သီးလို့ခေါ်ကြပါတယ်။ စာဖတ်သူတို့ဘယ်လိုခေါ်ကြလည်းဆိုတာလည်း Comment လေးတွေမှာရေးခဲ့ဦးနော်။ ထားပါ အပြင်ကပျော့ဖတ်က အဖြူရာင်ဖြစ်ပြီး အထဲကအစေ့ကအမည်းရောင်ဖြစ်ပါတယ်။ အရည်ခွံကတော့ ညိုဝါရောင်လေးပါ။ အရသာကတော့ တချို့ကလည်း အနံ့ကြောင့်မကြိုက်တဲ့သူရှိပေမယ့် တချို့ကလည်း စွဲစွဲမြဲမြဲကြိုက်ကြပါတယ်။ စာရေးသူတို့မြို့လေးက တရုတ်နယ်စပ်နဲ့နီးတော့ ဒီအသီးလေးတွေလည်း ငယ်ငယ်က မကြာခဏစားဖူးပါတယ်။ ရှမ်းအရှေ့ကို ပြန်ရောက်ရင်လည်း ဝယ်စားဖြစ်တဲ့အသီးလေးပါ။ ဒီအသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖတ်မိတော့ စာဖတ်သူတို့ကို မျှဝေလိုက်ပါတယ်။ နှလုံးကိုကျန်းမာစေတယ် တရုတ်ရှေးဆေးပညာသီအိုရအရ Longan သီးဟာ နှလုံးကို […]
Month: May 2018
နှလုံး၊ကျောက်ကပ်အတွက် ကောင်းမွန်စေတဲ့အပြင် ဖရဲသီးစားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ
အရသာရှိပြီး အရည်ရွှမ်းတဲ့ဖရဲသီးကို မြန်မာနိုင်ငံမှာ တကယ်ကို လူကြိုက်များပါတယ်။ ဖရဲသီးကိုစားသုံးပြီး တချိန်တည်းမှာပဲ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေအများအပြားရရှိစေပါတယ်။ နှလုံးကျန်းမာရေး ဖရဲသီးမှာ ဗီတာမင် C, Potassium ပါဝင်လို့ ကိုလက်စထရောပမာဏကိုလျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကျောက်ကပ် ကျောက်ကပ်မှာကျောက်တည်ဖူးတဲ့သူတွေအနေနဲ့ ဘယ်လောက်နာကျင်သလဲဆိုတာ သိကြမှာပါ။ ဒီတော့ ကျောက်ကပ်ကျန်းမာဖို့ အထူးဂရုစိုက်သင့်ပါတယ်။ ဖရဲသီးကိုစားပေးတာဟာ ဆီးသွားမှန်စေပြီး ကျောက်ကပ်ဆိုင်ရာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးကျစေခြင်း သွေးတိုးတဲ့သူတွေအတွက် ဖရဲသီးကိုစားပေးသင့်ပါတယ်။ ဖရဲသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓါတ်ကြွယ်ဝစာပါဝင်လို့ သွေးတိုးကျစေပါတယ်။ ဆီးကျိတ်ကင်ဆာ ဖရဲသီးမှာ Antioxidant ပါဝင်လို့ ဖရဲသီးကိုပုံမှန်စားပေးတာ ဆီးကျိတ်ကင်ဆာကို သက်သာစေပါတယ်။ အသားအရေ ဖရဲသီးမှာ ဗီတာမင် A ပါဝင်လို့ ဖရဲသီးကိုစားပေးတာဟာ အသားအရေက နုပျိုစိုပြေစေပါတယ်။
ကျောက်ဖရုံသီးရဲ့ ကျန်းမာရေးအစွမ်း
ကျောက်ဖရုံသီးရဲ့ ကျန်းမာရေးအစွမ်း ======================= ======================= ကျောက်ဖရုံသီးမှာ ဗီတာမင် B1,B3, C ပါဝင်ပြီး သတ္တုဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်စ်၊ သံဓါတ်၊ ဖော့စ်ဖောရပ်စ်၊ မဂ္ဂနစ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ ဆယ်လီနီယမ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓါတ်ပါဝင်မှုမြင့်မားလို့ သွေးဖိအားကို ထိန်းထားပေးနိုင်ပါတယ်။ ရေဓါတ် ၉၆% ပါဝင်တဲ့အသီးဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း ဗီတာမင် C ပါဝင်လို့ ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး အအေးမိဖျားနာခြင်းတွေ ဗိုင်းရပ်စ်ပိုး အလွယ်တကူကူးစက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ လေဖြတ်နိုင်ချေကို လျှော့ချပေးခြင်း ဗီတာမင် C ပမာဏများများစားသုံးတဲ့သူတွေဟာ လေဖြတ်နိုင်ချေကို ၄၂% ထိလျှော့ချပေးပါတယ်။ ကျောက်ဖရုံသီးမှာ ဗီတာမင် C ၁၉.၁၁% ပါဝင်ပြီး လေဖြတ်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း ဗီတာမင် B2 ပါဝင်လို့ ခေါင်းကိုက်ဝေဒနာကို […]
မျှစ်နဲ့ သူရဲ့ အကျိုး
မိုးရာသီမှာ ပေါလှတဲ့ အစားအစာတွေထဲ မျှစ်တစ်ခုလည်း အပါအဝင်ပါ။ လူတိုင်းနီးပါး ကြိုက်ကြပေမယ့် စားရမှာ ကြောက်တဲ့ အစားအစာ တစ်ခုပါ။ ဆိုးဆေးတွေကို ကြောက်တာ ဖြစ်သလို အကြောတက် သွေးတက်မှာကိုလည်း ကြောက်ကြပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေတတ်ကြတာပါ။ မျှစ်တွေကိုတော့ ဆေးမဆိုးတဲ့ မျှစ်တွေကိုတော့ ရွေးချယ်ဖို့ လိုပါတယ်။ မျှစ်ကို ကြော်ချက်စားကြသလို ဟင်းရည် လုပ်သောက်ကြပါတယ်။ ပြုတ်ပြီး တို့စရာ အဖြစ်လည်း စားသောက်ကြပါတယ်။ ချဉ်ပေါင်ရွက်နဲ့ ရောချက်ပြီး ချဉ်ရည်ချက် စားကြတာကလည်း ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက် ရစေပါတယ်။ Bamboo shoot1 မျှစ်မှာ အမျှင်ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ်၊ မက်ဂနိ၊ ကော့ပါး၊ ဇင့်၊ ဗီတာမင် B6,C,E တို့ […]
ဦးနှောက်ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာ (၇) မျိုး
ဦးနှောက်ဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှုပ်ထွေးဆုံးနဲ့ အရေးကြီးဆုံး အင်္ဂါတစ်ခုပါပဲ။ ဦးနှောက်နဲ့ အာရုံကြော ကျန်းမာရေးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် များစွာ လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ကျန်းမာရေးအတွက် ဘာတွေစားပေးသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်။ ၁။ ချောကလက်အမည်း ချော့ကလက်စားမယ်ဆိုရင် ကိုကိုး အနည်းဆုံး ၆၀% ပါတဲ့ ချောကလက်အမည်းရောင်ကိုစားပေးသင့်ပါတယ်။ ချောကလက်မှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ဗီတာမင် B ပါဝင်လို့လည်း ဟော်မုန်းနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ၂။ သဘာ၀ ဒိန်ချဉ် ဒိန်ချဉ်ဟာ ကျန်းမာတဲ့ ဘက်တီးရီးယားတွေကို ထုတ်ပေးလို့ သင့်ရဲ့ အူလမ်းကြောင်းကို ကျန်းမာစေသလို ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ ၃။ ကွေကာအုတ်။ ကွေကာအုတ်မှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။ […]
သင်ဘာကြောင့် ငါးစားသင့်တယ်ထင်လဲ။ ဖတ်ကြည့်လိုက်ပါ။
သင်ဘာကြောင့် ငါးစားသင့်တယ်ထင်လဲ။ ဖတ်ကြည့်လိုက်ပါ။ ======================= ======================= ငယ်ငယ်က ငါးစားရင် မိဘတွေက ဉာဏ်ကောင်းတယ်လို့ ပြောကြပါတယ်။ တကယ်တမ်း ငါးစားရင် ဉာဏ်ကောင်းတဲ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်းများစွာရှိပါတယ်။ ဉာဏ်ကောင်းခြင်း ငါးမှာပါဝင်တဲ့ Omega 3 ဓာတ်က လူတွေရဲ့ မှတ်ဉာဏ်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုပါ အားကောင်းစေပါတယ်။ ဒါ့ကြောင့် နို့တိုက်မိခင်တွေ၊ ကလေးတွေ စတင်စားတဲ့အကျင့် ကျင့်ပေးသင့်ပါတယ်။ အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို လျော့ချပေး အယ်ဇိုင်းမားရောဂါက လူသားတွေရဲ့ ဦးနှောက်ကျန်းမာရေးနဲ့ သက်ဆိုင်နေပါတယ်။ ငါးစားခြင်းက ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြော တွေရဲ့ုလုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးတာကြောင့် ဦးနှောက်မှတ်ဉာဏ်ကိုကောင်းစေပါတယ်။ ငါးစားရင် ပေါင်းတဲ့ငါးကို စားတာက အာဟာရတွေပို ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်း ငါးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက အချိန်မတိုင်ခင် စောပြီး မွေးဖွားတာမျိုးကို ကာကွယ်ပေးပါတယ်။ အထူးသဖြင့် […]
Milkshake တစ်ခွက်သောက်လျှင်ပင် နှလုံးကျန်းမာရေးထိခိုက်နိုင်
Milkshake တစ်ခွက်သောက်လျှင်ပင် နှလုံးကျန်းမာရေးထိခိုက်နိုင် ================== ================== Milkshake များသည် ကလေးများရော လူကြီးများပါ လူကြိုက်များသော ဖျော်ရည်ဖြစ်သည်။ သို့သော် အရသာရှိသော်လည်း ယင်း Milkshake များသည် နှလုံးကျန်းမာရေးအပေါ် အန္တရာယ်ရှိသော သက်ရောက်မှုရှိသည်ဟု သုတေသနအသစ်တစ်ရပ်က ဖော်ပြ သည်။ ဂျော်ဂျီယာဆေးတက္ကသိုလ်မှ သုတေသီများက ယင်း Milkshake ဖျော်ရည်များသည် ခန္ဓာကိုယ်ကို နှလုံးရောဂါလမ်းကြောင်း ပေါ်သို့ ရောက်စေနိုင်သည်ဟု Laboratory Investigation ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။ Milkshake များတွင် ပါဝင်သော အဆီများသည် ကျန်းမာရေး ကောင်းစေသော သွေးနီဥများ၊ သွေးကြောများကို အနှောင့်အယှက် ပေးသည့် သေးငယ်စူးရှသော ဆဲလ်များအဖြစ်သို့ ပြောင်းလဲစေသည်ဟု သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။ ကျန်းမာရေးကောင်းပြီး တက်ကြွဖျတ်လတ်သော ငယ်ရွယ်နု ပျိုသည့် အမျိုးသားလေးဦးသည် […]
အိပ်ရာမဝင်မီ ရှောင်ရမည့် အစားအစာကိုးမျိုး
အိပ်ရာမဝင်မီ ရှောင်ရမည့် အစားအစာကိုးမျိုး ================== ================== ဆီနှင့်ကြော်လှော်ထားသော အစားအစာများကို ညအိပ်ရာဝင်ခါနီးတွင် မစားသင့်ပေ။ ဆီနှင့်အဆီများသော အစားအစာများသည် ပရိုတိန်းနှင့် ကာဗိုဟိုက်ဒရိတ်များထက် အစာကျေရန် နှေးကွေး သည်။ ယင်းအတွက် အိပ်ပျော်ရန် ကြိုးစားနေစဉ် ခန္ဓာကိုယ်က ၎င်းတို့ကို ခြေဖျက်ရန် အလုပ်လုပ်နေရသည်။ ငရုတ်သီးပါသော အစားအစာများကိုလည်း ရှောင်ရှားသင့် သည်။ ၎င်းတို့သည် ဗိုက်နာခြင်းဖြစ်စေနိုင်သလို ရင်ပူရင်ဆာဖြစ်နိုင်ပြီး အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်သည်။ ကြက်ဆင်သားကဲ့သို့ ပရိုတိန်းဓာတ်အလွန်များသော အစား အစာများကြောင့်လည်း အိပ်မပျော်ဖြစ်နိုင်သည်။ ပရိုတိန်းကြောင့် dopamine ဓာတ်များ ထွက်လာသောကြောင့်ဖြစ်သည်။ အရက်သောက်ခြင်းကြောင့် အိပ်ချိန်တွင် အသည်းကို အလုပ် များစေပြီး နှလုံးခုန်မြန်စေသည်။ ယင်းအတွက် ခန္ဓာကိုယ်က နှစ်နှစ် ခြိုက်ခြိုက်အိပ်စက်မှု မရရှိပေ။ ကဖိန်းဓာတ်များပါဝင်သော ချောကလက်များသည် အိပ်ရာဝင်ခါနီး […]
ဆေးလိပ်တစ်လိပ် သောက်တိုင်း ခန္ဓာကိုယ်ထဲမှာ ဒါတွေဖြစ်မယ်
ဆေးလိပ်တစ်လိပ် သောက်တိုင်း ခန္ဓာကိုယ်ထဲမှာ ဒါတွေဖြစ်မယ် ================== ================== ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်ဘက်က ကြည့်ကြည့် မကောင်းလှတဲ့ အရာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆေးလိပ်သောက်တတ်တဲ့ အကျင့်ကို ဖြတ်ပစ်လိုက်ဖို့ ခဲယဉ်းလှတာလည်း အမှန်ပါပဲ။ ဆေးလိပ်တစ်လိပ် သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်အတွက် ချက်ခြင်းသက်ရောက်လာတဲ့ ထိခိုက်မှုတွေရှိပါတယ်။ ကင်ဆာနဲ့ နှလုံးရောဂါတို့လို ရောဂါမျိုးတွေက အချိန်ကြာမြင့်မှ ဖြစ်လာတာမျိုးပါ။ ဆေးလိပ်သောက်ဖို့ ကြိုးစားတိုင်း ဒီအချက်တွေကို သတိရမယ်ဆိုရင် သင့်ကို ဆေးလိပ်ဖြတ်ဖို့ ကူညီပေးပါလိမ့်မယ်။ ၁။ ၁၀ စက္ကန့်အတွင်း ဦးနှောက်ထဲကို နီကိုတင်းဓာတ်တွေ ရောက်သွားမယ်။ အဲဒီအခါ စိတ်ဆတ်လာတတ်ပါတယ်။ ၂။ လူသားတွေရဲ့ လည်ချောင်းဟာ သူ့အလိုလို ရှင်းလင်းတတ်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါပေမဲ့ ဆေးလိပ်သောက်တဲ့အခါ ဒီအစွမ်းသတ္တိ လျော့ကျသွားပါတော့တယ်။ ၃။ […]
ဆီးချိုပမာဏကို ထိန်းပေးတဲ့အပြင် မက်မန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ
ဆီးချိုပမာဏကို ထိန်းပေးတဲ့အပြင် မက်မန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ ======================= ======================= မက်မန်းသီးကို စူပါမားကတ်ကြီးတွေ စားသောက်ဆိုင်တွေမှာ ဝယ်ယူစားသုံးလို့ရပါတယ်။ အသီးက အရည်ရွှမ်းပေမဲ့ အသီးကို အခြောက်ခံပြီး ကြည်ရှည်ခံစားသုံးနိုင်တဲ့ ဓါတ်ဆာအဖြစ် စတိုးဆိုင်တွေမှာ ရောင်းချကြပါတယ်။ ကယ်လိုရီ ဒါ့အပြင် ဗီတာမင် B1, B2, B3, B6 နဲ့ ဗီတာမင် E စတဲ့ဓါတ်တွေပါဝင်ပါတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ ဇင့်ဂ် စတဲ့ဓါတ်တွေပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ကယ်လိုရီကိုကျစပြေီး အဆီချချင်သူတွေအတွက် အထူးသင့်တော်တဲ့အသီးပါ။ ဆီးချို လေ့လာတွေ့ရှိမှုအရ မက်မန်းသီးဟာ သွေးတွင်း ဂလူးဂိုစ်ပါဝင်မှုကို လျှော့နည်းစေပြီးဆီးချိုဖြစ်ပွားမှု အန္တာရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အင်ဆူလင်ရဲ့ လုပ်ဆောင်မှုကို အားပေးတာကြောင့် ဆီးချိုပမာဏကို ထိန်းထားနိုင်ပါတယ်။ […]