အစာအိမ်ထဲမှာ အစာမရှိချိန်မှာ မစားသုံးသင့်တဲ့အစားအစာများ ================== ================== လူတွေတော်တော်များများက ကော်ဖီတစ်ခွက်၊ ဒိန်ချဉ် နဲ့ လိမ္မော်သီး စားရုံနဲ့ အာဟာရပြည့်ဝပြီး ပြီးပြည့်စုံတဲ့ မနက်စာလို့ထင်နေကြတာများပါတယ်။ ဒါပေမယ့် တချို့အစားအစာတွေက ခန္ဓာကိုယ်အတွက် အကျိုးရှိပေမယ့် မနက်မိုးလင်း အစာအိမ်ထဲမှာ အစာမရှိခင် မစားသုံးသင့်ပါဘူး။ ဒိန်ချဉ် ဒိန်ချဉ်ကို မနက်မိုးလင်းမှာ အစာအိမ်ထဲမှာ ဘာမှမရှိခင်စားလိုက်ရင် အစာအိမ်ထဲမှာရှိနေတဲ့ Hydrochloric အက်ဆစ်တွေကို ဒိန်ချဉ်ထဲမှာပါတဲ့ ကျန်းမာရေးအတွက်ကောင်းတဲ့ lactic အက်ဆစ် ဘက်တီးရီးယားတွေကို သတ်လိုက်ပါတယ်။ ဒါကြောင့် မနက်စာမှာစားချင်ရင်တောင် သူ့အရှေ့မှာ တခြား အစားအစာတွေ စားသင့်ပါတယ်။ သစ်တော်သီး သစ်တော်သီးမှာရှိတဲ့ Curde အမျှင်တွေက အစာအိမ်ထဲမှာ ဘာမှမရှိဘူးဆိုရင် အစာအိမ်ရဲ့ Mucous Membranes ကို ထိခိုက်စေပါတယ်။ ခရမ်းချဉ်သီး အစာအိမ်ထဲမှာ […]
Month: May 2018
ကျောက်ကပ်၊ အသည်းနဲ့ သရက်ရွက်တို့ကို ပြန်လည်နုပျိုကျန်းမာစေမယ့် နည်းလမ်းများ
ကျောက်ကပ်၊ အသည်းနဲ့ သရက်ရွက်တို့ကို ပြန်လည်နုပျိုကျန်းမာစေမယ့် နည်းလမ်းများ ================== ================== ကျောက်ကပ်၊ အသည်းနဲ့ သရက်ရွက်တို့က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့က ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဟော်မှုန်းတွေထုတ်လုပ်ဖို့အတွက်လည်း အရေးကြီးပါတယ်။ အသီးအနှံတွေ စားပါ တစ်နေ့ကို အသီးအနှံ ဘယ်နှစ်ခုစားပါသလဲ။ လူတိုင်းက အသီးအနှံဖျော်ရည်တစ်ခုခု သောက်ရုံနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေရနေပြီလို့ ထင်ကြပါတယ်။ ဒါကမဟုတ်ပါဘူး။ အကယ်၍ အပြင်စားသောက်ဆိုင်တွေမှာ အသီးအနှံဖျော်ရည်တွေသောက်မယ်ဆိုရင် သကြားပါဝင်မှုများခြင်း တခါတလေ ကြာရှည်ခံတဲ့ ဓာတုပစ္စည်းတွေထည့်ထားတာကြောင့် ဒီပစ္စည်းတွေက အသည်းကို အလုပ်ပိုများစေပါတယ်။ တခါတလေ ပါဝင်တဲ့ အသီးအနှံတွေက နည်းပါးပြီး သကြားနဲ့ ချိုထားတဲ့ အသီးအနှံဖျော်ရည်တွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ […]
ညစဉ်ညတိုင်း လုပ်ဆောင်ရမယ့် သွားနဲ့ခံတွင်း သန့်ရှင်းရေး
** ညစဉ်ညတိုင်း လုပ်ဆောင်ရမယ့် သွားနဲ့ခံတွင်း သန့်ရှင်းရေး ** ================== ================== ညဘက်အိပ်ချိန်မှာ ပါးစပ်ထဲ ဘက်တီးရီးယားတွေ စုပုံလာပြီး သွားပိုးပေါက်တွေဖြစ်ကာ သွားကို ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ညစ်စရာကောင်းတဲ့ သွားပိုးပေါက်တွေ၊ သွားဖုံးရောင်ခြင်းတွေ၊ သွားမည်းမည်းကြီးတွေကို ကြောက်ရွံ့ထိတ်လန့်ပြီး အိပ်ရေးမဝတာမျိုး မဖြစ်ရလေအောင် မအိပ်ခင်မှာ လုပ်ဆောင်ရမယ့် အချက် (8) ချက်ကို ဖော်ပြလိုက်ပါတယ်။ 1. ညမအိပ်ခင် သွားတိုက်ပါ။ ညဘက် မအိပ်ခင်မှာ သွားတိုက်ခြင်းဖြင့် သွားချေး၊ သွားပိုးပေါက်၊ သွားဖုံးပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် သွားပိုးပေါက်တွေ၊ သွားဖုံးရောဂါတွေ ဖြစ်လေ့ရှိသူတွေမှာ ညစာစားပြီးချိန် တစ်ကြိမ်၊ ညမအိပ်ခင် တစ်ကြိမ် သွားတိုက်ရပါမယ်။ 2. သွားတိုက်ပုံ မှန်ပါစေ။ သွားတိုက်ရာမှာ အထက်အောက် ဖြည်းဖြည်းချင်း […]
ပြုတ်ကျသွားတဲ့ အစားအစာကို ကောက်စားသင့်သလား?
ပြုတ်ကျသွားတဲ့ အစားအစာကို ကောက်စားသင့်သလား? ================== ================== အစားအစာ တစ်ခုခုဖြစ်စေ၊ ဖရဲသီး တစ်စိတ်လောက်ဖြစ်စေ၊ ခရမ်းချဉ်သီး တစ်ဖတ်ဖြစ်စေ အောက်ကို ပြုတ်ကျသွားတဲ့အခါ ချက်ချင်း ပြန်ကောက်လိုက်နိုင်ရင် ဘာမှညစ်ပေမသွားဘဲ ယခင်အတိုင်း အဲဒါကို ပြန်ဆက်စားနိုင်တယ်လို့ ထင်သူတွေ ရှိပါတယ်။ ရှိချင်မှလည်း ရှိပါမယ်။ လူတစ်ကိုယ် အကျင့်တစ်မျိုးပေါ့နော်။ ချက်ချင်း ပြန်ကောက်လိုက်ရင် မညစ်ပေပါဘူးဆိုတဲ့ သူတွေအတွက် ဒီစာကို ရေးရပါတယ်။ သန့်ရှင်းနေတဲ့ကြမ်းပြင်၊ ပြောင်လက်အောင် သုတ်ထားတဲ့စားပွဲ၊ လှည်းကျင်းထားတဲ့ ကော်ဇော်တွေဟာ မမြင်နိုင်တဲ့ ရောဂါပိုးတွေ၊ မှိုဓာတ်တွေ ကပ်ငြိနေနိုင်ပါတယ်တဲ့။ သိပ္ပံပညာရှင်တွေဟာ အဲဒါကို တကယ်ပဲ စမ်းသပ်ခဲ့ကြပါတယ်။ ဘယ်လိုကောက်ကောက်၊ ဘယ်လောက်မြန်အောင် ကောက်ကောက်၊ ဘယ်တော့ကောက်ကောက် ဘယ်လိုမှ စိတ်မချရဘူးလို့ ဆိုပါတယ်။ ချက်ချင်း ပြန်ကောက်တာက ညီတို့၊ ညီမတို့ […]
အစာစားပြီးတိုင်း မလုပ်သင့်သောအရာများ
အစာစားပြီးတိုင်း မလုပ်သင့်သောအရာများ ထမင်းစားပြီးတဲ့အခါတိုင်း အမှုမဲ့ အမှတ်မဲ့ ပြုလုပ်တတ်ကြပါတယ်။ အန္တရာယ်ရှိလှတယ် မဟုတ်ပေမယ့်လည်း တစ်ခါတစ်လေ ကျန်းမာရေးကိုပါ ထိခိုက်စေတာမို့ ဆင်ခြင်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။အိပ်ခြင်း။ ထမင်းစားပြီးချက်ချင်းအိပ်မိရင်တော့ တစ်ညလုံး ရင်ပူစေပြီး တစ်ခါတစ်လေမှာ လေပွခြင်းမျိုးဖြစ်တတ်ပါတယ်။ မှတ်တမ်းတစ်လုအရ စားချိန်နဲ့ အိပ်ချိန် ကွာခြားချက်ရှိသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးတယ်လို့ သိရပါတယ်။ အကောင်းဆုံးကတော့ အစာစားပြီး ၃နာရီခြားပြီးမှ အိပ်ပါ။ ၂။ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်ခြင်းက ဘယ်တော့မှ ကောင်းကျိုးမပေးသလို ထမင်းစားပြီးတဲ့အခါသောက်မိရင် ပိုတောင်ဆိုးရွားစေပါတယ်။ ဆေးလိပ်ထဲပါဝင်တဲ့ နီကိုတင်းဟာ အစာခြေရာမှာ အရေးပါတဲ့ အောက်ဆီဂျင်နဲ့ ပေါင်းစပ်သွားတာကြောင့် ပုံမှန်ထက်ပိုလွန်တဲ့ ကာစီနိုဂျင်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူရပါတယ်။ လေ့လာတွေ့ရှိချက်အရ အစာစားပြီး ဆေးလိပ်သောက်ခြင်းက ဆေးလိပ် ၁၀လိပ်ကို တစ်ထိုင်တည်းသောက်တာနဲ့ ညီမျှတဲ့အပြင် အူမကြီးကင်ဆာနဲ့ အဆုပ်ကင်ဆာကိုဖြစ်စေပါတယ်။ ၃။ရေချိုးခြင်း။ […]
ရုံးပတီသီး၏ကျန်းမာရေးအကျိုးကျေးဇူးများ
ရုံးပတီသီး၏ကျန်းမာရေးအကျိုးကျေးဇူးများ ================== ================== ဗီတာမင်၊ သတ္တုဓာတ်နှင့်အခြားအာဟာရဓာတ်များ ကြွယ်၀ စွာပါဝင်သော ရုံးပတီသီးတွင် ဆီးချိုရောဂါကိုကုသနိုင်ခြင်းမှ ကျောက်ကပ်ရောဂါကာကွယ်ရေးအထိ ကျန်းမာရေးအကျိုးကျေးဇူး များစွာပါဝင်သည်။ ရုံးပတီသီးအစိမ်းဖန်ခွက်တစ်ခွက်စာတွင် ကယ်လိုရီ ၃၀ ကျော်၊ အစားအစာဆိုင်ရာအမျှင်ဓာတ် သုံးဂရမ်ခန့်၊ ပရိုတင်း နှစ် ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၇ ဒသမ ၆ ဂရမ်၊ အဆီ ၀ ဒသမ ၁ ဂရမ်၊ ဗီတာမင်စီ ၂၁ မီလီဂရမ်၊ ဖောလစ်အက်စစ် ၈၈ မိုက်ကရိုဂရမ်နှင့် မဂ္ဂနီစီယံ ၅၇ မီလီဂရမ်ပါဝင်သည်။ ရုံးပတီသီးကို ချက်ပြုတ်၊ ကြော် လှော်၊ မီးကင်စသည့်ပုံစံအမျိုးမျိုးဖြင့် စားသုံးပါကကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်သည်။ ရုံးပတီသီးကဲ့သို့ ဗီတာမင်စီကြွယ်ဝသောဟင်းသီးဟင်းရွက် များကို ပမာဏအနည်းငယ်စားလျှင်ပင် ပန်းနာရင်ကျပ်လက္ခဏာ သက်သာစေနိုင်သည်။ ရုံးပတီသီးစားခြင်းကြောင့် အစာချေဖျက်မှုဆိုင်ရာကျန်းမာရေး သာ […]
ကြောင်လျှာသီးကိုဘာတွေနဲ့တွဲချက်ရင်ဆေးဘက်ဝင်လဲ
ကြောင်လျှာသီးကိုဘာတွေနဲ့တွဲချက်ရင်ဆေးဘက်ဝင်လဲ ========================================% ၁ – ကြောင်လျှာသီးကို ကြက်သားနဲ့ချက်စားရင် ပန်းနာရောဂါပျောက်ပါတယ်။ ၂ – ငါးရံ့နဲ့ချက်စားရင် ဝမ်းပျက်တာ ပျောက်ပါတယ်။ ၃ – ပုဇွန်နဲ့ ချက်စားမယ်ဆိုရင် နှလုံးလေရိုက်တာ၊ နှလုံးတုန်တာ၊ ရင်တုန်တာ ပျောက်ပါတယ်။ ၄ – ငါးသလောက်နဲ့ ချက်စားရင် အဖောရောဂါပျောက်ပြီး လူကိုဝစေပါတယ်။ ၅ – ငါးမြွှေထိုးနဲ့ ချက်စားမယ်ဆိုရင်တော့ ဒူလာသွေးဝမ်း၊မီးယပ်သွေးဝမ်းနဲ့ မြင်းသရိုက်ရောဂါပျောက်ပါတယ်။ #Credit: duwun photo credit.. #အထွေထွေဗဟုသုတ
အကျိုးပြုစေတဲ့ အစားအစာ
အကျိုးပြုစေတဲ့ အစားအစာ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလိုလူသားတွေ ပုံမှန်နေ့စဉ်စားသုံးနေကြ အစားအစာတွေမှာ အကျိုးပြုစေတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။ (၁) မုန်လာဥ မုန်လာဥမှာ ဆိုရင် ဗီတာမင်အေ အများဆုံးပါဝင်ပါတယ်။ အရွယ်ရောက်ပြီးသား လူတွေအတွက် လိုအပ်တဲ့ ဗီတာမင်အေ ပမာဏကို ၂၁၀ ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ (၂) ပန်းသီး ပန်းသီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်တွေအပြင်၊ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေပါဝင်ပါတယ်။ ပန်းသီးပုံမှန်စား သုံးပေးမယ်ဆိုရင် မှတ်ဉာဏ်အားနည်းတာ ဆီးချိုသွေးချိုရောဂါတွေပါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ (၃) ငှက်ပျောသီး ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်ပြီး သွေးကင်ကာရောဂါနဲ့ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ (၄) ချောကလက် ချောကလက်မှာတော့ Antioxidants […]
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လေးညှင်း
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ လေးညှင်း ================== ================== ဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးများတဲ့ လေးညှင်းဟာ မွှေးပျံ့စေဖို့ ကူညီပေးပါတယ်။ တရုတ် ဟင်းလျာတွေမှာ အသုံးများပါတယ်။ သူရဲ့ အနံ့စူးစူးဟာ တော်ရုံ အညှီနံ့ကို ပျောက်သွြးစေပါတယ်။ ပုံသဏ္ဍာန်ခပ်သေးသေးနဲ့ လေးညှင်းမှာ ဆေးဖက်ဝင် အာနိသင်နဲ့ အာဟာရတန်ဖိုးကတော့ ခပ်များများပါပဲ။ သူ့မှာ ပရိုတင်းဓာတ်၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက်ဒိုကလိုရစ် အက်စစ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် အုပ်စုနဲ့ အမျှင်ဓာတ်လည်း ပါဝင်ပါသေးတယ်။ လေးညှင်းရဲ့ မူလဇာစ်မြစ်ကတော့ အင်ဒိုနီးရှားက Maluka ကျွန်းစုတွေပါပဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သိရိလင်္ကာ၊ ပါကစ္စတန် တို့မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိပါတယ်။ […]
ဆားအလွန်အကျွံစားခြင်းရဲ့ နောက်ဆက်တွဲ
ဆားအလွန်အကျွံစားခြင်းရဲ့ နောက်ဆက်တွဲ ================== ================== သင်ဟာ အငန် အလွန်အကျွံစားမိနေပြီလား? တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း အစားအစာတွေဟာ လိုတာထက်ပိုပြီး စားသုံးမိနေပြီဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါလိမ့်မယ်။ စားနေတုန်းမှာတော့ မသိသာပေမယ့် သူများဟင်းတွေ စားလို့ မရတော့ဘူး။ ဘာစားစား အငန်လေး ထပ်ထည့်လိုက်ရမှ အဆင်ပြေသလို ဖြစ်နေပြီ ဆိုရင်တော့ အငန်ကို အလွန်အကျွံ စားမိနေပါပြီ။ ဆားဟာ အစားအစာတွေကို အရသာရှိစေဖို့ ဖြစ်ပြီး အစာချေစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် အလွန်အကွံျ ဖြစ်လာပြီဆိုရင်တော့ တားဆီးရပါတော့မယ်။ နေ့စဉ် လူတစ်ယောက်ဟာ လိုအပ်တဲ့ ဆိုဒီယမ် ပမာဏ ရှိပါတယ်။ 3kg လောက် စားပေးရင် လုံလောက်ပါပြီ။ ဒါထက်ပိုပြီး ဆိုဒီယမ်တွေ ရနေရင်တော့ ဆိုးကျိုးတွေ ရှိလာပါပြီ။ […]