ကလေးငယ်လေးတွေကို မွေးထားရတဲ့ နို့တိုက်မိခင်တွေအတွက် အရေးကြီးဆုံးကတော့ ကလေးငယ်ကိုအာဟာရဓာတ်ဖို့အတွက် နို့များများထွက်ဖို့ကအရေးကြီးပါတယ်။ မိခင်နို့တစ်မျိုးထဲကိုပဲ သောက်သုံးပေးသင့်တဲ့ ရင်သွေးလေးကို နို့လုံလောက်စွာပေးနိုင်ဖို့ဆိုရင် မိခင်ကလည်း အစားအသောက်ကိုမ ျှတအောင်စားပေးဖို့ အရေးကြီးပါတယ်။ အစားအသောက်ကို မ ျှတအောင်စားပေးပြီး ဒီအစားစာတွေကို များများစားသုံးပေးမယ်ဆိုရင်တော့ ကလေးငယ်အတွက်စိတ်ပူနေစရာမလိုတော့ဘူးပေါ့။ လိမ္မော်သီး လိမ္မော်သီးမှာ ဗီတာမင်စီဓာတ်တွေ များပြားစွာပါဝင်နေတာကြောင့် နို့တိုက်မိခင်တွေအတွက် နို့များများထွက်စေဖို့ ကူညီပေးနိုင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်ဓာတ်တွေများစွာပါဝင်နေတဲ့အပြင် ကယ်ဆီယမ်နဲ့ တစ်ခြားအာဟာရဓာတ်တွေ များစွာပါဝင်နေတာကြောင့် စားသုံးပေးမယ်ဆိုရင်တော့ ကလေးငယ်အတွက်လည်း အထောက်အကူဖြစ်စေမှာပါ။ နို့ထွက်များတယ်ဆိုပြီးတော့ တစ်နေ့ထဲနဲ့အများကြီးစားပေးလို့တော့ မရဘူးပေါ့။ အများကြီးစားပြီး နို့တိုက်တဲ့အခါ ကလေးငယ်မှာလေတက်တာမျိုးတွေထိ ဖြစ်လာစေနိုင်ပါတယ်။ ကြက်ဥ ကြက်ဥမှာ ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်နေပြီး အာဟာရအတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေများစွာပါဝင်တာကြောင့် နို့တိုက်မိခင်တွေအတွက် စားပေးသင့်တဲ့အစားစာထဲမှာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာလည်း စားပေးမယ်ဆိုရင် ကလေးငယ်ကိုဉာဏ်ရည်ဖွံဖြိုးစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်နော်။ စားတဲ့အခါမှာလည်း […]
Month: June 2018
ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်မယ့် လက္ခဏာ (၇) ရပ်
ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်မယ့် လက္ခဏာ (၇) ရပ် အဖြစ်များတဲ့ ရောဂါတွေထဲမှာ ပါဝင်တဲ့ ကျောက်ကပ်မှာကျောက်တည်ခြင်းဟာ မျိုးရိုးနဲ့ဆိုင်သလို စားသောက် နေထိုင်မှု ပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျောက်ကပ်မှာ ကျောက်တည်လာရင် သိနိုင်မယ့် ရှေ့ပြေး လက္ခဏာတွေကို စာဖတ်ပရိသတ်တွေအတွက် ဗဟုသတ အနေနဲ့ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ (၁) ဆီးသွားနည်းတာနဲ့ ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် နာကျင်တာဟာ ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်တဲ့ လက္ခဏာတရပ်ပဲဖြစ်ပါတယ်။ ဆီးလမ်းကြောင်းထဲကို ပိုးဝင်တဲ့အခါမှာလည်း ဖော်ပြထားတဲ့ လက္ခဏာမျိုးကို ခံစားရနိုင်ပါတယ်။ (၂) ခါးနာခြင်းဟာ ရိုးရိုးသာမန် ကျန်းမာရေးပြဿနာတခုလို့ ပြောလို့ရပေမယ့် မကြာခဏ ဆိုသလို ခါးနာကျင်မှု ဖြစ်နေပြီ ဆိုရင်တော့ ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ (၃) […]
ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။
ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ဘာတွေလုပ်ကြမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။ ခရီးတော့သွားချင်ပါရဲ့။ ကားမူးလွန်းလို့ ခရီးသွားဖို့ကြောက်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင်အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ။ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ဒီဆောင်းပါးက တဆင့် အကူအညီပေးပါရစေ။ ကားမူးရင် ဘယ်လိုခံစားရလဲ ကားမူးတယ်ဆိုတာက ကားစီးမှ မူးတာမဟုတ်ပါဘူး။ လေယာဉ်စီးရင် ဖြစ်ဖြစ်၊ ရထားစီးရင်း ဖြစ်ဖြစ် သင်္ဘောစီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလိုဖြစ်လာတဲ့ အခြေအနေကို ခေါ်တာပါ။ အတိအကျပြောရရင်တော့ ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့။ ဒီဝေဒနာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ။ မအီမလည်ကြီးဖြစ်လာမယ်၊ ငြီးစီစီဖြစ်လာမယ်၊အော့အန်မယ်၊ အသက်ရှုမြန်လာမယ်၊ ချွေးတွေပြန်လာမယ်၊ ဖြူဖပ်ဖြူရော် ဖြစ်လာမယ်၊ ခေါင်းကိုက်မယ်၊ ခန္ဓာကိုယ်ထဲမှာ […]
နံ နက် ခင်း မှာ ရေ ချိုး ခြင်း ၏ ကောင်း ကျိုး ၆ ချက်
နံ နက် ခင်း မှာ ရေ ချိုး ခြင်း ၏ ကောင်း ကျိုး ၆ ချက် မနက်စောစောတွင် ရေချိုးခြင်းသည် လူကိုလန်းဆန်းစေသည်သာမက ကျန်းမာရေးအတွက်လည်း အထောင့်တစ်နေမှ အထောက်အကူပြုစေနိုင်တဲ့ အချက်များလည်းရှိပါသည်။ ၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ် နံနက်ခင်းမှာ ရေအေးနဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည် ပတ်မူကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာ စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။ ၂။ ပေါ့ပါး လွတ်လပ်စေတယ် အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ် […]
တွဲဖက်မစားသင့်တဲ့ ဆေးဝါး နှင့် အစားအစာ (၅) မျိုး
၁။ သွေးမခဲဆေး (Anticoagulant) နှင့် ချယ်ရီသီး ဖျော်ရည် Anticoagulant ဆိုတာ သွေးခဲတာကို တားဆီးပေးတဲ့ ဆေးပါ။ ချယ်ရီသီး ဖျော်ရည်ကလည်း သွေးကို သိသိသာသာ ကျဲစေပါတယ်။ ဒါ့ကြောင့် အဲဒီဆေးဝါးတွေကို အထောက်အပံ့ဖြစ်စေတယ်လို့ ယုံကြည်ချင်စရာပါ။ ဒါပေမဲ့ အဲဒီ အရာနှစ်ခုကို တွဲဖက်စားသုံးတာဟာ ရှုပ်ထွေးလှတဲ့ ရောဂါပြဿနာတွေကို ဖြစ်ပွားနိုင်ပါတယ်။ ၂။ ကိုလက်စထရောဆေးများနှင့် ဂရိတ်ဖရု ကိုလက်စထရောဆေးတွေကို မှီဝဲနေရသူတွေအားလုံး ကျွဲကောသီးကို ရှောင်းရှားသင့်ပါတယ်။ ကျွဲကောသီးဟာ သွေးထဲမှာ အဲဒီဆေးတွေရဲ့ ပါဝင်မှုကို ပိုမိုတိုးပွားအောင်ပြုလုပ်ပေးတာကြောင့် သင့်အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေပါတယ်။ အထူးသဖြင်တော့ ခြေထောက်တွေ နာကျင် ကိုက်ခဲလာမှာဖြစ်ပါတယ်။ ၃။ ပိုးများစွာကို နိုင်သည့် Tetracycline ပဋိဇီဝဆေး နှင့် နို့ထွက်ကုန်များ တက်ထွာဆိုက်ကလင်း (Tetracycline) ပဋိဇီဝဆေးတွေကို ဝက်ခြံ […]
လူတွေအတွက် လိုအပ်သော အဆီ ၅မျိုး
အဆီလို့ ပြောလိုက်တာနဲ့ ရှောင်ကြဖို့ အရင် ပြင်ပါလိမ့်မယ်။ ဟုတ်ပါတယ် အဆီဆိုတာ လျှော့စားရမယ့် အရာတစ်ခုပါ။ ဒါပေမယ့် လူတွေအတွက် အသုံးဝင်တဲ့ အဆီတွေလည်း ရှိပါတယ်။ ကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ ဓာတ်တွေပေးနိုင်တဲ့ အဆီတွေကိုတော့ စားပေးသင့်ပါတယ်။ အဆီတွေထဲမှာ လူနဲ့ အနီးစပ်ဆုံးနဲ့ အာဟာရအဖြစ်ဆုံး ၅မျိုးကို မျှဝေချင်ပါတယ်။ ၁။ ဟင်းသီးဟင်းရွက်အဆီ အစိမ်းရင့်ရောင် အရွက်တွေကနေ ရရှိမယ့် အဆီဖြစ်ပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်တို့ ကိုက်လန်တို့ကနေ ရရှိတဲ့အဆီတွေဟာ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို ပေးပါတယ်။ ဒါကြောင့် အစိမ်းရင့်ရောင် အသီးအရွက်တွေကို များများစားပြီး လိုအပ်တဲ့ အဆီဓာတ်ကို ရယူနိုင်ပါတယ်။ ၂။ ငါး ပင်လယ်ငါးတွေကနေ အဓိက ရရှိတဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ လူတွေရဲ့ […]
လူကြီးများ အတွက် ကျန်းမာရေးက အရေးအကြီးဆုံး ဖြစ်သည်။ လူကြီးသူမ များ အခါးစားပါ။
လူကြီးများ အတွက် ကျန်းမာရေးက အရေးအကြီးဆုံး ဖြစ်သည်။ လူကြီးသူမ များ အခါးစားပါ။ ======================= ======================= လူတို့တွင် အားနှစ်မျိုး လိုအပ်သည်။ အသက်ရှည်ရန် အတွက် အားရှိဖို့ လိုသည်။ ထိုအား နှစ်မျိုးမှာ ”သွေးအား” နှင့် ”လေအား” တို့ ဖြစ်သည်။ ဓာတ်သဘော အားဖြင့်ဆိုလျှင် သွေးသည် အာပေါဓာတ် ဖြစ်ပြီး လေသည် ဝါယောဓာတ် ဖြစ်သည်။ ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုး ဖြစ်သည်။ သို့သော် ထို ဆန့်ကျင်ဘက် နှစ်မျိုး ပေါင်းစပ်ကာ သွေးဟူသော အာပေါဓာတ်ကို ခန္ဓာကိုယ် အနှံ့သို့ ရောက်အောင် ဝါယောဓာတ်က တွန်းပို့လျက် ရှိပေသည်။ ဆန့်ကျင်ဘက် နှစ်ခု ပေါင်းလျှင် အကျိုးရှိသည်ကို ခန္ဓာကိုယ် တွင်းက သက်သေပြလျက် […]
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ Longan (လုံငန်းသီး (သို့) တောကြက်မောက်သီး (သို့) တရုတ်လိုင်ချီးသီး)
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ Longan (လုံငန်းသီး (သို့) တောကြက်မောက်သီး (သို့) တရုတ်လိုင်ချီးသီး) ======================= ======================= Longan ကို မြန်မာလိုဘယ်လိုခေါ်မှန်းမသိလို့ လိုက်ရှာကြည့်တော့ လုံငန်းသီးလို့ တချို့ကဖော်ပြကြသလို တောကြက်မောက်သီးလို့လည်းဖော်ပြကြတယ် ဒါတင်မကသေးဘူးရှင့် တရုတ်လိုင်ချီးသီးလို့လည်း ဖတ်လိုက်ရပါတယ်။ စာရေးသူတို့ဒေသမှာတော့ ကြောင်မျက်လုံးသီး၊ နဂါးမျက်စေ့သီးလို့ခေါ်ကြပါတယ်။ စာဖတ်သူတို့ဘယ်လိုခေါ်ကြလည်းဆိုတာလည်း Comment လေးတွေမှာရေးခဲ့ဦးနော်။ ထားပါ အပြင်ကပျော့ဖတ်က အဖြူရာင်ဖြစ်ပြီး အထဲကအစေ့ကအမည်းရောင်ဖြစ်ပါတယ်။ အရည်ခွံကတော့ ညိုဝါရောင်လေးပါ။ အရသာကတော့ တချို့ကလည်း အနံ့ကြောင့်မကြိုက်တဲ့သူရှိပေမယ့် တချို့ကလည်း စွဲစွဲမြဲမြဲကြိုက်ကြပါတယ်။ စာရေးသူတို့မြို့လေးက တရုတ်နယ်စပ်နဲ့နီးတော့ ဒီအသီးလေးတွေလည်း ငယ်ငယ်က မကြာခဏစားဖူးပါတယ်။ ရှမ်းအရှေ့ကို ပြန်ရောက်ရင်လည်း ဝယ်စားဖြစ်တဲ့အသီးလေးပါ။ ဒီအသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖတ်မိတော့ စာဖတ်သူတို့ကို မျှဝေလိုက်ပါတယ်။ နှလုံးကိုကျန်းမာစေတယ် တရုတ်ရှေးဆေးပညာသီအိုရအရ Longan သီးဟာ နှလုံးကို […]
ပြောင်းဖူးအကျိုးအာနိသင်
ပြောင်းဖူးဟာ လူတိုင်းနီးပါး စားသုံးတဲ့ အစားအစာ ဖြစ်ပြီး တစ်ကမ္ဘာလုံး စားသုံးကြပါတယ်။ ဆန်၊ ဂံျု ၊ မုယောတို့ ပြီးရင် ပြောင်းဟာ ကမ္ဘာတဝန်းလုံးက သိကြတဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။ ပြောင်းဖူးကို မက္ကဆီကိုမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းလောက်ကတည်းက စိုက်ပျိုးခဲ့ကြပါတယ်။ ပြောင်းဖူးမှာ အမျိုးအစား ၆မျိုး ရှိပါတယ်။ အပင်ပုံစံကတော့ ကြံပင် အမျိုးအစားနဲ့ တူပြီး အသီးမှာ ပါတဲ့ အစေ့ကို စားရတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အပင်က ၁၀ပေထိ မြင့်ပါတယ်။ အရွက်ပုံစံကတော့ ရှည်လျားပြီး ခပ်ရှရှ ပုံသဏ္ဍန်ရှိပါတယ်။ ပြောင်းဖူးကို သရေစာ အဖြစ်ရော ဟင်းအဖြစ်ပါ ချက်စားကြသလို တစ်ခြား ထုတ်ကုန်တွေကိုလည်း ထုတ်လုပ်ပါသေးတယ်။ ကမ္ဘာမှာ ပြောင်းဖူးကနေ ထုတ်လုပ်မှု […]
ကလေးကို ကော်ဖီတိုက်လို့ရသလား
ကလေးကို ကော်ဖီတိုက်လို့ရသလား ================== ================== ကော်ဖီ၊လက်ဖက်ရည်ဆိုတာ တော်တော်များများမကင်းနိုင်တဲ့ သောက်စရာဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကဖင်းဓာတ်က လန်းဆန်းစေတဲ့အတွက် နှစ်သက်ကြပါတယ်။ မိုးအေးတဲ့အချိန်ဆို ကော်ဖီပူပူလေးနဲ့မှ၊ အိမ်မှာအနားယူနေလည်း ကော်ဖီလေးနဲ့၊ မိသားစု မုန့်စားကြလည်း ကော်ဖီလေးနဲ့။ နေ့စဉ်စားသောက်နေတဲ့အထဲမှာ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါတဲ့တခြားအစားအသောက်တွေကလည်း ပါနေတာပါပဲ။ ပုံမှန်တော့ သတိမထားမိကြပေမယ့် ကလေးလေးတွေရှိတဲ့မိသားစုမှာတော့ ဒါကိုထည့်တွေးသင့်ပါတယ်။ လူကြီးတွေ စားသမျှကို စားချင်နေတဲ့ ကလေးတွေကိုရော ကိုယ်သောက်နေတဲ့ ကော်ဖီ သို့မဟုတ် ကဖင်းပါတဲ့သောက်စရာတွေ နည်းနည်းမျှတိုက်လိုက်တာပဲလား။ ကိုယ်ခန္ဓာရဲ့ဖွံ့ဖြိုးကြီးထွားမှု မပြည့်စုံသေးတဲ့အသက်အရွယ်မှာ ကဖင်းဓာတ်ကြောင့် ဘယ်လိုသက်ရောက်မှုရှိစေနိုင်မလဲ တွေးမိပါရဲ့လား။ တကယ်လို့ ကလေးက ကဖင်းကိုစွဲလမ်းသွားရင် ကျောင်းတက်လည်း ကော်ဖီဘူး၊ အားဖြည့်အချိုရည်ဘူးတွေ မကြာခဏသောက်တော့မှာပါ။ ကဖင်းဓာတ်က ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်နှိုးဆွပေးနိုင်လို့ အာရုံလန်းဆန်းစေတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးရော […]