ရေနွေးဖြူမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ
ရေနွေးဖြူ သို့မဟုတ် ရေကျက်အေးက လူသားတို့ ဘက်စုံကျန်းမာရေးအပြင် အသားအရေနှင့် ဆံပင်တို့အတွက် ဘက်စုံကောင်း ကျိုးပြုပုံကို ကျန်းမာရေးသုတေသီများက အောက်ပါအတိုင်း အကြံပေးထားကြပါတယ်။ ရေနွေးဖြူနှင့် ဘက်စုံကျန်းမာရေး (အဆိပ်အတောက်ပြေစေပါတယ်) ရေနွေးသောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်ဟာ မြင့်တက်လာပြီး ကိုယ်တွင်းမှ အဆိပ်အတောက် တွေက ချွေးစေးအဖြစ် ထွက်ရှိလာပါတယ်။ ဒါကြောင့် နံနက်စော စော တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ်၊ ရေနွေးဖြူသောက်ခြင်းဖြင့် တစ်နေ့နှစ်ကြိမ် အဆိပ်အတောက်တွေ ထုတ်ပေးသင့်ပါတယ်။ အရေပြားလုပ်ငန်း၊ ကျောက်ကပ် လုပ်ငန်း၊ လင့်ကြောလုပ်ငန်းများ ကောင်းမွန်စေပြီး အဆိပ်အတောက် ဖယ်ရှားခြင်းကို အကျိုးသက်ရောက်စေပါတယ်။ ရေနွေးဆူဆူထဲကို သံပရာရည်ညှစ်၍ ပျားရည်အနည်းငယ် ထည့်သောက်ပေးခြင်းက ပိုမိုထိရောက်မှု ဖြစ်စေပါတယ်။ အူများကို ကောင်းစွာ အလုပ်လုပ်စေပါတယ် ဝမ်းချုပ်သူများအတွက် သတင်းကောင်းလေးပါ။ မကြာခဏဝမ်းချုပ်တတ်သူများအဖို့ အစာမစားခင် ရေနွေး ပူပူတစ်ခွက်သောက်ပေးခြင်းဖြင့် အစာအိမ်နှင့်အူသိမ်၊ အူမများကို ထိုရေနွေးပူက လှုံ့ဆော်ပေးလိုက်တာ ကြောင့် အူလမ်းကြောင်းပိတ်ဆို့မှု မရှိစေတော့ဘဲ သက်သက်သာသာဖြင့် ဝမ်းသွားစေနိုင်ပါတယ်။ သံပရိုသီးရေနွေးကို နံနက်ပိုင်းသောက်ပေးခြင်းကလည်း အူလှုပ်ရှားမှု ကောင်းစေပါတယ်။ အစာကြေညက် လွယ်ပါတယ် ထမင်းစားနေစဉ်နှင့်စားပြီးနောက်မှာ သောက်ရေအေးသောက်ခြင်းက အဆာမကြေနိုင်ပါဘူး။ ဒါ့ပြင် ထိုထမင်းထဲရှိ ကဆီဓာတ်နှင့် ဟင်းလျာများမှပါလာတဲ့ ဟင်းအဆီအနှစ်များဟာ သောက်ရေအေးဖြင့် ဓာတ်ပြုကာ အူ၏အတွင်းနံရံတွေပေါ်မှာ အဆီအနှစ် တင်ကျန်ရစ်ပြီး အချိန်ကြာလာတာနဲ့အမျှ အူကင်ဆာဖြစ်လာနိုင်ပါ တယ်။ သို့သော် ရေနွေးပူပူကို အစားထိုးသောက်ပေးခြင်းက အစာကြေညက်လွယ်တဲ့အပြင် အူကင်ဆာ ဖြစ်လာမှာလည်း မစိုးရိမ်ရတော့ပါဘူး။ ဒါ့ပြင်အင်ဇိုင်းထုတ်လုပ်မှုကောင်းစေပြီး အစာချက်ခြင်း ပိုကောင်း လာစေပါတယ်။ အစာများ အလွယ်တကူ ပြိုကွဲစေပါတယ်။ ကိုယ်အလေးချိန် ကျစေပါတယ် ရေနွေးသောက်ခြင်းက ကိုယ်အလေးချိန်ကျခြင်းနှင့် ဆက်စပ်မှု ရှိတယ်ဆိုရင် သင်အံ့သြသွားလေမလား။ ရေနွေးပူပူသောက်ပြီးနောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလည်ပတ်မှုဖြစ် စဉ် တိုးတက်လာပြီး အရေပြားအောက်မှာ ရှိတဲ့ အဆီပိချာင်းယား၊ လည်ချောင်းနာခြင်းများအတွက် ရေနွေးပူပူက အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။ သွေးကောင်းစွာ လည်ပတ်စီးဆင်းကာ အာရုံခံအင်္ဂါများ ပွင့်သွားစေပါတယ် ရေနွေးပူပူက ခန္ဓာကိုယ်ကို ဘေးဥပဒ်ဖြစ်စေတဲ့ သွေးကြောထဲရှိ ကိုလက်စထရောများကိုပါ ချပေးနိုင်တာကြောင့် သွေးကြောများပွင့်ကာ အာရုံကြောစနစ်များလည်း တိုး တက်ကောင်းမွန်လာပါတယ်။ ခြေထောက် သွေးကျ၍ နာကျင်ကိုက်ခဲပါက ရေနွေးစိမ်ပေးနိုင်သလို အမျိုးသမီးများဓမ္မတာ လာစဉ်ဗိုက်အောင့်ခြင်း အတွက် ရေနွေးပူသောက် ၍ သော်လည်းကောင်း၊ ရေနွေးအိတ် သို့မဟုတ် ရေနွေးပုလင်းဖြင့် ဗိုက်ကိုကပ် ပေး၍သော်လည်းကောင်း သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အထွေထွေ အကျိုးကျေးဇူးများ ရေဓာတ်ဖြည့်ဆည်းမှု တိုးစေပါတယ် သကြားအချိုတပ်မက်ခြင်းကို လျော့စေပါတယ်။ နှာပိတ်ရောဂါ သက်သာစေပါတယ်။ ဦးနှောက်အာရုံကြော လုပ်ငန်းများ တည်ငြိမ်စေပါ တယ်။ ဖိစီးမှုများလျော့စေပါတယ်။ အစာရေမျိုအတွင်း အစာဖြတ်သန်းခြင်း ကောင်းစေ၍ အစာနင်ခြင်း ကာကွယ်ပေးပါတယ်။ ရေနွေးဖြူနှင့် အသားအရေ ကျန်းမာရေး (လှချင်ရင် ရေနွေးဖြူတစ်ခွက် နေ့စဉ် သောက်ပါ) အထက်မှာ ဖော်ပြသွားခဲ့တဲ့အတိုင်း ရေနွေးပူပူသောက်လိုက်တဲ့အခါ ချွေးစေးနှင့်အတူ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များ ပါသွားတာကြောင့် အသားအရေကို ကြည် လင်စေပါတယ်။ အသားအရေအတွက် ရေနွေးစိမ်ချိုးပါ မိမိခံသာရုံ ရေနွေးဖြင့်စိမ်၍ ရေချိုးပေးခြင်းက သွေးလည်ပတ်မှု အားကောင်းစေကာ ချွေး ပေါက်များပွင့်လာပြီး အသားအရေစင်ကြယ်စေပါတယ်။ အသားအရေ မှိုစွဲသူများအတွက်လည်း ရေနွေးချိုး ပေးခြင်းဖြင့် ချမ်းသာမှုရစေနိုင်ပါလိမ့်မယ်။ မျက်နှာပေါ်မှာ မကြာခဏ ဝက်ခြံထွက် သူများအဖို့ မိမိခံသာရုံ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ သို့မဟုတ် မိမိခံသာရုံလောက် ရေနွေးငွေ့ဖြင့် မျက်နှာပေါင်းတင်ပါ။ ရေနွေးဖြူနှင့် ဆံပင်ကျန်းမာရေး (ဆံသားကို အားဖြည့်ပေးနိုင်ပါတယ်) ရေနွေးပူပူသောက်လိုက်တဲ့အခါ ခေါင်းချွေးထွက်သွားကာ သွေးလည်ပတ်မှု အားကောင်းလာပါတယ်။ ထို ဖြစ်စဉ်က ဦးရေပြားအပေါက်လေးတွေ ပွင့်သွားပြီး အောက်ဆီဂျင်ကို ပိုမိုစုပ်ယူနိုင်တာကြောင့် ဆံပင်အမြစ်ကို ခိုင်မာလာစေပါတယ်။
Credit – ပေါက်ပေါက်