ခါးနာခြင်းအတွက်သဘာဝဆေးနည်း…
=======================
=======================
ခါးနာပျောက်သည့် ဆေးနည်းများကို မကြာခဏ တင်ပေးဖူးပါပြီ။ အခုတစ်ခါ ထပ်မံတင်ပေးမယ့် ဆေးနည်းကတော့ အလွန်ရိုးရှင်းလွယ်ကူလှတဲ့ အားလူးခါးကပ်နည်းပဲ ဖြစ်ပါတယ်။
အားကစားလုပ်၍ဖြစ်စေ၊ အလေးအပင်မ၍ဖြစ်စေ၊ အထိုင်များ၍ဖြစ်စေ ခါးနာနေလျှင် အောက်ပါသဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။
(၁) အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးထားပါ။
(၂) ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။
(အဲဒီ ခါးပတ်မရှိသော်လည်း အဝတ်သန့်သန့်ဖြင့် အာလူးများ ခွါကျမသွားအောင် စည်းပေးထားပါ)။
မနက်အိပ်ယာထတဲ့အချိန် ၎င်းအာလူးများကို ခါွလိုက်လိုက်ပါ။ ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာသိသာစွာ သက်သာလာမည်။ ၅ ရက်နဲ့ တစ်ပတ်ခန့် ဆက်လုပ်ပေးပါက ခါးနာဝေဒနာ ပျောက်ကင်းသွားပါလိမ့်မည်။
လက်တွေ့ပျောက်ကင်းသွားသော မိတ်ဆွေများ အမြာက်အများရှိပြီမို့ ယုံကြည်စွာ သုံးကြည့်နိုင်ပါတယ်။
ခါးနာဝေဒနာရှင်များ အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား – နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
Credit _Healthy life
==============