ကျန်းမာရေးဗဟုသုတ

သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို သန့်စင်ပေးမယ့် အစားအစာ (၆) မျိုး

အာဟာရဓာတ်တွေဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားအတိုင်းကျွန်မတို့ စားသုံးလိုက်တဲ့အစားအစာတွေဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် များစွာသက်ရောက်မှုရှိပါတယ်။ သွေးကြောလေးတွေ ပိတ်ဆို့တဲ့အခါ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နှလုံးဆိုင်ရာ ရောဂါဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို သန့်စင်ပေးနိုင်မယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ ကြက်သွန်ဖြူ

အားလုံးသိကြတဲ့အတိုင်း ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်ဖြူမှာ Antioxidantတွေပါဝင်ပြီး Free Radicals တွေကို တိုက်ထုတ်ပေးတာကြောင့် သွေးလွှတ်ကြောကို သန့်စင်ပေးနိုင်ပါတယ်။သွေးလွှတ်ကြောတွေကို သန့်စင်ပေးတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို သွေးဖိအားကိုလည်း ကျစေပါတယ်။

၂။ ပန်းသီး

 

ပန်းသီးဟာလည်း အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး သွေးကြောလေးတွေ့ို သန့်စင်ပေးနိုင်ပါတယ်။ Flavonoid ဓာတ်ပါဝင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။

၃။ငါး

 

ငါးမှာ မပြည့်ဝဆီဖြစ်တဲ့ Omega 3 Fatty Acids ပါဝင်ပြီး သွေးကြောလေးတွေကို သန့်စင်ပေးပါတယ်။ အကောင်းဆုံးငါတွေကတော့ ဆဲလ်မွန်ငါး ၊တူနာငါး တို့လို ငါးတွေပဲဖြစ်ပါတယ်။

၄။ နနွင်း

 

နနွင်းဟာလည်း သွေးကြောလေးတွေကို သန့်စင်ပေးနိုင်တဲ့အစားအစာဖြစ်ပါတယ်။

၅။ သံလွင်ဆီ

သံလွင်ဆီဟာ သင့်ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပြီး သွေးကြောလေးတွေကို သန့်စင်ပေးနိုင်ပါတယ်။

၆။ ခရမ်းချဉ်သီး

 

ခရမ်းချဉ်သီးမှာ Lycopene ဆိုတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး မကောင်းတဲ့ကိုလက်စရောတွေကို ကာကွယ်ပေးပါတယ်။ သင့်သွေးကြေားလေးတွေကို သန့်စင်ပေးနိုင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *