ကလေးငယ်လေးတွေကို မွေးထားရတဲ့ နို့တိုက်မိခင်တွေအတွက် အရေးကြီးဆုံးကတော့ ကလေးငယ်ကိုအာဟာရဓာတ်ဖို့အတွက် နို့များများထွက်ဖို့ကအရေးကြီးပါတယ်။ မိခင်နို့တစ်မျိုးထဲကိုပဲ သောက်သုံးပေးသင့်တဲ့ ရင်သွေးလေးကို နို့လုံလောက်စွာပေးနိုင်ဖို့ဆိုရင် မိခင်ကလည်း အစားအသောက်ကိုမ ျှတအောင်စားပေးဖို့ အရေးကြီးပါတယ်။
အစားအသောက်ကို မ ျှတအောင်စားပေးပြီး ဒီအစားစာတွေကို များများစားသုံးပေးမယ်ဆိုရင်တော့ ကလေးငယ်အတွက်စိတ်ပူနေစရာမလိုတော့ဘူးပေါ့။
လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင်စီဓာတ်တွေ များပြားစွာပါဝင်နေတာကြောင့် နို့တိုက်မိခင်တွေအတွက် နို့များများထွက်စေဖို့ ကူညီပေးနိုင်ပါတယ်။ လိမ္မော်သီးမှာ ဗီတာမင်ဓာတ်တွေများစွာပါဝင်နေတဲ့အပြင် ကယ်ဆီယမ်နဲ့ တစ်ခြားအာဟာရဓာတ်တွေ များစွာပါဝင်နေတာကြောင့် စားသုံးပေးမယ်ဆိုရင်တော့ ကလေးငယ်အတွက်လည်း အထောက်အကူဖြစ်စေမှာပါ။
နို့ထွက်များတယ်ဆိုပြီးတော့ တစ်နေ့ထဲနဲ့အများကြီးစားပေးလို့တော့ မရဘူးပေါ့။ အများကြီးစားပြီး နို့တိုက်တဲ့အခါ ကလေးငယ်မှာလေတက်တာမျိုးတွေထိ ဖြစ်လာစေနိုင်ပါတယ်။
ကြက်ဥ
ကြက်ဥမှာ ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်နေပြီး အာဟာရအတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေများစွာပါဝင်တာကြောင့် နို့တိုက်မိခင်တွေအတွက် စားပေးသင့်တဲ့အစားစာထဲမှာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာလည်း စားပေးမယ်ဆိုရင် ကလေးငယ်ကိုဉာဏ်ရည်ဖွံဖြိုးစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်နော်။
စားတဲ့အခါမှာလည်း ကြက်ဥအနှစ်ကပိုပြီးတော့ ကလေးအတွက်အကျိုးရှိစေတယ်ဆိုတာကို မှတ်ထားဖို့တော့လိုပါလိမ့်မယ်နော်။
ဆော်လမွန်
ဆော်လမွန်ငါးက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တို့အတွက် အရမ်းကိုအထောက်အကူ ပြုနေတယ်ဆိုတာကိုတော့ သိထားဖို့လိုပါလိမ့်မယ်။ ကလေးငယ်အတွက်အရေးကြီးတဲ့ အာရုံကြောစနစ်ကိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ Omega-3 fatty acid ကိုလည်းဆော်လမွန်ငါးကနေ ရရှိနိုင်ပါတယ်။
တစ်ပတ်ကိုတစ်ကြိမ်လောက် ဆော်လမွန်ငါးကို ကင်ပြီးတော့ပဲဖြစ်ဖြစ် စားပေးမယ်ဆိုရင် နို့ထွက်အောင်လည်းကောင်းစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။
မုန်လာဥနီ
ကိုယ်ဝန်ဆောင်နေတဲ့အချိန်ကနေ စပြီးတော့ နို့တိုက်နေရတဲ့အချိန်တွေထိ မိခင်ရော၊ ကလေးငယ်အတွက်ပါ အာဟာရပြည့်ဝနေချင်တယ်ဆိုရင်တော့ မုန်လာဥနီကိုစားပေးဖို့လိုအပ်လာပါပြီနော်။ မုန်လာဥနီကိုဖျော်ရည်လုပ်ပြီး သောက်တာပဲဖြစ်ဖြစ် ထမင်စားတဲ့အချိန်မှာ ထည့်စားတာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်သလိုစားပေးလို့ရတာကြောင့် ပုံမှန်လေးစားပေးဖို့ပဲလိုပါတယ်။
ဒီအစားစာတွေကတော့ နို့တိုက်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေစားသုံးပေးဖို့လိုအပ်ပြီး မိခင်မှာအာဟာရဓာတ်တွေပြည့်ဝနေမှ ကလေးငယ်ရဲ့ ဖွံဖြိုးမှုနဲ့ ကျန်းမာရေးတွေကို အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။
Photo Source: Pexels