နာမည်လေးလှသလို ကျန်းမာရေးအတွက် ကောင်းတဲ့ ငွေနှင်းမှို မှိုပွင့်ဖြူဖြူလေးတွေ ရောင်းနေတာမြင်တော့ သိပ်မကြာခင်က အွန်လိုင်းမှာ ခေတ်စားခဲ့တဲ့ အိမ်တွင်းမှိုစိုက်ပျိုးရေးကိစ္စသတိရမိသေးတယ်။ မှိုမျိုးစေ့ထုပ်ဝယ်ပြီး အိမ်မှာ အလွယ်တကူစိုက်လို့ရတယ်ဆိုတဲ့ ကြော်ငြာလေးကို တော်တော်များများစိတ်ဝင်စားခဲ့ကြတာပေါ့။ မှိုဆိုရင် ကောက်ရိုးမှိုပဲ နာမည်သိကြတာများပေမယ့် ဒီလိုအလွယ်စိုက်လို့ရတယ်ဆိုတဲ့မှိုက ငွေနှင်းမှိုပါတဲ့။ အရောင်ကတော့ တစ်ခါတလေ အဖြူ၊တစ်ခါတလေ ဖြူညိုညိုအရောင်လေးရှိတတ်တယ်။ အိမ်မှာ နေရာလေးတစ်နေရာ(ရေချိုးခန်းဖြစ်ဖြစ် အစိုဓာတ်ရတဲ့နေရာ)ပေးထားရင် တစ်ထုပ်ဆို လေးငါးကြိမ်ပွင့်သတဲ့။ အလုပ်မရှုပ်၊ဂရုစိုက်နေစရာမလိုဘဲ တစ်ကြိမ်ပွင့်ရင် ခြောက်ဆယ်သားကနေ တစ်ပိဿာလောက်ရတယ်ဆိုပဲ။ အမှန်တော့ နာမည်သာမရင်းနှီးကြတာ ဟော့ပေါ့စားလည်း ပါနေကျ၊ တရုတ်ဟင်းလျာတွေမှာလည်း ပါနေကျ၊ နာမည်မသိဘဲလည်း ဈေးကဝယ်ချက်နေကျပဲဆိုတာ သတိမထားမိကြပါဘူး။ ငွေနှင်းမှိုဆိုတာ ဒါကိုး လို့ ကိုယ်တိုင်တောင် သိကာစက ပြောမိရဲ့။ ချိုဆိမ့်တဲ့အရသာရှိပြီး ခရုဆီထည့်ကြော်လိုက်ရင် အိအိလေးနဲ့အရသာရှိလှတဲ့ ချစ်စရာငွေနှင်းမှိုက ဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတယ်ဆိုတာသိရင်ရော အိမ်မှာဝယ်စိုက်ကြတော့မှာပဲနော်။ ကဲ […]
Month: June 2018
Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ======================= ======================= မိုးအေးအေးလေးမှာ Hot Pot လေးစားလိုက်ရရင် သိပ်အရသာရှိမှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊မှို၊ ကြက်ဥကစလို့ နှစ်သက်ရာတွေကို ထည့်စားကြတယ်မဟုတ်လား။ ဒီလိုထည့်စားတဲ့အရာတွေထဲမှာ တေ်ာတော်လေး ခံတွင်းတွေ့စေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက အရသာတင်ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ အပ်မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေက စားလို့ကောင်းပြီးအရသာရှိတဲ့ အပ်မှိုကို စားသုံးပေးရင် ရရှိမယ့် အာဟာရဓာတ်တွေက – Conjugated Linoleic Acid Copper သံဓာတ် Isoleucine Leucine လိုင်စင်း ပိုတက်ဆီယမ် Phosphorus ပရိုတင်း ဆီလီယမ် Threonine Trytophan ဗီတာမင် B1 (Thiamine) ဗီတာမင် B2 […]
စွယ်စုံ ကန်စွန်းရွက်ရဲ့ အကျိုးကျေးဇူး
ကန်စွန်းရွက်ဟာ အသီးအရွက်တွေထဲမှာတော့ ပေါ်ပြူလာပါပဲ။ ပျိုပျိုအိုအို ယောင်္ကျားမိန်းမ ကန်စွန်းရွက်ကို မကြိုက်သူ ရှားပါတယ်။ အရသာ ကောင်းပြီး ကြော်စားမလား ချက်စားမလား ပြုတ်စားမလား သုပ်စားမလား အချဉ်ထည့်မလား ချဉ်ရည်ချက်မလား အမယ်စုံ ချက်လို့ ရတဲ့ ဟင်းရွက် တစ်မျိုးပါ။ ကန်စွန်းရွက်ကို အဆိပ်အတောက် ပြေတယ်ဆိုတဲ့ အချက်နဲ့တင် လူတွေက စားကြပါတယ်။ ကန်စွန်းရွက်မှာလည်း အမျိုးအစားက စုံလင်လှပါသေးတယ်။ လယ်ကန်စွန်း၊ ထိုင်ဝမ်ကန်စွန်း၊ တရုတ်ကန်စွန်း၊ ကန်စွန်းရိုးနီ တို့က လူစားတာ အများဆုံးပါပဲ။ တရုတ်ကန်စွန်းရွက်ကို ပလိန်းကြော်ပြီး ပူပူနွေနွေး စားရင် အင်မတန် အရသာ ရှိလှပါတယ်။ စားသောက်ဆိုင်တွေနဲ့ ထမင်းဆိုင်တွေမှာလည်း အမြဲ ရှိတတ်တဲ့ Menu တစ်မျိုးပါ။ ဒီလို ကန်စွန်းရွက်တွေဟာ လူတွေကို အရသာတင် မကဘဲ […]
ချဉ်ပေါင်ဖူးရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ
ချဉ်ပေါင်ဖူးရေနွေးကြမ်းက ဘယ်လိုဆေးဖက်ဝင်သလဲ ======================= ======================= ချဉ်ပေါင်ဆိုတာ မြန်မာတွေအတွက် ခံတွင်းမြိန်စေတဲ့ ဟင်းတစ်ခွက်အဖြစ် ကြိုက်နှစ်သက်သူများပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်ပါရင် ထမင်းမြိန်ကြသလို ဆီပြန်ဟင်းတွေ၊အကြော်အလှော်တွေနဲ့ အအီပြေချဉ်ပေါင်ဟင်းချိုလေး တွဲစပ်ချက်ပြုတ်ကြတာ အလှူပွဲတွေအထိပါပဲ။ ချဉ်ပေါင်ကို ချက်စားရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ချဉ်ပေါင်ဖူးကို ယိုထိုးပြီး အချိုပွဲအဖြစ်စားသုံးကြတာ ချိုချဉ်စပ်အရသာလေးနဲ့။ ဟိုးအရင်တည်းက မြန်မာ့ထမင်းဝိုင်းမှာ ပြေးမလွတ်တဲ့အထဲ ချဉ်ပေါင်၊ လက်ဖက်၊ ငါးပိရည်နဲ့ ကန်စွန်းရွက်တို့က အခုထိ ပါဝင်နေဆဲပါ။ ဒီလိုနည်းမျိုးစုံနဲ့ စီမံချက်ပြုတ်စားသုံးကြတာဟာ ချဉ်ပေါင်ရဲ့ ကျန်းမာရေး အကျိုးေျကျးဇူးတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ဟင်းဆိုရင် အမြဲစားမိလို့ ပန်းကမ္ဘာရောက်သွားနိုင်သေးတယ်၊ ယိုထိုးစားရင်လည်း အချိုတွေများများစားမိနေဦးမယ် ဆိုတော့ ချဉ်ပေါင်ရဲ့အာနိသင်တွေ အပြည့်အဝရနိုင်မယ့် နည်းလမ်းက — ချဉ်ပေါင်ဖူးခြောက်လက်ဖက်ရည် ပါ။ ချဉ်ပေါင်ဖူးခြောက်ကို ရေနွေးပူပူမှာ ခတ်လိုက်တဲ့အခါ ရေနွေးကြမ်းနီနီလေးက ဘယ်ရီသီးဖျော်ရည်လိုလို […]
ကမ္ဘာပေါ်ရှိ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာများ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးရင် စိတ်ရော ၊ ကိုယ် ကျန်းမာစေပါတယ်။ အစားကောင်းကောင်းစားရင် စိတ်ပျော်ရွှင်ပြီး၊ အာရုံစိုက်မှုကောင်းကာ အလုပ်ပိုတွင်စေပါတယ်။ ဒါကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ကမ္ဘာပေါ်ရှိ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာများကို ဝေမျှပေးချင်ပါတယ်။ သံပုရာသီး ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အကောင်းဆုံးအသီးလို့ကို ဆိုရမှာပါ။ ရောင်ရမ်းတာတွေ လျော့ကျစေပြီး ကင်ဆာဆဲလ်တွေ ပေါက်ပွားကြီးထွားမှုတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဗီတာမင်စီပါဝင်မှုကလည်း လိမ္မော်သီးထက်များပါတယ်။ သစ်ကြားသီး သစ်ကြားသီးက တခြား အခွံမာအသီးတွေထက် Antioxidants ဓာတ်တွေပို ပါဝင်ပြီး ဗီတာမင် E၊ Omega 3 ဓာတ်နဲ့တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေပါဝင်ပါတယ်။ Antioxidants ဓာတ်တွေက ဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့ကိုလည်း ကူညီပေးတာကြောင့် […]
ခါးနာခြင်းအတွက်သဘာဝဆေးနည်း…
ခါးနာခြင်းအတွက်သဘာဝဆေးနည်း… ======================= ======================= ခါးနာပျောက်သည့် ဆေးနည်းများကို မကြာခဏ တင်ပေးဖူးပါပြီ။ အခုတစ်ခါ ထပ်မံတင်ပေးမယ့် ဆေးနည်းကတော့ အလွန်ရိုးရှင်းလွယ်ကူလှတဲ့ အားလူးခါးကပ်နည်းပဲ ဖြစ်ပါတယ်။ အားကစားလုပ်၍ဖြစ်စေ၊ အလေးအပင်မ၍ဖြစ်စေ၊ အထိုင်များ၍ဖြစ်စေ ခါးနာနေလျှင် အောက်ပါသဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။ (၁) အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးထားပါ။ (၂) ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အဝတ်သန့်သန့်ဖြင့် အာလူးများ ခွါကျမသွားအောင် စည်းပေးထားပါ)။ မနက်အိပ်ယာထတဲ့အချိန် ၎င်းအာလူးများကို ခါွလိုက်လိုက်ပါ။ ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာသိသာစွာ သက်သာလာမည်။ ၅ ရက်နဲ့ တစ်ပတ်ခန့် ဆက်လုပ်ပေးပါက […]
သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို သန့်စင်ပေးမယ့် အစားအစာ (၆) မျိုး
အာဟာရဓာတ်တွေဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားအတိုင်းကျွန်မတို့ စားသုံးလိုက်တဲ့အစားအစာတွေဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် များစွာသက်ရောက်မှုရှိပါတယ်။ သွေးကြောလေးတွေ ပိတ်ဆို့တဲ့အခါ သွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နှလုံးဆိုင်ရာ ရောဂါဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေကို သန့်စင်ပေးနိုင်မယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။ ၁။ ကြက်သွန်ဖြူ အားလုံးသိကြတဲ့အတိုင်း ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်ဖြူမှာ Antioxidantတွေပါဝင်ပြီး Free Radicals တွေကို တိုက်ထုတ်ပေးတာကြောင့် သွေးလွှတ်ကြောကို သန့်စင်ပေးနိုင်ပါတယ်။သွေးလွှတ်ကြောတွေကို သန့်စင်ပေးတာကြောင့် သွေးလည်ပတ်မှုကိုကောင်းမွန်စေသလို သွေးဖိအားကိုလည်း ကျစေပါတယ်။ ၂။ ပန်းသီး ပန်းသီးဟာလည်း အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး သွေးကြောလေးတွေ့ို သန့်စင်ပေးနိုင်ပါတယ်။ Flavonoid ဓာတ်ပါဝင်ပြီး နှလုံးကို ကျန်းမာစေပါတယ်။ ၃။ငါး ငါးမှာ မပြည့်ဝဆီဖြစ်တဲ့ Omega […]
သွေးပေါင်ကျတာကိုသက်သာစေမယ့် အစားအစာများ
အမြဲတမ်း သွေးပေါင်ကျနေလို့ ခေါင်းမူးနေတာ၊ ခေါင်းကိုက်နေတာတွေ ခံစားနေရပါသလား။ သွေးပေါင်ကို ထိန်းညှိပေးမယ့် အစားအစာတွေကို စားသုံးခြင်းဖြင့် သွေးပေါင်ကျတာကို သက်သာ ပျောက်ကင်းစေပါတယ်။ ကြက်ဥ ကြက်ဥမှာ ဗီတာမင် B တွေနဲ့ အရေးကြီးတဲ့ အမိုင်နိုအက်ဆစ်တို့ပါဝင်တာကြောင့် သွေးပေါင်ကျတာကို သက်သာစေပါတယ်။ အဲ့ဒီအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တက်ကြွ လန်းဆန်းမှုကိုလည်း ကူညီပေးပါတယ်။ Citrus သီးများ Citrus အသီးများက ဗီတာမင် C နဲ့ ရေဓာတ်ပါဝင်မှု မြင့်မားပါတယ်။ ဒါတွေက သွေးပေါင်ကျတာတွေကို ထိန်းညှိပေးနိုင်ပါတယ်။ Citrus အသီးများမှာ လိမ္မော်သီး၊ သံပုရာသီး၊ သံပုယိုသီး၊ Grapefruits နဲ့ တခြား အသီးများ ပါဝင်ပါတယ်။ Citrus မျိုးနွယ်အသီးများက ခန္ဓာကိုယ်အတွင်းရှိ Electrolytes တွေကိုလည်း ထိန်းညှိပေးပါတယ်။ […]
မိုးတွင်းမှာ ကိုယ်ခံအားကောင်းစေဖို့ စားပေးသင့်တဲ့အိမ်လက်ရာ အစားအစာများ
မိုးတွင်းမှာဆိုရင် တုပ်ကွေးတွေ၊ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ပိုပြန့်ပြီး ခဏခဏ နေမကောင်းဖြစ်ကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ခံအားသာ ကောင်းနေရင် ဒီလို တုပ်ကွေးတွေရောဂါပိုးတွေ ကြောက်စရာ မလိုပါဘူး။ ဒါ့ကြောင့် ကိုယ်ခံအားကောင်းစေဖု့ိ စားပေးသင့်တဲ့ အစားအစာများကို ဝေမျှပေးချင်ပါတယ်။ ပျားရည် ပျားရည် နေ့တိုင်းသောက်ရင် ပျားရည်မှာ Antioxidants ဓာတ်တွေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဓာတ်တွေ ပါဝင်နေပါတယ်။ အဲ့ဒါကြောင့် ချောင်းဆိုးတာ၊ ရောဂါပိုးမွှားဝင်တာနဲ့ လည်ပင်းနာ၊ အာသီးရောင်တာတွေကိုလည်း ကုသပေးနိုင်သလို၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် မနက်မိုးလင်းရင် သံပုရာသီး တစ်လုံးရဲ့ တစ်ဝက်ကို ရေနွေးနွေးတစ်ခွက်ထဲကို ညှစ်ထည့်ပြီး ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းအပြည့်ထည့်ကာ သောက်ပေးရင် ကိုယ်ခံအားကို ကောင်းစေပါတယ်။ ဒိန်ချဉ် ဒိန်ချဉ်မှာ ဗီတာမင် D ပါဝင်တာကြေင့် […]
ထန်းရည်အချိုရဲ့ကျန်းမာရေး ကောင်းကျိုးများ
ထန်းရည်အချိုက ချိုပြီး အရသာလည်း ရှိတဲ့ သဘာဝထန်းပင်ကနေရတဲ့ ဝိုင်တစ်မျိုးပေါ့နော်။ ကမ္ဘာပေါ်မှာလည်း နာမည်ကြီးတဲ့ သောက်စရာ တစ်မျိုးပါ။ အနောက် အာဖရိက၊ အာဖရိက အလယ်ပိုင်း၊ အာရှ၊ တောင်အမေရိက စတဲ့နိုင်ငံတွေမှာ ထန်းရည်အချိုကို သောက်သုံးကြပါတယ်။ ကင်ဆာ ရောဂါကို တိုက်ဖျက်ပေး ထန်းရည်အချိုမှာ ဗီတာမင် B2 လို့ လူသိများကြတဲ့ Riboflavin ဓာတ်ပါဝင်နေပါတယ်။ ဒီဓာတ်က Antioxidant တစ်မျိုးဖြစ်တာကြောင့် Free Radicals တွေကို တိုက်ဖျက်ပေးပါတယ်။ သာမန် ထန်းရည်အချိုကို အသင့်အတင့်သောက်သုံးပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် B2 ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ အမြင်အားကို ကောင်းစေ ထန်းရည်မှာ Antioxidant၊ ဗီတာမင် စီဓာတ်ပါဝင်တာကြောင့် မျက်စိအမြင်အားကို ကောင်းစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင် […]