ကျန်းမာရေးဗဟုသုတ

စံပယ်ရေနွေးကြမ်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

စံပယ်ရေနွေးကြမ်းက စိတ်နဲ့ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ စံပယ်ပန်းပွင့်နဲ့ လုပ်ထားတဲ့ ရေနွေးကြမ်းမှာ Polyphenol ကွန်ပေါင်း၊ Antioxidnants တွေပါဝင်တာကြောင့် စိတ်ကို ကြည်လင်လန်းဆန်းတဲ့အပြင် ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ဘက်တီးရီးယားတွေကို သေစေနိုင် သွားကျန်းမာရေးကို အထိခိုက်နိုင်ဆုံး အစားအစာများ စံပယ်ရေနွေးကြမ်းက ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။ Benzoic အက်ဆစ်၊ Benzyl Benzoate နဲ့ Benzaldehyde ကွန်ပေါင်းတွေ ပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ အဲ့ဒီအပြင် အသားအရေတွေကို ကောင်းစေတဲ့ဓာတ်ပါဝင်တာကြောင့် စံပယ်ကို အလှကုန်တွေ၊ ခေါင်းလျှော်ရည်တွေမှာထည့်ထားပါတယ်။ အမာရွတ်တွေကို ပျောက်စေ စံပယ်ရေနွေးကြမ်းမှာပါဝင်တဲ့ဓာတ်တွေက အမာရွတ်တွေ၊ဝက်ခြံတွေ၊ အနာတွေ ကို ပျောက်စေပါတယ်။ အဲ့ဒီအပြင် အသားအရေတွေကို စိုစွတ်စေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးရောဂါကို ကာကွယ်ပေး စံပယ် ရေနွေးကြမ်းက […]

ကျန်းမာရေးဗဟုသုတ

ဒူးရင်းသီးစားခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးများ

ဒူးရင်းသီးနဲ့ သင့်ကျန်းမာရေး သင်ဟာဒူးရင်းသီး အရမ်းကြိုက်တဲ့သူလား ဒါမှမဟုတ် အနံ့တောင် မခံနိုင်တဲ့သူလား။ အကယ်လို့ ဒူးရင်းသီး အရမ်းကြိုက်တဲ့သူဆိုရင်တော့ ဒူးရင်းသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးကို သိထားသင့်ပါတယ်။ ဒူးရင်းသီးစားရင် ခေါင်းမူးတယ်၊ သွေးတိုးတယ်ဆိုတာတွေ ရှိပေမယ့် တခြားကျန်းမာရေး ကောင်းတာတွေလည်း ရှိပါသေးတယ်။ ဒူးရင်းသီးမှာ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ကော့ပါးတို့ ပါဝင်တာကြောင့် အရိုးအဆစ်တွေ သန်မာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့အခါမှာ အရိုးပါးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်တားဆီးပေးတာမျိုးလည်း လုပ်ဆောင်ပေးပါတယ်။ ဒူးရင်းသီးမှာ သတ္တုဓါတ်တွေ များများပါဝင်တာအပြင် ဖောလစ်အက်ဆစ် ပမာဏလည်း မြင့်မားစွာ ပါဝင်တာမို့ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ ဒူးရင်းသီးမှာ ကော့ပါးနဲ့ သံဓါတ်တွေလည်း ပါဝင်တာမို့ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေ ပျောက်ကင်းစေပါတယ်။ ဒူးရင်းသီးမှာ အများစု ပါဝင်တဲ့ […]

ကျန်းမာရေးဗဟုသုတ

အရိုးစွပ်ပြုတ်တွေရဲ့ အားသာချက်

အစာ မစားနိုင်တော့တဲ့ အချိန်တွေမှာပဲဖြစ်ဖြစ် အစာ မစားချင်တဲ့ အချိန်ပဲ ဖြစ်ဖြစ် ဖျားနာနေတဲ့ အချိန်တွေမှာ ဖြစ်ဖြစ် စွပ်ပြုတ်တွေကို သောက်ကြပါတယ်။ အချို့ကလည်း ကြက်သားကို ပေါင်းပြီး စွပ်ပြုတ် ချက်ကြသလို အချို့ကလည်း ကြက်ရိုး၊ ဆိတ်ရိုး၊ အမဲရိုး စသည်ဖြင့် အရိုးတွေနဲ့ ချက်ပြုတ်ပြီး သောက်ကြပါတယ်။ အရိုးပေမယ့် အထင်မသေးပါနဲ့။ အားကို အမြန်ဆုံး ပြန်လည် ပြည့်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ အရိုးဆန်ပြုတ်တွေဟာ အစာကို ကြေလွယ်စေပြီး ရိုးတွင်းချင်ဆီကို အားဖြည့်ပေးပါတယ်။ အခြား ကျန်းမာရေးအကျိုးဖြစ်စေမယ့်အ ချက်တွေကတော့ ၁။ ကူးစက်ရောဂါတွေကို တားဆီးနိုင် တုပ်ကွေးလို ကူးစက်လွယ်တဲ့ ရာသီကြောင့် ဖြစ်တဲ့ ရောဂါတွေဟာ စိတ်တိုစရာ ကောင်းပါတယ်။ ကြက်ရိုးဆန်ပြုတ် ဒါမှမဟုတ် ကြက်ရိုးစွပ်ပြုတ်တွေဟာ တုပ်ကွေးကို […]

ကျန်းမာရေးဗဟုသုတ

ကိုလက်စထရောကို လျှော့ကျစေပြီး သွေးတိုးကျစေတဲ့အပြင် ဆီးချိုထိန်းညှိပေးနိုင်တဲ့ စောင်းလျားသီး

အသီးရဲ့ ပုံစံက ကြယ်ပုံလေးရှိလို့ Star Fruit ကြယ်သီးလို့လည်းခေါ်ကြတဲ့ စောင်းလျားသီးကို စာဖတ်သူတို့ သိကြမှာပါနော်။ အဝါရောင်အစင်းရှိပြီး ချိုချဉ်အရသားလေးရှိတဲ့ ဒီအသီးက ကယ်လိုရီမပါတဲ့အသီးဖြစ်ပြီး Antioxidant ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B၊C၊ ဖောလိတ်အက်ဆစ်နဲ့ တခြားကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကွန်ပေါင်းဒြပ်တွေ အများအပြား ပါဝင်နေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးနိုင်ခြင်း ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝလို့ သွေးဖိအားတက်တာကို အကောင်းဆုံး လျှော့ကျစေပါတယ်။ ဒီအသီးကိုပုံမှန်စားပေးမယ်ဆိုရင်တော့ သွေးဖိအားတက်တာကို ထိထိရောက်ရောက် ထိန်းထားပေးနိုင်မှာပါ။ ကိုလက်စထရော ကျဆင်းစေခြင်း အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ စောင်းလျားသီးက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးတွင်းကိုလက်စထရောများတာဟာ နှလံးသွေးကြောဆိုင်ရာရောဂါကိုဖြစ်ပွားစေပါတယ်။ ဒါ့ကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပြီး နှလုံးရောဂါကို ကာကွယ်လိုက်ရအောင်ပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို […]

ကျန်းမာရေးဗဟုသုတ

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေရန် လိုက်နာသင့်သော သဘာဝနည်းလမ်းများ

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေရန် လိုက်နာသင့်သော သဘာဝနည်းလမ်းများ ================== ================== ဆေးလိပ်သောက်ခြင်းကြောင့် ကျွန်တော်တို့၏ အဆုတ်များ မည်မျှပျက်စီးပြီလဲ ဆိုသည်ကို မကြာခဏ ကိုယ်တိုင်မတွေးမိဘဲ ရှိနေတတ်သည်။ စီးကရက်ဘူးများတွင် သတိပေးဖော်ပြချက် ကပ်ထားသော် လည်း ဆေးလိပ်သောက်သူအများစုသည် ဆေးလိပ်သောက်ခြင်း ၏ တန်ပြန်ရိုက်ခတ်မှုများကို မသိကျိုးကျွန်ပြုနေလေ့ရှိသည်။ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လက်တွေ့ကျကျ မြင်တွေ့နေချိန်တွင် အချိန်နှောင်းသွားနိုင် သည်။ ယခင်က ဆေးလိပ်သောက်ဖူးသူ (သို့မဟုတ်) လက်ရှိ ဆေး လိပ်အမြဲမပြတ်သောက်နေသူဖြစ်ပြီး အဆုတ်သန့်အောင် ဆောင် ရွက်လိုပါက အောက်ဖော်ပြပါနည်းလမ်းများဖြင့် အဆုတ်ကို မိမိနေအိမ်မှာပင် သန့်ရှင်းအောင် ဆောင်ရွက်နိုင်သည်။ ယခင်က ဆေးလိပ်သောက်ဖူးသူဖြစ်စေ၊ လက်ရှိဆေးလိပ် သောက်နေသူများဖြစ်စေ အဆုတ်ကိုသန့်ရှင်းအောင် ထားလိုပါက နို့ထွက်ပစ္စည်းများကိုရှောင်ပါ။ နို့ထွက်ပစ္စည်းများက အဆုတ်မှ အဆိပ်အတောက်များ ကင်း […]

ကျန်းမာရေးဗဟုသုတ

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင် ======================= ======================= နေကြာစေ့ဆိုတာနဲ့ နေကြာပန်းကနေ ရတဲ့ အစေ့သေးသေးလေးတွေကို မြင်ယောင်မိကြမှာပါ။ နေကြာစေ့ကို ရုပ်ရှင်ရုံထဲမှာလည်း တော်တော်များများ စားကြပြီး ဆားအငန်ပါတာနဲ့ မပါတာနဲ့ဆိုပြီးတော့လည်း ရှိပါသေးတယ်။ ဆားအငံပါတာနဲ့ မပါတာက အရမ်းတော့ မကွာပါဘူး။ သွေးတိုးရှိတဲ့သူတွေကတော့ ဆားအငန်ပါတာကို ရှောင်စားကြပါတယ်။ နေကြာစေ့သေးသေးလေးတွေက နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ ရင်းမြစ်ဆိုရင် အံ့သြသွားလောက်ပါတယ်။ နေကြာစေ့မှာ ကောင်းမွန်တဲ့အဆီနဲ့ နှလုံးကျန်းမာရေးကို အကျိုးပြုတဲ့ phytosterols တွေ ပါဝင်ပါတယ်။ ဒီအဆီဓါတ်တွေဟာ သွေးတွင်းမှာ ကိုလက်စထရော လျှော့နည်းအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းထားချင်တယ်ဆိုရင်တော့ နေကြာစေ့လေး စားပေးဖို့ လိုပါတယ်။ နေကြာစေ့ စားတဲ့အခါမှာ ခွာရတဲ့အရသာ၊ အစေ့လေးတွေခက်ခက်ခဲခဲ ထုတ်ရပြီး စားရတဲ့ ခံစားချက်ကို တော်တော်လေး […]

ကျန်းမာရေးဗဟုသုတ

တစ်ပတ်တာလုံး အုန်းရည်သောက်သုံးတဲ့အခါ

တစ်ပတ်တာလုံး အုန်းရည်သောက်သုံးတဲ့အခါ ======================= ======================= တော်ရုံတန်ရုံတော့ ဘယ်သူမှ အုန်းရည်ကို တစ်ပတ်လုံး မသောက်တတ်ပါဘူး။ ဒါပေမယ့် အုန်းရည်ကို အချိန်ကြာကြာသောက်မယ် ဆိုရင်တော့ ဒီလို အပြောင်းအလဲလေးတွေကို ခံစားမိမှာပါ။ ၁။ ကိုယ်ခံအားကောင်းလာမယ်။ အုန်းရည်ဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို သိသိသာသာ ကောင်းမွန်လာစေမှာပါ။ (၂) အားပြည့်လာမယ်။ တစ်ပတ်လုံး အုန်းရည်သောက်တဲ့အခါ သင့်အနေနဲ့ Energy Drink သောက်ထားသလိုကို အားပြည့်နေမှာပါ။ ဒါပေမယ့် အုန်းရည်ကတော့ ဘေးအန္တရာယ်ကင်းတယ်ပေ့ါဗျာ။ (၃) ကိုယ်တွင်း အင်္ဂါတွေကောင်းလာမယ်။ သင့်ခန္ဓာကိုယ် အတွင်းက တန်ဆာပလာတွေ သိသိသာသာကို ကောင်းလာပါလိမ့်မယ်။ (၄) အစာခြေစနစ်ကောင်းလာမယ်။ သင့်အစာခြေစနစ်အတွက် __________________________________ #အရမ်းကိုအထောက်အကူပြုပါတယ်။ __________________________________ အစာများများစားလာနိုင်သလို သိပ်လည်း ဝမလာနိုင်ပါဘူး။ (၅) ဝိတ်ကျလာမယ်။ အစာခြေစနစ် […]

ကျန်းမာရေးဗဟုသုတ

သခွားသီးအစွမ်း အံ့မခန်း (၁) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။

သခွားသီးအစွမ်း အံ့မခန်း (၁) သခွားသီးမှာ ရေဓာတ် အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ သခွားသီးဟာ ခန္ဓာကိုယ် အတွက် လိုအပ်သော ရေဓာတ် ၉၆ ရခိုင်နှုန်းကို ဖြည့်စွမ်း ပေးရုံသာမက အဆိပ်များကို ဖယ်ရှားပေးနိုင် တယ်လို့ ဆိုပါတယ်။ (၂) သခွားသီးဟာ ဗီတာမင် A, C ဖြည့်စွမ်းပေးရုံ သာမက ခန္ဓာကိုယ်တွင်း အပူဓာတ် များကိုလည်း ဖယ်ရှား ပေးနိုင်ပါတယ်။ ထို့ပြင် အသားအရေ များကိုလည်း စိုပြည်စေ ရုံသာမက အားအင်များလည်း ရရှိ စေနိုင်ပါတယ်။ (၃) သခွားသီး စားခြင်းကြောင့် ကိုယ်ခန္ဓာ အတွင်းမှ ရောဂါများ ဖြစ်ပွားမှုကိုလည်း သက်သာ စေနိုင်ပါတယ်။ (၄) သခွားသီးဟာ မှုးဝေခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အိပ်ယာမဝင်မီ […]

ကျန်းမာရေးဗဟုသုတ

ရေနွေးဖြူမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ

ရေနွေးဖြူမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ ရေနွေးဖြူ သို့မဟုတ် ရေကျက်အေးက လူသားတို့ ဘက်စုံကျန်းမာရေးအပြင် အသားအရေနှင့် ဆံပင်တို့အတွက် ဘက်စုံကောင်း ကျိုးပြုပုံကို ကျန်းမာရေးသုတေသီများက အောက်ပါအတိုင်း အကြံပေးထားကြပါတယ်။ ရေနွေးဖြူနှင့် ဘက်စုံကျန်းမာရေး (အဆိပ်အတောက်ပြေစေပါတယ်) ရေနွေးသောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်ဟာ မြင့်တက်လာပြီး ကိုယ်တွင်းမှ အဆိပ်အတောက် တွေက ချွေးစေးအဖြစ် ထွက်ရှိလာပါတယ်။ ဒါကြောင့် နံနက်စော စော တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ်၊ ရေနွေးဖြူသောက်ခြင်းဖြင့် တစ်နေ့နှစ်ကြိမ် အဆိပ်အတောက်တွေ ထုတ်ပေးသင့်ပါတယ်။ အရေပြားလုပ်ငန်း၊ ကျောက်ကပ် လုပ်ငန်း၊ လင့်ကြောလုပ်ငန်းများ ကောင်းမွန်စေပြီး အဆိပ်အတောက် ဖယ်ရှားခြင်းကို အကျိုးသက်ရောက်စေပါတယ်။ ရေနွေးဆူဆူထဲကို သံပရာရည်ညှစ်၍ ပျားရည်အနည်းငယ် ထည့်သောက်ပေးခြင်းက ပိုမိုထိရောက်မှု ဖြစ်စေပါတယ်။ အူများကို ကောင်းစွာ အလုပ်လုပ်စေပါတယ် ဝမ်းချုပ်သူများအတွက် သတင်းကောင်းလေးပါ။ မကြာခဏဝမ်းချုပ်တတ်သူများအဖို့ […]