ကျန်းမာရေးဗဟုသုတ

ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်တွေ မဆုံးရှုံးစေမယ့် ချောကလပ်

မကြာသေးခင်မှ ပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်တွေအရ သွားတွေကို အန္တရာယ်ပေးတတ်တဲ့ ချောကလက်ဟာ ဦးနှောက်၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ မှတ်ဉာဏ်တွေကောင်းဖို့ ကူညီပေးတာကို သိခဲ့ရပါတယ်။ ဒါကတော့ ချောကလက် ကြိုက်နှစ်သက်သူတွေရဲ့ သတင်းကောင်းပါပဲ။ ဒါပေမယ့် ချောကလက် စားပြီးရင်တော့ သွားတိုက်ဖို့တော့ မမေ့ပါနဲ့နော်။ ချောကလက်ပြုလုပ်တဲ့ Cacao သီးတွေမှာ မှတ်ဉာဏ်ကို အားကောင်းစေပြီး ဦးနှောက်ကျန်းမာရေးကို ကောင်းစေတဲ့ Antioxidants တွေ ပါဝင်ပါတယ်။ ပုံမှန် Cacao သီးတွေစားသုံးပေးရင် အသက်ကြီးလာတာကြောင့် မှတ်ဉာဏ်ချို့ယွင်းတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာစမ်းသပ်ချက် အီတလီနိုင်ငံက သိပ္ပံပညာရှင်တွေက ချောကလက်လုပ်တဲ့ Cacao သီးတွေကို သုတေသနပြုလုပ်ခဲ့ပါတယ်။ Cacao သီးတွေစားသုံးပြီးရင် ဦးနှောက်အပေါ်သက်ရောက်မှုကို အချိန်ပေးပြီးလေ့လာခဲ့ကြပါတယ်။ လေ့လာတွေ့ရှိမှုကို သိပ္ပံဆိုင်ရာ မဂ္ဂဇင်းတစ်မျိုးဖြစ်တဲ့ Frontiers in Nutrition မှာ […]

ကျန်းမာရေးဗဟုသုတ

ကြက်သားစားရင် ဘာလို့အနာကျက်မြန်တာလဲ

ကိုယ့်မှာ ထိခိုက်အနာတရတစ်ခုခုရှိနေပြီဆိုရင် အမေအမြဲပြောတယ်မလား။ ကြက်သားစားမှ အနာမြန်မြန်ကျက်မှာဆိုပြီးလေ။ ငယ်တုန်းကဆို ခဏခဏဒူးပြဲ၊ နဖူးကွဲ၊ လက်နဲ့ခြေထောက်ထိခိုက်ပွန်းပဲ့တာတွေ ဖြစ်ဖူးကြမှာပဲဆိုတော့ ကြက်သားတွေစားခဲ့ရမှာသေချာပါတယ်။ ကိုယ်က သတိမထားမိခဲ့တာပဲရှိမှာပါ။ ကြက်သား စားရင် အနာက အသားတက်တာမြန်တယ်တဲ့။ အရွယ်ရောက်လာတော့ ဒီလိုကြားရရင် သိပ်မယုံချင်တော့ဘူး။ ကြက်သားစားရင် အားရှိတာကလွဲလို့ အနာနဲ့ဘာဆိုင်လို့လဲ တွေးမိလာတယ်။ တကယ်က ဒီအချက်က မှန်ပါတယ်။ ကြက်သားမှာ ကြွယ်ဝစွာပါဝင်တဲ့ ပရိုတင်းကြောင့်ပါ။ အနာကျက်ခြင်းဖြစ်စဉ်အပေါ် သက်ရောက်မှုရှိနိုင်တဲ့အချက်တွေက အများကြီးရှိပါတယ်။ ဒါပေမယ့် သန့်ရှင်းမှု၊ မှန်ကန်တဲ့ ဂရုစိုက်မှု၊ ဖုံးအုပ်ကာကွယ်မှုတို့လို အချက်တွေအပြင် စားသောက်မှုအာဟာရကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ သင့်တင့်လုံလောက်တဲ့ အာဟာရတွေစားသုံးဖို့ ဂရုမစိုက်ရင် အနာကျက်နိုင်စွမ်းကို နှောင့်နှေးစေပြီး အနာရင်းစေနိုင်၊ အမှာရွတ်ဖြစ်စေနိုင်ပါတယ်။ ညီညွတ်မျှတတဲ့ ဂလူးကို့စ်ပမာဏ၊ ဗီတာမင် C၊ ကယ်လ်စီယယ်တို့လို ဓာတ်တွေလိုပဲ ပရိုတင်းရဲ့သက်ရောက်မှုကလည်း မသေးပါဘူး။ လူ့ခန္ဓာကိုယ်ဟာ ကြွက်သား၊ အရေပြားနဲ့ တခြားတစ်ရှူးတွေတည်ဆောက်နိုင်ဖို့၊ ပြန်လည်ပြုပြင်ဖို့အတွက် ပရိုတင်းဓာတ်ကိုလိုအပ်ပါတယ်။ […]

ကျန်းမာရေးဗဟုသုတ

အသည်းကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင်တဲ့အပြင် ကော်ဖီ နေ့တိုင်းသောက်သင့်တဲ့ အကြောင်းရင်း

ကော်ဖီ ကြိုက်ကြလားရှင့်။ တစ်ချို့ကော်ဖီကို စွဲစွဲလန်းလန်း နှစ်ခြိုက်သူတွေ ရှိပါတယ်။ တစ်နေ့ကို ကော်ဖီ တစ်ခွက်သောက်ပေးသင့်ပါတယ်။ ကော်ဖီသောက်တာ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေတယ် ကော်ဖီသောက်တာဟာ မှတ်ဉာဏ်ကောင်းစေပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။ အယ်လ်ဇိုင်းမားလ် ရောဂါဖြစ်ပွားမှုကို ဟန့်တားနိုင်ပါတယ်။ စွမ်းအင် ကော်ဖီဟာ တစ်နေ့တာလုံးအတွက်လုံလောက်တဲ့ စွမ်းအင်ပမာဏကို မြင့်တင်ပေးပါတယ်။ အိပ်ချင်နေရင်တောင် ကော်ဖီတစ်ခွက်သောက်လိုက်တာနဲ့ အိပ်ချင်ပြေပြီး တက်တက်ကြွကြွ ရှိစေပါတယ်။ စိတ်ဖိစီးမှု ပြေပျောက်စေခြင်း ကော်ဖီကိုသောက်တာဖြစ်ဖြစ် မသောက်တာပဲဖြစ်ဖြစ် ကော်ဖီရဲ့ ရနံ့သင်းသင်းလေးက စိတ်အန်းပြေစေပါတယ်။ ပျော်ရွှင်စေခြင်း ကော်ဖီကိုသောက်တဲ့သူတွေဟာ ပျော်ရွှင်ကြပါတယ်။ ကော်ဖီမှာ စိတ်ခံစားမှု မကောင်းတာကို ဆန့်ကျင်တိုက်ခိုက်ပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး စိတ်ကျရောဂါကို ကုသပေးနိုင်ပါတယ်။ ဟားဗက်တက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စု အမျိုးသား ကျန်းမာရေး အင်စတီကျုစ့်တို့ရဲ့ လေ့လာမှုအရ တစ်နေ့ကို […]

ကျန်းမာရေးဗဟုသုတ

နို့တိုက်မိခင်တွေ အတွက် စူပါအစားအစာ

မိခင်အသစ်စက်စက်တွေဟာ ကလေးတွေကို နို့ချို တိုက်ကျွေးရမှာ နို့အလုံအလောက် မထွက်တဲ့ ပြဿနာ အမြဲ ကြုံရတတ်ပါတယ်။ မိခင်နို့ဟာ ကလေးငယ်အတွက် ရေဓာတ်၊ သကြားဓာတ်နဲ့ အခြား အာဟာရတွေ များစွာ ပေးစွမ်းတဲ့အတွက် မိခင်နို့ဟာ အရေးကြီးလှပါတယ်။ ဒီလို ပြဿနာနဲ့ မကြုံရအောင် စားရမယ့် အစားအစာတွေ ရှိပါတယ်။ မြန်မာနည်းမှာဆိုရင်တော့ ငရုပ်ကောင်းနဲ့ ဟင်းခါး ချက်သောက်တာမျိုး၊ နွားမြီးကို ဟင်းချိုချက်သောက်တာတွေလည်း စားကြပါတယ်။ Almond ဟာ နို့တိုက်မိခင်တွေ အတွက် အထူးကောင်းမွန်တဲ့ အစားအစာလို့ ပြောကြပါတယ်။ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့ အတွက် ကလေးရော မိခင်ပါ ကျန်းမာစေမယ့် အစားအစာ ဖြစ်ပါတယ်။ အစေ့အဆန်နဲ့ အလာ့ဂျစ် ရှိသူဆိုရင်တော့ မစားသင့်ပါဘူး။ […]

ကျန်းမာရေးဗဟုသုတ

ဘီယာသောက်ခြင်းရဲ့ ကောင်းကျိုးအချို့

ဘယ်အရာမဆို အကောင်းအဆိုး ဒွန်တွဲနေတတ်တဲ့ သဘောရှိပြီး အကောင်းချည်း မဟုတ်သလို အဆိုးချည်းလည်း မဖြစ်တတ်ပါဘူး။ ချင့်ချိန် နိုင်စွမ်းကသာ အကောင်းအဆိုးကို ခွဲခြား ပေးသွားတတ်ပါတယ်။ ဘီယာဟာ ယနေ့ခေတ် လူကြီးလူငယ်ကြားမှာ ရေပန်းစားလှတဲ့ အရာတစ်ခုဆို မမှားပါဘူး။ ဘီယာသောက်ခြင်းရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ကောင်းကျိုး အချို့ကို မျှဝေချင်ပါတယ်။ ၁။ ဘီယာဟာ ကျောက်ကပ်ကို ကောင်းမွန်စေမယ့် အရည်တစ်ခုပါ။ လေ့လာတွေ့ရှိချက်တွေ အရ ဘီယာဟာ ကျောက်ကပ်ကို ကောင်းမွန်စေပြီး တစ်နေ့ ဘီယာ တစ်လုံး သောက်ခြင်းဟာ ကျောက်ကပ်မှာ ကျောက်တည်မှု ၄၀% လျှော့ကျစေတယ်လို့ ဆိုထားပါတယ်။ ၂။ ဘီယာဟာ မကောင်းတဲ့ ကိုလက်စထရောကို ကျစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု ရှိတဲ့အတွက် ကိုယ်ထဲက LDL ကိုလက်စထရောကို လျော့ကျစေပါတယ်။ […]

ကျန်းမာရေးဗဟုသုတ

စပျစ်သီးဖျော်ရည်

အခုလို စပျစ်သီး ပေါတဲ့ ရာသီမှာ အိမ်မှာပဲ စပျစ်သီးကို ဖျော်ရည် လုပ်သောက်ကြည့်ရအောင်ပါ။ စပျစ်သီး ဖျော်ရည် ပြုလုပ်ဖို့ဆိုတာ လွယ်ကူပါတယ်။ အဓိက လိုအပ်တာတွေကတော့ စပျစ်သီး၊ သကြားအနည်းငယ်၊ သံပုရာသီး၊နဲ့ ရေတို့ပါ။ ပထမဦးစွာ စပျစ်သီးကို အညှာတွေ ချွေပါ။ ဓာတုဗေဒဆေးဝါးတွေ ပြောင်သွားအောင် စပျစ်သီးအလုံးတွေကို ရေခပ်နွေးနွေးနဲ့ ဆေးပါ။ ပြီးရင် ကြိတ်စက်ထဲ ထည့်မွှေလိုက်ပါ။ သကြား လက်ဖက်ရည်ဇွန်းဝက်လောက်ထည့်ပါ။ ဆားပါတယ်ဆိုရုံထည့်ပါ။ သံပုရာသီး တစ်စိပ် ညှစ်ပေးပါ။ ရေအနည်းငယ်ထည့်ပြီး မွှေပါ။ အအေး သောက်ချင်ရင်တော့ ရေခဲတုံးလေးတွေ ထည့်ပါ။ ဒါမှမဟုတ် ရေခဲသေတ္တာထဲ အအေးခံပြီးမှ သောက်ပါ။ စပျစ်သီးဖျော်ရည်ဟာ ခံတွင်းကို မြိန်စေတဲ့ ဖျော်ရည်တစ်မျိုးပါ။ သူ့မှာ အဆီဓာတ် လုံး၀ မပါဝင်ပါဘူး။ ပရိုတင်းပါဝင်မှုလည်း […]

ကျန်းမာရေးဗဟုသုတ

စူကာသီး (သို့) ဂေါ်ရခါးသီး

အရသာ ချိုလွန်းလို့ တစ်ချို့ကတော့ သိပ်ကြိုက်လှပါဘူး။ အချိုဓာတ်ဟာ သဘာ၀ အတိုင်း အပြည့်အ၀ ပါဝင်တာကြောင့် ဟင်းခတ်မလိုတဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးကတော့ ဂေါ်ရခါးသီး ခေါ် စူကာသီးပဲ ဖြစ်ပါတယ်။ အနွယ်ပင်တွေကနေ သီးလာတဲ့ ဆူးခပ်ပါးပါးနဲ့ အသီးဟာ စားတဲ့ အခါ အရသာ အလွန်ရှိလှတာ မငြင်းနိုင်ပါဘူး။ အနောက်နိုင်ငံတွေမှာ လူကြိုက်များတဲ့ အသီးဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အများစု စားကြပါတယ်။ အေးမြတဲ့ ဒေသတွေမှာ ဖြစ်ထွန်းတဲ့ ဂေါ်ရခါးသီးကို ရှမ်းပြည်ဘက်မှာ တစ်နှစ်ပေါက်လုံး ပေါက်ရောက်ပါတယ်။ ဂေါ်ရခါးညွှန့်ကိုလည်း ကြော်စား ချက်စား စားကြပြီး အသီးကတော့ ဈေးချိုလှပါတယ်။ အရည်ရွှမ်းတဲ့ စူကာသီးကို ကြက်ဥနဲ့ ရောမွှေကြော်စားလေ့ ရှိပြီး အခြား နှစ်သက်တဲ့ အသားတွေနဲ့လည်း ရောနှော ချက်ပြုတ်လေ့ ရှိကြပါတယ်။ […]

ကျန်းမာရေးဗဟုသုတ

ညောင်းတာ ညာတာတွေအတွက် အနှိပ်အနယ် ကင်းလွတ်တဲ့ လက်တွေ့ အိမ်တွင်းဆေးကောင်း

နှိပ်တာ နင်းတာ ကင်းစေရာ (မယုံလျှင်လက်တွေ့စမ်း) “ညောင်းတယ်ညာတယ်ပဲ မင်းအမြဲပြောနေတယ်။” “ငါပြောတာကိုမင်းလက်တွေ့လုပ်ကြည့် မဟုတ်ရင် မင်းကြိုက်သလိုပြော..”။ “လုပ်ရမှာက မင်းတာဝန်. ချက်ချင်းပျောက်ကင်းတယ်မပြောဘူးကွ.. သက်သာရာက ပျောက်ကင်းတယ်လို့ပဲငါပြောမယ်…။ အဖေပြောသော အကြောင်းသာဖြစ်၏။” အမြဲတမ်း ညောင်းညာကိုက်ခဲသည်က စိတ်ပျက်စရာကောင်းလှပြီး၊ အကျင့်ပါလှသည်။ ညောင်းညာမည်ပေါ့…တစ်နေ့လုံး ရုံးစားပွဲ၊ ကွန်ပြူတာ၊ ဖုံးတို့နှင့် ကွာသည်မရှိ၊တစ်ခါတစ်ရံ စားချိန် သောက်ချိန်မမှန်…။ ဒီကြားထဲ မျက်မှန်တပ်သည့်ကြား မျက်ရည်ပူတို့က စီး၍ကျပြန်သည်။ ထိုပြင်အနှိပ်သမားက အတော်နှင့်အညောင်းအညာ မပြေ အကြောတွေ တောင့်တင်းလှ၍ ခပ်ကြမ်းကြမ်း နှိပ်နင်းပြန်ရာ ဇက်ကြော၊ ပေါင်ကြောနှင့် ခြေသလုံးသားများ အညို အမည်းပင် စွဲနေတော့သည်။ ဒါလည်းအညောင်းပြေသည်မဟုတ်ခဲ့။ “ဒါဖြင့် နည်းသာပေးပါအဖေရာ…ကျွန်တော်အသေအချာလုပ်ပါမယ်” “လုပ်ပါကွာ…တကယ်ထိရောက်ပြီး..တစ်ပတ်တိတိသာ စမ်းလုပ်ပါ..။ မထူးခြားဘဲမနေပါဘူး။ အပန်းလည်းမကြီးပါဘူးကွာ” ညအိပ်ရာဝင်ခါနီးတိုင်း ရေဇလုံထဲရေနွေးနှင့် ဆား(၃၀) သား […]

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါရှိသူတွေ စားသုံးသင့်တဲ့ အစားအစာများ

သွေးတိုးရောဂါဆိုတာ သွေးလွှတ်ကြောထဲမှာ သွေးဖိအားတွေများနေတာဖြစ်ပြီး ကြာလာရင် နှလုံးရောဂါ၊ ကျောက်ကပ်၊ လေဖြတ်တာနဲ့ တခြား ရောဂါတွေဖြစ်နိုင်ပါတယ်။ သွေးတိုးက တခါတလေ ဘာရောဂါ လက္ခဏာမှ မပြတာကြောင့် အသံတိတ်လူသတ်သမားလို့တောင် တင်စားကြပါတယ်။ သွေးတိုးရောဂါရှိသူတွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်တို့ကိုများများစားပြီး ဆီုဒီယမ်ဓာတ်ကို လျော့နည်းစွာစားသုံးသင့်ပါတယ်။ အစိမ်းရောင်အရွက်များ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုများတဲ့ အစိမ်းရောင်အရွက်များမှာ ကိုက်လန် ခေါလတ်ရွက် (Collard Greens) Spinach စသည်တို့ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်က ကျောက်ကပ်ကို ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ဓာတ်တွေကို ဆီးကနေ များများ စွန့်ထုတ်နိုင်အောင်ကူညီပေးတာကြောင့် သွေးတိုးကျစေပါတယ်။ ဘယ်ရီသီးများ ဘယ်ရီသီးတွေဖြစ်တဲ့ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ စတဲ့ ဘယ်ရီသီးတွေမှာ Flavonoids ဆိုတဲ့ ကွန်ပေါင်းဓာတ်ပါဝင်ပါတယ်။ အဲ့ဒီကွန်ပေါင်းက သွေးတိုးကို ကျစေပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။ ဒါ့ကြောင့် မနက်စာအဖြစ် […]

ကျန်းမာရေးဗဟုသုတ

ညဘက်မှာဗိုက်ဆာလည်း မစားမိအောင်ဆင်ခြင်ပေးရမယ့် အစားအစာငါးမျိုး

ညဘက်မှာမစားသင့်တဲ့ အစားအစာတွေရှိပါတယ်။ တချို့ကျတော့လည်း ညဘက်ရောက်ရင် ဗိုက်ဆာတတ်လို့ ရှိနေတာလေးတွေကို စားလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ညဘက်မှာ ဗိုက်ဆာလာရင်တောင် မစားမိအောင်ဆင်ခြင်ပေးရမယ့် အစားအစာငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အာလူးကြော် အာလူးကြော်ကို ညဘက်မှာစားမယ်ဆိုရင်တော့ ကယ်လိုရီတွေတိုးလာမှာ သေချာပါတယ်။ သူက ညနက်လေ ဝိတ်တက်လေလို့ပြောရမှာပါ။ အာလူးကြော်ကို ညဘက်နဲ့ ထမင်းစားပြီတဲ့အချိန်တွေမှာ စားမယ်ဆိုရင်တော့ ဝိတ်တက်စေပါတယ်။ ဒါကြောင့် ဝိတ်မတက်ချင်ရင်တော့ ဗိုက်ဆာရင်တောင် မစားလိုက်ပါနဲ့။ အသား ညဘက်မှာအသားစားတာဟာ အစာချေစနစ်ကို နှောင့်နှေးစေပါတယ်။ ညဘက်နဲ့ ညအိပ်ယာဝင်ခါနီးမှာစားရင်တော့ အစာမကြေတဲ့အတွက် ဗိုင်အောင့်၊ လေအောင့်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာမစားမိအောင် သတိထားပေးပါ။ ပန်းသီး ညဘက်မစားသင့်တဲ့ထဲမှာ ပန်းသီးလည်းပါပါတယ်။ တချို့က ညဘက်ထမင်းမစားဘူး၊ သစ်သီးတွေစားကြတယ်။ စားတဲ့သစ်သီးထဲမှာ ပန်းသီးလည်းပါနေမှာပါ။ ပန်းသီးကို ညဘက်မှာစားတာဟာ အစာချေစနစ်ကိုနှောင့်နှေးစေပါတယ်။ ဒါကြောင့် […]