ကျန်းမာရေးဗဟုသုတ

ဦးနှောက်ကျန်းမာရေးနဲ့ မှတ်ဉာဏ်တွေ မဆုံးရှုံးစေမယ့် ချောကလပ်

မကြာသေးခင်မှ ပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်တွေအရ သွားတွေကို အန္တရာယ်ပေးတတ်တဲ့ ချောကလက်ဟာ ဦးနှောက်၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ မှတ်ဉာဏ်တွေကောင်းဖို့ ကူညီပေးတာကို သိခဲ့ရပါတယ်။
ဒါကတော့ ချောကလက် ကြိုက်နှစ်သက်သူတွေရဲ့ သတင်းကောင်းပါပဲ။ ဒါပေမယ့် ချောကလက် စားပြီးရင်တော့ သွားတိုက်ဖို့တော့ မမေ့ပါနဲ့နော်။

ချောကလက်ပြုလုပ်တဲ့ Cacao သီးတွေမှာ မှတ်ဉာဏ်ကို အားကောင်းစေပြီး ဦးနှောက်ကျန်းမာရေးကို ကောင်းစေတဲ့ Antioxidants တွေ ပါဝင်ပါတယ်။

ပုံမှန် Cacao သီးတွေစားသုံးပေးရင် အသက်ကြီးလာတာကြောင့် မှတ်ဉာဏ်ချို့ယွင်းတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

လေ့လာစမ်းသပ်ချက်
အီတလီနိုင်ငံက သိပ္ပံပညာရှင်တွေက ချောကလက်လုပ်တဲ့ Cacao သီးတွေကို သုတေသနပြုလုပ်ခဲ့ပါတယ်။ Cacao သီးတွေစားသုံးပြီးရင် ဦးနှောက်အပေါ်သက်ရောက်မှုကို အချိန်ပေးပြီးလေ့လာခဲ့ကြပါတယ်။ လေ့လာတွေ့ရှိမှုကို သိပ္ပံဆိုင်ရာ မဂ္ဂဇင်းတစ်မျိုးဖြစ်တဲ့ Frontiers in Nutrition မှာ ရေးသားခဲ့ကြပါတယ်။

သုတေသနပညာရှင်တွေက Cacao သီးကို စားသုံးပြီးရင် ဦးနှောက်ကို သွားတဲ့ သွေးစီးဆင်းမှုတွေ အားကောင်းလာတာတွေ့ရပါတယ်။ ဒါတွေက မှတ်ဉာဏ်တွေကို ကောင်းစေပါတယ်။

အထူးသဖြင့် မှတ်ဉာဏ်နဲ့ ဦးနှောက်ကျန်းမာရေး အနည်းငယ် ထိခိုက်နေတဲ့ သက်ကြီးရွယ်အိုတွေမှာ Cacao သီးစားသုံးမှုကြောင့် ပြန်လည် တိုးတက်လာတာကို တွေ့ရပါတယ်။

ဒါကြောင့် ချောကလက်ကို အလွန်အကျွံမဟုတ်ဘဲ ပုံမှန်လေးစားသုံးပေးသင့်ပါတယ်။ ချောကလက် စိတ်ဓာတ်ကျ ရောဂါကိုလည်း သက်သာ ပျောက်ကင်းစေပြီး အမျိုးသမီးတွေ ဓမ္မတာ လာချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။
crd;copy mfm

Leave a Reply

Your email address will not be published. Required fields are marked *