ကျန်းမာရေးဗဟုသုတ

၀မ်းချုပ်တာတွေ ပျောက်ကင်းဖို့အတွက် နာနတ်သီး

ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီလေ့မရှိပါဘူး။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးမှုနည်းရင် ဝမ်းချုပ်တာတွေ ဖြစ်တတ်ပါတယ်။

ဝမ်းပုံမှန်ကောင်းစေချင်ရင် နာနတ်သီးကို တစ်ပတ်မှာ ၃၊၄ကြိမ်လောက်စားပေးသင့်ပါတယ်။
နာနတ်သီးဖျော်ရည် ၂၅၀ ml မှာဆိုရင် အမျှင်ဓာတ်ပါဝင်မှု ဝ.၅ ဂရမ်ပါဝင်တာကြောင့် ဝမ်းချုပ်တာကြာနေရင် တစ်ရက်ကို ၈ ခွက် (၁လီတာခွဲလောက်) သောက်သုံးသင့်ပါတယ်။

အကယ်၍ ခရီးသွားတာတို့ အစားအသောက်ပြောင်းလို့ ၁ရက်၊ ၂ရက်လောက် ဝမ်းချုပ်တာမျိုးဆိုရင်လည်း မနက်မိုးလင်း ဘာမှမစားခင်မှာ နာနတ်သီးဖျော်ရည် တစ်ခွက်သောက်ပြီး ရေ 200 ml လောက်ထပ်သောက်လိုက်ပါ။ ဒါဆိုရင် ဝမ်းသွားပါလိမ့်မယ်။
ကလေးတွေဆိုရင် နာနတ်သီး ဖျော်ရည် ခွက်တစ်ဝက်လောက်သောက်ပြီး ရေ ခွက်တစ်ဝက်လောက်ထပ်သောက်ပါ။

နာနတ်သီးရဲ့ အကျိုးကျေးဇူးများ
အဆီတွေကို လောင်ကျွမ်းနိုင်တာကြောင့် အဝလွန်နေတဲ့သူတွေ စားသုံးသင့်ပါတယ်။
ရောင်ရမ်းတာတွေ သက်သာစေတာကြောင့် ဂေါက်ရောဂါနဲ့ အဆစ်အမြစ်ရောင်ရမ်းသူတွေ စားပေးသင့်။
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေ။
ခန္ဓာကိုယ်က သံဓာတ်စုပ်ယူအားကောင်းစေ။
သွေးကြောထုံးတာတွေကို ကာကွယ်ပေး။
သွေးတိုးတာကို ကာကွယ်ပေးပါတယ်.!!!
crd;copy

Leave a Reply

Your email address will not be published. Required fields are marked *