ကျန်းမာရေးဗဟုသုတ

ကြက်ဥထက် ပရိုတင်းဓာတ် ပိုများတဲ့ အစားအစာ ၅မျိုး

ကြက်ဥဟာ ပရိုတင်းဓာတ် ကြွယ်ဝပြီး ကလေးငယ်တွေ ကြီးထွားဖို့နဲ့ အားရှိဖို့ အဓိကကျွေးရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကြက်ဥထက်ပိုပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ရှိနေပါသေးတယ်။ ကြက်ဥပြုတ် အကျတ်တစ်လုံးဟာ ပရိုတိန်း ၆ဂရမ်ထိ ပါဝင်ပါတယ်။ ဒီထက်ပိုပြီး ဘယ်လို အစားအစာတွေမှာ ပရိုတိန်းက ပါဝင်ရပါသလဲ။

၁။ စိမ်းပြာရေညှိ
ရေထဲက ငါးတွေပဲ ပရိုတင်းဓာတ် ရှိတာ မဟုတ်ပါဘူး။ စိမ်းပြာရေညှိလို့ ခေါ်တဲ့ ရေညှိအခြောက် ၂ဇွန်းမှာ ပရိုတင်းဓာတ် ၈ဂရမ်အထိ ပါဝင်ပါတယ်။ ဒါပေမယ့် ကယ်လိုရီကတော့ ၄၀ပဲ ရှိပါတယ်။ ဒါကြောင့် Salad တွေ စားတဲ့အခါမှာလည်း ရေညှိလေးထည့်စားဖို့ အကြံပေးပါတယ်။ ဝိတ်ကျနေသူတွေ အတွက်လည်း ရေညှိဟာ ကောင်းကောင်း ကူညီပါလိမ့်မယ်။

၂။ ပဲပိစပ်
ပဲပိစပ်ကို လှော်ထားတဲ့ သရေစာ တစ်ပန်းကန်မှာ ပရိုတင်းဓာတ် ၁၅ဂရမ် အထိ ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်လည်း ပါဝင်နေပါသေးတယ်။ ဝိတ်ကျသူတွေ အတွက် စားလို့ရတဲ့ သရေစာ တစ်မျိုးပါ။

၃။ ဒိန်ချဉ်
ပရိုတိန်းတွေ အများဆုံး ဘယ်က ရနိုင်မလဲ မေးရင် ဒိန်ချဉ်က ရနိုင်ပါတယ်လို့ ဖြေရပါလိမ့်မယ်။ ဒိန်ချဉ် ခွက်လေး တစ်ခွက်မှာ ပရိုတိန်း ၁၇ဂရမ် ပါဝင်ပြီး ကယ်လိုရီကတော့ ၁၀၀ ပဲ ပါပါတယ်။ ဒါကြောင့် ဒိန်ချဉ်သောက်သူတွေဟာ ဝိတ်ကျဖို့ အတွက် အလားအလာကောင်းစေနိုင်တာပါ။

၄။ Gruyere Cheese
Gruyere Cheese ဟာ ဆီဒင်ကနေ လာတဲ့ ချိစ်အမျိုးအစားတစ်ခုပါ။ Gruyere Cheese တစ်အောင်စမှာ ပရိုတင်းဓာတ် ၈ဂရမ် အထိ ပါဝင်ပါတယ်။ ကယ်လိုရီကတော့ ၁၁၇ပါ။

၅။ ဖရုံစေ့လှော်
ဖရုံစေ့လှော်ဟာ မက်ဂနီဆီယမ်ဓာတ်တွေ အများဆုံး ပါဝင်တဲ့ သရေစာ တစ်မျိုးပါ။ ဖရုံစေ့လှော် တစ်ခွက်မှာ ပရိုတင်း ၁၀ဂရမ် အထိ ပါဝင်ပါတယ်။ အိပ်မပျော်သူတွေ အိပ်ခါနီး စားပေးသင့်ပြီး အခြားသရေစာတွေ နေရာမှာ အစားထိုး စားသင့်တဲ့ သရေစာ တစ်မျိုးပါ။
Source: womenshealthmag

Leave a Reply

Your email address will not be published. Required fields are marked *