ကျန်းမာရေးဗဟုသုတ

ဆေးစုံနေပြီဆိုတဲ့ ခါးနာနေသူများအတွက် ဆေးနည်းပေါင်းချုပ်။

ဆေးစုံနေပြီဆိုတဲ့ ခါးနာတတ်သူများအတွက် ဆေးနည်းပေါင်းချုပ်။ ခါးနာအတွက် ဆေးနည်းတိုများ- သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ ယားလာလျှင် ဖြည်ပေးပါ။ -သက်ရင်းကြီးရွက် (၇)ရွက်ကို အိပ်ယာအောက်တွင် ခင်းအိပ်လျှင် ခါးနာသက်သာသည်ဟု ရှေးလူကြီးများ သုံးကြသည်။ -ကိုရန်ကြီး(ခတ္တာပင်) အရွက်ကို ပျော့အောင် မီးကင်ပါ။ မုံညှင်းဆီ(သို့) နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီး အဝတ်ဖြင့် ပတ်စည်းထားပါ။ ဗာဒံရွက်(ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကို ခါးတွင်၃ရွက်ခန့် ကပ်ပြီး ခါးနာလျှင် ပတ်သည့်ခါးပတ်ဖြင့် ပတ်ထားလျှင် ခါးကြောညပ်၊ ခါးဆစ်နာသက်သာစေသည်။ -သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ် ခါးတွင်ကပ်ပြီး ပတ်ထားလျှင် သက်သာစေသည်။ -ချင်းခြောက်မှုန့် ၂ဆ၊ လင်းနေမှုန့် ၁ဆ၊ သစ်ကြံပိုးခေါက်မှုန့် ၁ဆ ရောစပ်။ ရေနွေးဖြင့် ကျေညက်အောင် ခေါက်ဖျော်ပြီး ဂွမ်း(သို့) ပတ်တီးစပေါ်တွင် သုပ်လိမ်း၊ […]

ကျန်းမာရေးဗဟုသုတ

ငှက်ပျောရွက် အစွမ်းထက်လိုက်ပုံနဲ့ ချောင်းဆိုးရင်ကြပ်၊ ဝမ်းချုပ်၊ ခံတွင်းအနာ၊ ထိခိုက်အနာ၊ ဆီးချို။

သင်ထင်မထားတဲ့ ငှက်ပျောရွက်ရဲ့ အကျိုးအာနိသင် ငှက်ပျောရွက်က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ် ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ချောင်းဆိုးရင်ကြပ်- ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုပေးပါ။ ပြီးရင်ပျားရည်လေးနဲ့ရောပြီး သောက်ပေးလို့ရပါတယ်။ လေပြွန်ရောင်ရမ်းနာ- သင်မှာ နာတာရှည်ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများရှိမယ်ဆိုရင် သဘာဝဆေးအနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ ကူးစက်ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ […]

ကျန်းမာရေးဗဟုသုတ

အာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သည့်အတွက် ပုံမှန်စားသုံးပါက အာဟာရဓာတ်ချို့တဲ့ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်သည့် ဒန့်သလွန်ရွက်။

ဒန့်သလွန်ရွက်တွင် အာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သည့်အတွက် ပုံမှန်စားသုံးပါက အာဟာရဓာတ်ချို့တဲ့ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ပါသည်။ ယင်းတွင်ပါဝင်သော ပရိုတင်းဓာတ်များသည် ကလေးသူငယ်၊ နို့တိုက်မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် များစွာအကျိုးရှိပါသည်။ ထို့ကြောင့် ယခုအခါတွင် အာဟာရဓာတ်ချို့တဲ့သောနေရာများ၌ ဒန့်သလွန်ပင်များ စိုက်ပျိုးပြီး လူတွေစားသုံးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ထို့အပြင် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် (Johns Hopkins University) မှ လေ့လာတွေ့ရှိချက်အရ အာဖရိကတွင် ဖြစ်ပေါ်နေသော အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရန်အတွက် အပင်ပေါင်း (၁၈) မျိုးကို လေ့လာရာတွင် ဒန့်သလွန်ရွက်မှာ အသင့်တော်ဆုံးဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဆေးဖက်ဝင်အာနိသင် အပြည့်အဝရရှိစေရန် စားသုံးနည်းမှာ ဒန့်သလွန်ရွက်ကို ဟင်းခါးအဖြစ် ချက်ပြုတ်စားသုံးရာတွင် အပူကြာကြာပေးမိခြင်းဖြင့် ယင်းတွင်ပါဝင်သော အာဟာရဓာတ်များ ဆုံးရှုံးမှု ရှိ/မရှိ ကို […]

ကျန်းမာရေးဗဟုသုတ

သစ်သီးဆိုင်တွေက လုံးဝမပြောပြတဲ့ အသီးများရွေးနည်း လျှို့ဝှက်ချက်များ။

သစ်သီးဆိုင်တွေ သင့်ကိုလုံးဝမသင်ပေးတဲ့ အသီးရွေးနည်း လျှို့ဝှက်ချက်များ ပန်းသီးရွေးရင် အစင်းလိုင်းပါတာ ရွေးပါ။ အပေါ်ရော အောက်ရော အချိုင့်နက်နက်လေးဖြစ်လေ ချိုလေပါ။ ငှက်ပျောသီး အပေါ်ရော အောက်ရော စိမ်းနေရင် မဝယ်ပါနဲ့။ သရက်သီးမျက်နှာပြင်ပေါ်မှာ နှမ်းမဲလိုမျိုး အစက်အပျောက်ပါတာ ဝယ်ပါ။ ပိုချိုတယ်။ နဂါးမောက်သီး ပိုလေးတာရွေးပါ။ အခွံထိပ်ဖျားစိမ်းလေ လတ်ဆတ်လေပါ။ မင်းဂွတ်သီး ထိပ်ပိုင်းအခွံစိမ်းလေ လတ်ဆက်လေပါ။ အောက်ခြေမှာရှိတဲ့ အပွင့်အခက်က မင်းဂွတ်သီးအတွင်းသား အရေအတွက်နဲ့ ညီမျှပါတယ်။ အပြင်အခွံပျော့လေ ပိုကောင်းလေပါ။ ဒူးရင်းသီးရွေးရင် အဆူးကျဲရင် အသားများမယ်။ အဆူးစိပ်တာရွေးရင် အသားနည်းမယ်။ အဆူးနှစ်ခုကို လက်နဲ့ ညှစ်ကြည့်ပါ။ ညှစ်လို့ရရင် မှည့်နေပြီ။ ညှစ်လို့မရ မာမာကြီးဆို ရင့်သေးတယ်၊ မဝယ်ပါနဲ့။ နာနတ်သီးရွေးရင် ရွှေဝါရောင်သန်းနေတာ ရွေးပါ။ နာနာတ်သီး ဝပြီးပုနေတာ မရွေးနဲ့၊ […]

ကျန်းမာရေးဗဟုသုတ

အိပ်ယာ၀င်လျှင် အတူမအိပ်သင့်သော အရာ(၅)မျိုး။

အတူအိပ်ပါက အန္တရာယ် ဘာ့ကြောင့်ဖြစ် “အတူမအိပ်သင့်၍ရှောင်ရန်” ၁။ နာရီဝတ်ပြီးမအိပ်ပါနဲ့ ။ (သေးငယ်သော်လဲ ရေဒီယိုသတ္တူကြွနူန်းပြင်း၍ ကိုယ်တွင်းဟော်မုန်းစနစ်များဖျက်ပစ်လိမ့်မည်။) ၂။ အတွင်းခံ တင်းတင်းကျပ်ကျပ်ဝတ်ပြီး မအိပ်ပါနဲ့။ (ချွေးပေါက်ပိတ်မည်။ဆီးကြော/ဝမ်းကြောပိတ်မည်။) ၃။ ဖုန်း/ကွန်ပြူတာ /လက်ပ်တော့ နဲ့ နီးရာမှာမအိပ်ပါနဲ့ ။ (သံလိုက်လှိုင်းကြောင့် အာရုံကြောထိခိုက်မည်။) ၄။ မိတ်ကပ်လိမ်းပြီး မအိပ်ပါနဲ့။ (ဖုန်အညစ်အကြေးများနှင့် ချွေးပေါက်ပိတ်၍ ဘုမထွက်စေရန်ခြေလက်မျက်နှာဆေးကြောပြီးမှ အိပ်ပါ။) ၅။ သူတစ်ပါးရဲ့ယောင်္ကျား (သို့) မိန်းမလို့ သိရက်နဲ့ မအိပ်ပါနဲ့။ (ဒုသနသော ငရဲ ကအကြီးဆုံးမို့ပါ ။) Credit-Original Uploader အတူအိပ်ပါက အန္တရာယ် ဘာ့ကြောင့်ဖြစ် “အတူမအိပ်သင့်၍ရှောင်ရန်” ၁။ နာရီဝတ်ပြီးမအိပ်ပါနဲ့ ။ (သေးငယ်သော်လဲ ရေဒီယိုသတ္တူကြွနူန်းပြင်း၍ ကိုယ်တွင်းဟော်မုန်းစနစ်များဖျက်ပစ်လိမ့်မည်။) ၂။ အတွင်းခံ တင်းတင်းကျပ်ကျပ်ဝတ်ပြီး […]

ကျန်းမာရေးဗဟုသုတ

ကင်ဆာကာကွယ်သည့် နာမည်ကျော် မင်းဂွတ်သီးဖျော်ရည်လုပ်နည်း။

ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားသည့်နှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ ကင်ဆာဖြစ်ရသည့် အကြောင်းရင်းများတွင် အဓိကကျသည်မှာ အနေအထိုင်၊အစားအသောက် မှားယွင်းခြင်းပင် ဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက် အလွန်အကျွံသောက်ခြင်းစသည့် ကင်ဆာအားပေးအပြုအမူများကို ရှောင်ကြဉ်ကြရပါမည်။အစားအစာနှင့် ပတ်သက်လျှင် ကင်ဆာအားပေးသော အစားအစာများကို ရှောင်ကြဉ်ပြီးကင်ဆာကို ကာကွယ်တိုက်ဖျက်နိုင်သော အစားအစာများကို နေ့စဉ်စားပေးမည်ဆိုလျှင်ကင်ဆာဖြစ်ရန် အလားအလာ လျော့နည်းမည်ဖြစ်ပါသည်။ ယင်းတို့အနက် မင်းကွတ်သီးဖျော်ရည်သည်လည်း ကင်ဆာမဖြစ်စေရန် ကာကွယ်နိုင်စွမ်းရှိသောကြောင့် မကြာခဏသောက်သုံးသင့်ပါကြောင်း အကြံပြုပြောကြားလိုပါသည်။ သာမန်အားဖြင့် မင်းကွတ်သီး၏ အတွင်းသား (White flesh) ကိုသာ စားလေ့ရှိကြပြီး ဆေးဖက်ဝင်သည့် အပြင်အခွံကိုမူ စားလေ့မရှိကြပါ။ ထို့ကြောင့် ဖျော်ရည်လုပ်သောက်မှအဆင်ပြေပါသည်။ အတွင်းသားကို ဇွန်းဖြင့်ဖယ်လိုက်လျှင် အပြင်အခွံများ ကျန်ရှိပါမည်။ ယင်းအခွံတွင် အပြင်ပိုင်းမာကျောသည့်အခွံနှင့် အတွင်းပိုင်းပျော့သည့်အခွံဟူ၍ (၂) ပိုင်းရှိသည်။ အပြင်ပိုင်း အခွံအမာသားသည် […]