သစ်သီးဆိုင်တွေ သင့်ကိုလုံးဝမသင်ပေးတဲ့ အသီးရွေးနည်း လျှို့ဝှက်ချက်များ
ပန်းသီးရွေးရင် အစင်းလိုင်းပါတာ ရွေးပါ။ အပေါ်ရော အောက်ရော အချိုင့်နက်နက်လေးဖြစ်လေ ချိုလေပါ။
ငှက်ပျောသီး အပေါ်ရော အောက်ရော စိမ်းနေရင် မဝယ်ပါနဲ့။
သရက်သီးမျက်နှာပြင်ပေါ်မှာ နှမ်းမဲလိုမျိုး အစက်အပျောက်ပါတာ ဝယ်ပါ။ ပိုချိုတယ်။
နဂါးမောက်သီး ပိုလေးတာရွေးပါ။ အခွံထိပ်ဖျားစိမ်းလေ လတ်ဆတ်လေပါ။
မင်းဂွတ်သီး ထိပ်ပိုင်းအခွံစိမ်းလေ လတ်ဆက်လေပါ။ အောက်ခြေမှာရှိတဲ့ အပွင့်အခက်က မင်းဂွတ်သီးအတွင်းသား အရေအတွက်နဲ့ ညီမျှပါတယ်။ အပြင်အခွံပျော့လေ ပိုကောင်းလေပါ။
ဒူးရင်းသီးရွေးရင် အဆူးကျဲရင် အသားများမယ်။ အဆူးစိပ်တာရွေးရင် အသားနည်းမယ်။ အဆူးနှစ်ခုကို လက်နဲ့ ညှစ်ကြည့်ပါ။ ညှစ်လို့ရရင် မှည့်နေပြီ။ ညှစ်လို့မရ မာမာကြီးဆို ရင့်သေးတယ်၊ မဝယ်ပါနဲ့။
နာနတ်သီးရွေးရင် ရွှေဝါရောင်သန်းနေတာ ရွေးပါ။ နာနာတ်သီး ဝပြီးပုနေတာ မရွေးနဲ့၊ ပိန်ရှည်လေးရွေး။
ဖရဲသီး လိုင်းညီညီလေးရှာဝယ်ပါ။ ပိုချိုပါတယ်။ ဖရဲသီးရဲ့ ထိပ်ပိုင်းကို နှိုင်းယှဉ်ကြည့်ပါ။ အဝိုင်းသေးတာမျိုး ရှာဝယ်ပါ။
Credit-Food for u