ဆန်ပုန်းရည် ပြုလုပ်နည်း ဆေးဖက်ဝင်ပုံနှင့် သုံးစွဲနည်း (၁၁) မျိုး
ဆန်ပုန်းရည်မှာ လူကို အကျိုးပြုစေသည့် Probiotic များစွာ ပါဝင်တဲ့ ကျန်းမာရေး အတွက် အရာရောက်သော အရည်တစ်မျိုးဖြစ်ပါတယ်။ ရှမ်း၊ မွန်လူမျိုးများမှာ ဆန်ပုန်းရည်အိုး တည်ပြီး အသုံးပြုတာ တွေ့ရပါတယ်။
ဆန်ပုန်းရည် ပြုလုပ်နည်း –
ထမင်းချက်လျှင် ဒုတိယဆန်ဆေး ရည်နင့် တတိယ ဆန်ဆေးရည်တို့ကိုယူပြီး အိုးသစ် ၁ လုံးတွင် ထည့်ပါ။ အိုးသစ် သုံးရခြင်းမှာ ဆန်ပုန်းရည် မပုပ်စေရန်နှင့် အနံ့ဆိုများ ကင်းစေရန်ဖြစ်တယ်) ဆားသင့်ရုံ သန့်ရှင်းသော ထမင်းကြ မ်း အနည်းငယ်ထည့်ပြီး အိုးလုံအောင်ဖုံး ထားပါ ၃ ရက်ကျော်လျှင် ချဉ်လာပါမည်။ အချဉ် ရလာပါက မနက်ပိုင်း ဆားနဲ့ ထမင်းကြမ်း ထည့်ပါက ညနေပိုင်းဆန်ပုံးရည် ဖြစ်ပါတယ်။
အသုံးဝင်ပုံ –
၁။ကန်စွန်းရွက် မုန်လာရွက် အသား. ငါး. ပုဇွန်. နှင့် ချဉ်ဟင်းချက်ရာတွင် မန် ကျည်းသီး အစား ဆန်ပုန်းရည်ဖြင့် ချက်နိုင်ပါတယ်။ အတို့ အမြုပ်များ ပြုတ်ရာမှာလည်း အစာကြေပြီး အလွန် ခံတွင်းလိုက်ပါတယ်
၂။သားငါး ခုတ်ထစ်ပြီး ဆေးလျှင်လည်း အညှိ အကျိ. အချွဲများ ပျောက်ပါတယ်။ ရေအစား ဆန်ပုန်းရည် ထည့်ချက်ပါက နူးလွယ်ပါတယ်။ ငါးပိသိပ်ရာမှာလည်း သုံးပါက နူးနပ် မွှေးကြိုင်လှပါတယ်။
၃။ဆန်ပုံးရည် ၁ ပိသာမှာ ရှောက်သီးအကြီး ၁ လုံးထည့် ရေခမ်းအောင် ပြုတ်ပါ။ ရှောက်သီးမှ အစေ့များထုတ်ပြီး ဆားအနည်းငယ်ထည့် မနက်. ည. ကွမ်းသီးလုံးခန့် စားပေးပါက လေထိုး. လေအောင့်. ရင်ဘတ်နာ. ရောဂါများ ပျောက်စေတယ်လို့ဆိုပါတယ်။
၄။သွေးဆုံးမီးယပ် ပျောက်စေပြီး မီးဖွားရ လွယ်ကူ သက်သာစေတယ်။ အချို့က အစာမကြေလေနာအတွက် ဆန်ပုံးရည်အိုးတွင် ရှောက် သံပုရာခွံများ ထည်ကာ မှီဝဲသုံးစွဲကြသည်။
၅။ဆန်ပုံးရည် ၁ ပိသာမှာ စမုန်မျိုး ၅ ပါး ၅ ပဲသား ကို အဝတ်ဖြင့် ထုပ်ပါ ၃ ရက် ကျော်လျှင် အကြမ်းပုဂံ ၁ လုံးတွင် သကြား အနည်းငယ် စပါးလင် အနည်းငယ် ထုထောင်း ပြီး သောက်ပါက အမျိးသမီးများ အဖြူဆင်းရောဂါ ပျောက်စေပါတယ်။
၆။ဆန်ပုံးရည်အိုးထဲက ထမင်းချဉ်ကို ဆယ်ပြီး ရေစစ်ကာ သားငါး ပုဇွန်. ပဲ နှင့် ထမင်းကြော်စားပါက အလွန် အရသာ ရှိပါတယ်။ ရေနွေးကြမ်းနဲ့ အလွန်လိုက်လှပါတယ်။ ထိုထမင်းချဉ်ကို ငရုတ်. ကြက်သွန်ဆီ. ဆားနဲ့ သုပ်စားတာလည်း အလွန်ကောင်းပါတယ်။
၇။ဆန်ပုံးရည်ကို မနက်စာ မစားမီ အဝသောက်ပါက ဆီး လေကောင်းစေပါတယ်။ အပူဒါဏ်အအေးဒါဏ် ခံနိုင်ရည်ရှိစေပါတယ်။ ပန်းလန်းပြီး ဒူလာကောင်း တယ်လို့ ဆိုပါတယ်။
၈။ကြောင်ပန်းရွက်ကို ဆန်ဆေးရည်နဲ့ ပြုတ်ပြီး ကြက်သွန်. ဆီ.ဆား. ငါး ကျည်း ခြောက်နှင့် သုပ်စားပါက သူငယ်နာ ဝမ်းပျက်. မီးယပ်ဝမ်းပျက် ပျောက်စေတဲ့အပြင် သကျည်းကိုက်ခြင်း ရောဂါများကို ပျောက်စေပါတယ်။
၉။လူကြီး သူမများက အိမ်နောက်ဖေး ဆန်ပုန်းရည်တည်ပြီး အိမ်ရှေ့ စပါးလင်မွှေး စိုက်ပါက တစ္ဆေ သရဲ ပရောဂများ ကင်းစေတယ်လို့ ဆိုပါတယ်။
၁၀။ဆံသားတွေကောင်းပြီး မဲနက်တောက်ပြောင်စေဖို့ ဆန်ပုန်းရည်ကို ခေါင်း မလျှော်မီ နာရီဝက်ကြိုပြီး ဦးရေ ဆံရင်းထိအောင်လိမ်းပြီး စိမ့်ဝင်စေရန် ၂၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးမှ ရိုးရိုးရေနဲ့ဆေးပြီး တရော် ကင်ပွန်း ခေါင်းလျော်ရေနဲ့ လျော်ပါ။
၁၁။ဆန်ပုန်းရည်က ချွေးပေါက်များကို ကင်းစေပြီး အသားအရေ လှပဝင်းလက်စေလို့ မျက်နှာသန့်ဆေးရည် အရေပြားလှဆေးရည်အဖြစ် မနက်ပိုင်းနဲ့ ညနေပိုင်း ဆေးပေး လိမ်ပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ဒီလို လက်စွဲသုံးလာကြတဲ့ ဆန်ပုံးရည်ရဲ့ ကောင်းကျိုးတွေကို မှတ်သားထားပြီး အလေ အလွင့်မဖြစ်စေပဲ ဆေးအဖြစ် သုံးနိုင်စေရန် ရေးသားမျှဝေလိုက်ပါတယ်။
Credit – ဆရာရဲ ( မင်္ဂလာတိုင်းရင်းဆေး)