ဒူးနာခြင်း၊ ခြေကျင်းဝတ်နာနှင့် ရိုးတွင်းချဉ်ဆီ အားမကောင်းတော့ရင် ရိုးတွင်းချဉ်ဆီအတွက် သဘာဝဆေးနည်း
ဒူးနာခြင်း ခြေကျင်းဝတ် နာကျင်ကိုက်ခဲခြင်းအတွက်
ဒူးနာခြင်း ခြေကျင်းဝတ် နာကျင်ကိုက်ခဲခြင်းတို့သည် အသက်အရွယ်မရွေး ဖြစ်တတ်ပါသည်။အသက်၄၀ကျော်ပြီး အမျိုးသားများ အမျိုးသမီးများတွင် ရိုးတွင်းချဉ်ဆီ ခမ်းခြောက်လာခြင်း ကြောင့် ပိုပြီးတော့ အဖြစ်များတတ်သည်။ ထိုသို့ဖြစ်လာလျှင် ကိုယ်တွေ့ဆေးနည်းလေးကို ပြောပြပါရစေ။
ဆေးနည်း
၁။ရှားစောင်းလက်ပတ်ပင် အထဲမှအနှစ်ကို ခြစ်ယူပါ။ ( ရေနွေးသောက် ပန်းကန်တစ်လုံးစာ )
၂။နွားနို့အစိမ်း ပန်းကန် ( ၃ )လုံးစာနှင့်ရောပါ ( အစိမ်းမကြိုက်ရင် ကျိုပြီးထည့်ပါ)
၃။ဆားနဲ့သကြား အနည်းရော၍ သမအောင် မွှေပြီးလျင် သောက်ပေးပါ။
ဖျော်ရည်စက်နဲ့ ဖျော်ပြီးလည်း သောက်လို့ရပါတယ်။ ၁ လကိုအနည်းဆုံး ( ၃ )ကြိမ်သောက်ပေးလဲရပါတယ်။ ( ၇ )လအကြာတွင် (၂၁) ကြိမ်သောက်သုံးပြီးပါက လုံးဝပျောက်ကင်းကြောင်း လက်တွေ့သိရပါမည်။
အနာနဲ့ဆေး တွေ့ပြီး ဝေဒနာ သက်သာကြပါစေ။
မေတ္တာဖြင့် Kyaw Yi mon ( HTD)
Credit – Kyaw Yi mon ( HTD)