ကျန်းမာရေးဗဟုသုတ

ငှက်ပျောသီး၏ အခြား အံ့အားသင့်ဖွယ် အသုံးဝင်ပုံ ( ၁၀ ) မျိုး

ငှက်ပျောသီး၏ အခြား အံ့အားသင့်ဖွယ် အသုံးဝင်ပုံ ( ၁၀ ) မျိုး

၁။ ဝက်ခြံများကို သက်သာစေခြင်း။ ငှက်ပျောသီးမှာဆိုရင် ဗီတာမင်စီနှင့် အီးကဲ့သို့သော ဓါတ်တွေအများကြီးပါဝင်သဖြင့် ဝက်ခြံဖြစ်ခြင်းကို သက်သာစေပါတယ်။ သင့်မျက်နှာကို ငှက်ပျောခွံနှင့်ပွတ်ပြီး ၅-၁၀ မိနှစ်အထိထားပေးပါ။ ထို့နောက်ရေနှင့်ဆေးလိုက်ပါ။ တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးပါ။

၂။ အရေးအကြောင်းလျော့နည်းစေခြင်း၊ အရေးအကြောင်းဆိုတာကတော့ အရေပြားတင်းရင်းမှု လျော့နည်းလာခြင်းဖြစ်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ဗီတာမင်စီက အရေးအကြောင်းများကို သက်သာစေပါတယ်။ သင်မအိပ်မီ ငှက်ပျောသီးခွံကို မျက်နှာအနှံ့ပွတ်ပေးပြီး မိနစ်သုံးဆယ်ခန့် ထားပါ။ ထို့နောက် မျက်နှာသစ်ပြီး အစိုဓါတ်ထိန်းသိမ်းပေးသည့် ခရင်လိမ်းပေးပါ။ တစ်ပတ်သုံးကြိမ် လုပ်ပေးပါ။

၃။ ငွေထည်တွေကို အရောင်တင်ခြင်း၊ ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါတဲ့အတွက် သင့်အိမ်ရှိ ငွေထည်ပစ္စည်းများကို အရောင်တင်ရန် သုံးနိုင်ပါတယ်။ ငှက်ပျောခွံနှင့် ရေ (ခွက်တစ်ဝက်)ကို ဖျော်ရည်ဖော်စက်ထဲထည့်ပါ။ သင့်ငွေထည်ပစ္စည်းတွေကို ထိုဖျော်ရည်နှင့် မိနစ်အနည်းငယ် ပွတ်တိုက်ပေးပါ။

၄။ သစ်စ၊ ဝါးခြမ်းစ စိုက်မိလျှင် ဖယ်ရန် အသုံးပြုခြင်း၊ ငှက်ပျောခွံမှာပါသောဓာတ် တစ်မျိုးကလက်(သို့)ခြေထောက်၌သစ်စများစိုက်မိသောအခါဖယ်ရှားရန်အသုံးဝင်ပါတယ်။ ဒဏ်ရာရသည့်နေရာနားတစ်ဝိုက်တွင်ငှက်ပျောသီးမှည့်ခွံကိုအုံထားပေးပြီး၁၅မိနစ်ခန့်ထားပါ။ ထို့နောက်ဖြေးညှင်းစွာခွာချလိုက်ပြီးမှဒဏ်ရာကိုဖယ်ရှားလျှင်ပိုလွယ်ကူစေပါတယ်။

၅။ မြေသြဇာအဖြစ် အသုံးပြုခြင်း၊ ငှက်ပျောသီးမှာပါသော ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်၊ ဆာလ်ဖာ၊ ဖောစ်ဖရတ်၊ ပိုတက်ဆီယမ်နှင့် ဆိုဒီယမ်တို့က အပင်ကြီးထွားမှုကိုမြန်စေပါတယ်။ ငှက်ပျောခွ့အစသေးသေးများကို အမြစ်ဘေးတွင်မြှုပ်ပေးပါ။ မြေပြန်ဖို့ပြီးပြီးချင်း ရေလောင်းပေးရနိလိုပါတယ်။

၆။ သွားများကို ဖြူစင်စေခြင်း၊ ငှက်ပျောခွံတွင် ကြွယ်ဝစွာပါသော ပိုတက်စီယမ်ဓါတ်က အရောင်စွန်းတာကို ချွတ်ရန် အသုံးဝင်ပါတယ်။ သွားများကို စင်ကြယ်အောင် ဦးစွာတိုက်ပါ။ ငှက်ပျောခွံနှင့် တစ်မိနစ်ခန့်ပွတ်ပြီး ရေဆေးပေးပါ။ နေ့စဉ်လုပ်ရန် လိုပါတယ်။

၇။ အမာရွတ်များကို သက်သာစေခြင်း၊ ငှက်ပျောခွ့ဟာ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်းနှင့် အမာရွတ်ဖြစ်ခြင်းများကို သက်သာစေပါတယ်။ အမာရွတ်ရှိသည့်နေရာတစ်ဝိုက်ကို ငှက်ပျောခွံနှင့်ပွတ်ပြီး တစ်နာရီ (သို့) တစ်ညလုံးထားပေးပါ။ ထိုသို့ နေ့စဉ်ပြုလုပ်ပေးပါ။

၈။ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း၊ငှက်ပျောသီးမှာပါဝင်သော ပိုတက်စီယမ်ဓါတ်ကြောင့် ငှက်ပျောခွံကို နဖူးနှင့် လည်ပင်းတစ်ဝိုက်တွင် ကပ်ပေးခြင်းဖြင့် ခေါင်းကိုက်တာကို သက်သာစေပါတယ်။

၉။ အသားများကို ကြာရှည်ခံရန် သုံးခြင်း၊ သင်၏အမဲသားများကို လတ်ဆတ်စေရန် ငှက်ပျောမှည့်ခွံကို မီးဖိုပေါ်တွင် ရောကင်ပေးပါ။ ဤနည်းအားဖြင့် သင်၏အမဲကင်သည် အရသာပြည့်ဝ လတ်ဆတ်နေပါလိမ့်မယ်။

၁၀။ အရေပြားယားယံခြင်းကို သက်သာစေခြင်း၊ ငှက်ပျောခွံသည် ယားယံခြင်းအတွက် အိမ်တွင်းကုထုံးဆေးတစ်လက်ဖြစ်ပါတယ်။ ဤသည်မှာ ငှက်ပျောခွံတွင်ပါသော မက်ဂနီဆီယမ်၊ ဗီတာမင်စီနှင့် ဘီတို့ကြောင့် ုဖစ်ပါတယ်။ ယားယံနေသော အရေပြားတစ်ဝိုက်ပေါ်တွင် ငှက်ပျောခွံကို ၁၅ မိနစ်လောက် ထားပေးပါ။ ဤနည်းအတိုင်း ထပ်ခါထပ်ခါ လုပ်ပေးပါ။

Writer – Min Thu

Credit:(Daily Hot News )

Leave a Reply

Your email address will not be published. Required fields are marked *