ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက်ပျောက်
သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာသိသိသာသာ ပျောက်ကင်းသွား သလောက်ဖြစ် သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီး ကိုယ်တိုင် အံ့အားသင့်လို့ သခွတ်သောက်သော လူနာကို မှတ်တမ်းအပြုခံလိုက်ရသော မြန်မာတို့၏ သခွတ်ပင်သာဖြစ်ပါသည်။
သခွတ်ပင်၏ အပွင့် အရွက် အခေါက်တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ။ (လက်ဖက်ခြောက်လိုလည်း သောက်သုံးလို့ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ရအောင် နေဖန့်ဖန့်ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။
ဆေးရည်ကျိုနည်း
ပထမဦးစွာ ဆေးကျိုုရန် အတွက် မြေအိုးအသစ် တလုံးကို ရယူပါ မြေအိုးထဲတွင် သခွတ်ပွင့်၊အရွက်နှင့် အခေါက်တို့ကို ရေနဲ့ သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ။တနေ့ကို သုံးကြိမ်( သို့ ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင် ပါသည်။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည်။
အရွက်ခြောက်နဲ့ အပွင့်ခြောက် အနည်းငယ်ကိုလည်း လက်ဖက်ခြောက်ပုံစံ ပြုလုပ်ပြီးတော့လည်း ဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည်။ လက်ဖက်ခြောက်ခပ်သည့် ပုံစံလိုလက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ်ရေနွေးကြမ်း သောက်သုံးသလိုလည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင် ကာကွယ်ခြင်း အကျိုးကျေးဇူး ရရှိပါသည်။
Credit- Mg Mandalay