ခန္ဓာကိုယ်ပေါ်က အဖုအကျိတ်တွေအတွက် အိမ်တွင်းဖြစ်ဆေးနည်း
လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန်ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီး တို နည်းလေးအား ဝေငှပေးခဲ့ ပါသည်။ ဘေးထွက်ဆိုးကျိုးများလည်း မရှိပါသောကြောင့် စိတ်ချယုံ ကြည်စွာ သုံးနိုင်ပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ ပျား ကိုသုံးကြမှ ထုတ်နုတ်ဖေါ်ပြပါသည်။ ရေးသူ (ဦးဇော်ဝင်း -ကုန်းဇောင်းတိုက်နယ်ဆေးရုံ)
ဆေးနည်း –
(၁) ထုံး(ကွမ်းစားထုံး)။
(၂) မန်ကျည်းမှည့်(အစေ့မပါ)။
(၃) ပျားရည်စစ်။
ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ် မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ။ လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊ မန်ကျည်းမှည့်၊ ပျားရည်တို့ မျှတစွာ ရောစပ်သွားသောဆေးကို အဖု အကြိတ် ပေါ်တင်ရန် ဖြစ်ပါသည်။ အဖုအကျိတ်ပေါ် ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ ဆွဲစုပ်သကဲ့သို့ ခံစားရပါမည်။ ပြန်ပြီးမခွာရပါ။ တစ်နေ့လျှင် ထိုဆေးကို(၃) ကြိမ်မျှ တင်ပေးနိုင်ပါသည်။ အဖုအကျိတ်ဖြစ်ကာစဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းပါသည်။ အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။
လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…။
Credit – ရဲမျိုးသူ(ဗောဓိမြိုင်)