သွေးပျစ်၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအတွက် ဝိဇ္ဇာညီနောင်ဟင်းရည်
သွေးတိုး၊ သွေးပြစ်၊ ဆီးချို၊ သွေးချိုအတွက် အမြဲသောက်သုံးသင့်သည့် ဆေးတော်ကြီး –
ဟင်းရည် –
၁။ တကယ်ကို ဆေးစွမ်းထက်တဲ့ ဟင်းရည်မလို့ ဆေးတော်ကြီးဟင်းရည်လို့ ခေါ်ပါတယ်။ ပါဝင်တဲ့ ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။ သူတို့ကို သမားတော်ကြီး နှစ်ဦးလို့ ဆိုသင့်ပါတယ်။ ကျွန်တော့်ဆရာတွေကတော့ ”ဝိဇ္ဇာညီနောင်”လို့ တင်စားခဲ့ကြပါတယ်။ ကန်စွန်းရိုးနီက သွေးအပြစ်ပြုတာတွေ ရှင်းလင်းကုသပေးပြီး ကင်ပွန်းချဉ်ကတော့ သွေးတွင်းပိတ်ဆို့တာကို ရှင်းပေးပြီး ဝမ်းကိုအကျိုးပြုတယ်လို့ အဓိကအကြောင်း ရင်းကို အတိုချုပ် ရှင်းပြဖူးပါတယ်။
ဆရာတွေ ပြောခဲ့သလို တင်စားပြီး ပြောပါ့မယ်။ ဒီဆေးဝိဇ္ဇာညီနောင်ဟင်းရည်ကို စားကောင်းသလို ချဉ်ရည်ဟင်းချက်ပြီး ထမင်းမစားမီ ဆယ့်ငါးမိနစ်ခန့် ကြိုတင်ပြီး ဟင်းရည်တစ်ပန်းကန်ကြို သောက်ထားရင် ဝမ်းထဲမှာ ပြည့်တင်းနေတဲ့လေတွေ ပြိုကွဲပြီး အစာစားခြင်းစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ထမင်းစားနေစဉ်နဲ့ စားအပြီးမှာသောက်ရင်လည်း သွေးပြစ်၊ သွေးတိုးခြင်းနဲ့ ဆီးချို၊ သွေးချိုတက်ခြင်း ကင်းဝေးကာ စိတ်ကြည်လန်းဆန်းစေပါတယ်။
ဝမ်းချုပ် စမြင်းခံခြင်းကို ဖြစ်စေသည့် အစာစားနေစဉ်နှင့် စားပြီးပြီးခြင်း ရိုးရိုးရေအေး၊ ရေခဲရည် စသည်တို့ကို လုံးဝမသောက်ပဲ ရှောင်ကြဉ်ကြပါရန် အကြံပြုပါ၏။ အစားစားနေစဉ်ရေနွေးသင့်ရုံနှင့် ဟင်းရည်တဝသောက်၍ ရပါသည်။ အစာစားပြီးပါက အစာကြေစေရန် အညာထန်းလျက်အညို တစ်ခဲနှစ်ခဲကို ရေနွေးဖြင့် သောက်သုံးပေးကြပါ။ ရေအေးကိုမူ ထမင်းစားပြီးတစ်နာရီကျော်မှသာ နည်းနည်းခြင်းသာ သောက်ပါရန်။
၂။ ဤသို့ ဆင်ခြင်ညဏ် ရှေ့သွား စားသောက်နေထိုင်ပြီး ဝိဇ္ဇာညီနောင်ဟင်းရည်ကို မှီဝဲသောက်သုံး သွားပါက သွေးပြစ်၊ သွေးတိုး၊ ဆီးချို သွေးချိုဝေဒနာများနှင့် အဆစ်အမြစ် ကိုက်ခဲဝေဒနာများအတွက် ဆေးတိုးကာ ကျန်းမာလာနိုင်မည်ဖြစ်၍ လယ်ကန်စွန်းရိုးနီ ကင်ပွန်းချဉ်ဆေးတော်ကြီး ဟင်းရည်ခေါ် ဝိဇ္ဇာညီနောင်ဟင်းရည်ကို သောက်သုံးသင့်ကြောင်းပါဗျာ။
ကျန်းမာချမ်းသာကြပါစေ
Credit – Original Uploader