ကျန်းမာရေးဗဟုသုတ

မိုးကုတ်ဆရာတော် ဘုရားကြီး ချီးမြှင့်သော လေဖြတ်လူမမာများအတွက်ဆေးနည်း

လေဖြတ်လူနာအတွက် အုန်းသီးနှင့် ထနောင်းခေါက်

လေဖြတ်ဝေဒနာ ခံစားနေရ သူများအတွက် ဆေးနည်းကောင်းတစ်လက်

လေဖြတ် ဝေဒနာ ခံစားနေရသူများသည် ပင်ပန်းဆင်းရဲစွာ ခံစားရပါသည်။ ပြုစုရသော မိသားစုများမှာလဲ အင်မတန်မှ ဒုက္ခရောက်ပါသည်။ သို့ဖြစ်ပါ၍ ဆေးဖော်နည်းလေးမျှဝေ လိုက်ပါသည်။

ဆေးဖော်ရန်လိုအပ်သော ပစ္စည်းများ-

၁။ အုန်းသီးရင့်ရင့်တစ်လုံး

၂။ ထနှောင်းခေါက်နှင့် ချက်သော တောအရက်ဦးရည်

ဆေးဖော်နည်းမှာ အုန်းသီး၏ နတ်သမီးပေါက် အနားကို ဓားနှင့် ရှပ်၍ နတ်သမီးပေါက်ကို ဖောက်ပြီး အုန်းရည်များ ထုတ်ပြစ်ရပါမည်။ ၎င်းနောက် အရက်ဦးရည်ကို အုန်းသီးထဲတွင် အပြည့်ထည့်၍ အပေါက်ကို သင့်တော်ရာဖြင့် လုံအောင်ပြန်ပိတ်ပါ။ ပိတ်ပြီးသောအုန်းသီးကို မြေကြီးကို တောင်ဝက်လောက်တူး၍ (၇)ရက် တိတိ မြုပ်ပါ။ (၇)ရက်ပြည့်လျှင် ပြန်ဖော်၍ အုန်းသီးထဲမှ အရက်များပြန်ထုတ်ပြီး ပုလင်းထဲပြန်ထည့်၍ သောက်လို့ရပါပြီ။

ဆေးနည်း အညွှန်း-

တစ်ခါသောက် လဖက်ရည် အကြမ်းပန်းကန် တစ်လုံး တစ်နေ့တစ်ကြိမ်။ ဆေးသောက်ပြီးလျှင် လူနာ၏ ကိုယ်တွင်းမှာ စိုးစိုးစစ်စစ် ဖြစ်တတ်ပါသည်။ ဆိုးရိမ်စရာမရှိပါ။ ဘေးထွက်ဆိုးကျိုးမရှိပါ။ ထွက်လာသော ချွေးများကို သုတ်ပြစ်၍ အဝတ်အသစ် လဲပါ။ လေဖြတ်ထားသော နေရာများကိုလဲ လိမ်းပေး၍ ရပါသည်။

မှတ်ချက် –

၎င်းဆေးနည်းသည် မိုးကုတ်ဆရာတော် ဘုရားကြီး ချီးမြှင့်သော ဆေးနည်းဖြစ်ပါသည်။အသေးစိတ်သိလိုပါက အောက်ပါ ph ကိုဆက်သွယ်၍မေးနိုင်ပါသည်။

Credit-အောင်မြင့် အကွက်(၄၀၆) တမာကုန်းရပ်

သံလျှက်မှော် အနောက် မဟာအောင်မြေမြို့နယ် မန္တလေးမြို့ 

Leave a Reply

Your email address will not be published. Required fields are marked *