ကျန်းမာရေးဗဟုသုတ

ကလေးငယ်လေးများ ချောင်းခြောက်ဆိုးခြင်းအတွက်

ကလေးများနှင့် ကျန်းမာရေး

မွေးစကနေ ခြောက်လအတွင်း ချောင်းခြောက်ဆိုးနေပြီး နေရခက်နေတဲ့ သားသားမီးမီးအတွက် အကောင်းဆုံး ချောင်းဆိုးပျောက်ဆေးကတော့ မိခင်နို့ပါတဲ့။ မိခင်နို့လည်း တိုက်သလို ချစ်စရာ့အရွယ်လေးတွေရဲ့ အသက်အပိုင်းအခြားအလိုက် မိမိဘာသာ အလွယ်တကူဖော်စပ်လို့ရတဲ့ ချောင်းဆိုးပျောက် အစွမ်းထက် အိမ်တွင်းဆေးဝါးလေးတွေ အကြောင်းလည်း သိရလေအောင် ပြည့်ပြည့်စုံစုံလေး တင်ပြပေးလိုက်ပါတယ် မေမေ ဖေဖေတို့ရေ …။

-မိခင်နို့ပာာ မချိုလွန်း မပေါ့လွန်း အနေတော်ဖြစ်တဲ့အပြင် အာပာာရဓာတ်ပေါင်းစုံ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးပျောက်စေမယ့် ပဋိပစ္စည်းတွေ ကိုယ်ခံအားတက်စေမယ့်ဓာတ်တွေကလည်း အလျှံပယ်ပါတဲ့။ ဒီတော့ ချောင်းခြောက်ဆိုးနေလို့ မိခင်နို့တိုက်ကျွေးတာကို မရပ်တန့်လိုက်ပါနဲ့။ နှာခေါင်းထဲကို အစက်ချတဲ့ ဆလိုင်းပုလင်းငယ်လေးတွေကနေ အစက်ချပြီး နှာခေါင်းကို သန့်စင်အောင်၊ ပွင့်အောင် လုပ်လို့ရပါတယ်။ ရင်သွေးလေးအတွက် သင့်တော်ပါ့မလားတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါနော်။

-ကြက်သွန်ဖြူကို အခြောက်ခံ ညက်နေအောင် အမှုန့်ကြိတ်ပြီး မုန်ညင်းဆီ သန့်သန့်လေးနဲ့ ရောလိုက်ပါ။ ဆီကို ရင်သွေးလေးရဲ့ ရင်ဘတ်နဲ့ခြေဖဝါးတွေကို လိမ်းကျံပေးပါ။

-ပင်စမ်းရွက်ခြောက်လေးတွေကို အမှုန့်ကြိတ်ပါ။ အုန်းဆီထဲကို ရောမွှေလိုက်ပါ။ ချောင်းခြောက်ဆိုးနေတဲ့ လသားအရွယ် သားသားမီးမီးရဲ့ ရင်ဘတ်၊ ခြေဖဝါးနဲ့ လည်ပင်းလေးတွေကို အသာအယာ ပွတ်လိမ်းပေးလို့ရပါတယ်။

ခြောက်လကနေ ဆယ်လအတွင်း သားသားမီးမီးလေးတွေအတွက်ကတော့ –

-ဆနွင်းမှုန့်စစ်စစ်ကို ရေနွေးလေး အနည်းငယ်ရောပြီး အနှစ်ပြုလုပ်ပါ။ သူလေးရဲ့ ခြေဖဝါးနဲ့ နဖူးတွေကို ပါးပါးလေး လိမ်းကျံပေးပါ။

-မုန်လာဥနီဖျော်ရည်က ထူးခြားတဲ့ကိုယ်ခံအားပြည့်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တာကြောင့် လတ်လတ်ဆတ်ဆတ် ဖျော်စပ်ပြီးတာနဲ့ နေ့စဉ် အနည်းငယ်စီတိုက်ပေးရင် ချောင်းခြောက်ကို ပျောက်ကင်းစေပါတယ်။

-မြန်မာတွေအိမ်မှာ အမြဲရှိတတ်တဲ့ မုန်ညှင်းဆီကတော့ အရိုးရှင်းဆုံး အထိရောက်ဆုံးပါတဲ့။ ချောင်းခြောက်ဆိုးပြီး မသက်မသာဖြစ်နေတဲ့ ရင်သွေးလေးကို မုန်ညှင်းဆီနွေးလေးနဲ့ နှိပ်နယ်ပေးလိုက်ပါဦး။

-ဆယ်လကနေ တစ်နှစ်အောက် အရွယ်လေးတွေအတွက်

-ကွမ်းရွက်၊ ကြက်သွန်နီခြောက် ပင်စိမ်းရွက်ခြောက်လေးတွေကို ရောစပ်ပြီး မှုန့်ညက်နေအောင် ကြိတ်လိုက်ပါ။ အမှုန့်ကို အုန်းဆီစစ်စစ်နဲ့ ရောနှောပြီး ရင်ဘတ်နဲ့ ခြေဖဝါးလေးတွေကို လိမ်းကျံပေးပါ။

-ပရုတ်ဆီကလည်း ကောင်းမွန်တဲ့ဆေးတစ်လက်ပါတဲ့။ ပရုတ်ဆီလေးနည်းနည်းနဲ့ အုန်းဆီလေးကို ရောစပ်ပြီး သူလေးရဲ့ရင်ဘတ်လေးကို အသာအယာ သပ်ချပေးလိုက်ပါနော်။

-ရေများများတိုက်ပါ။ ရေမပူမအေး နွေးနွေးလေး မကြာခဏ တိုက်ကျွေးပါ။ ချွဲကြေရင်ချောင်စေပါတယ်နော်။

ချောင်းခြောက်ဆိုးပျောက်ဖို့အတွက် အခြေခံအကျဆုံး လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီမှာပါ။

အမွှေးအမျှင်တွေ ထွက်တဲ့ မွေးပွအင်္ကျီတွေ၊ တဘက်တွေမသုံးဘဲ ချည်ထည်ကောင်းကောင်း ဝတ်ဆင်ပေးပါ။ အနံ့ပြင်းတဲ့ ပေါင်ဒါတွေ ရေချိုးဆီတွေ မသုံးပါနဲ့။ အိပ်ရာကို သက်သောင့်သက်သာဖြစ်ပါစေ။ ပါးပါးလျားလျား စောင်လေးတွေ သုံးပါ။ ကိုယ်ခံအားတက်အောင် များများအိပ်ပါစေ။ မိခင်နို့ ဆက်တိုက်ကျွေးပါ။ ချောင်းခြောက်ဆိုးတာ မသက်သာရင် ရက်ရှည်လာရင် ဆရာဝန်နဲ့ပြသဆွေးနွေးဖို့ စီစဉ်ရပါမယ် မေမေတို့ရေ။

Credit-ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *