လိပ်ခေါင်း၊ သွေးဝမ်း၊ နားပြည်ယိုခြင်းများတွက် ဆင်စွယ်ဂမုန်း
လိပ်ခေါင်း –
ဝက်သား ၁၅ကျပ်သားနဲ့ ဆင်စွယ်ဂမုန်းတစ်ချောင်းနဲ့ ဟင်းချက်စား၊ တစ်နေ့ထဲ ကုန်အောင်စား။ လိပ်ခေါင်း ရက်အနည်းငယ်နဲ့ သူ့ဖာသာ ကြွေကျသွား။ အဆိပ်ရှိ အင်းဆက်ကိုက်လျင် ဆင်စွယ်ဂမုန်းကို ရေစင်အောင်ဆေး ဆားအနည်းငယ်နဲ့ ပျစ်ပျစ်သွေး လိမ်းပေးပါ။ ကြောင်ကိုက်၊ ခွေးကိုက်၊ ကြွက်ကိုက်ဒါဏ်ရာများ သက်သာစေသည်။ နှလုံးသွေးပူ၊ သွေးဝမ်း၊ ဆီးဖြူ ဆီးနီသက်သာအောင် ဆင်စွယ်ဂမုန်းအပေါ်ခွံခွာ ဟင်းချို (သို့) ချဉ်ရေဟင်း ချက်သောက်ပါ။
လိပ်ခေါင်း အတွက် ဟင်းချက်နည်း –
ဆင်စွယ်ဂမုန်း ၅ ကျပ်သား၊ မြေပဲဆီ/နှမ်းဆီ ၅ကျပ်သား၊ ကြက်သွန်နီ ၂ ကျပ်သား၊ ကြက်သွန်အဖြူ ၂ကျပ်သား၊ ဂျင်း ၂ ကျပ်သား၊ ဝက်သား အသားသီးသန့် ၁၅ကျပ်သား။ ချက်ပြီး ထမင်းနဲ့မရော သီးသန့်စားရမည်။
နားပြည်ယိုလျှင် – ထုထောင်းကာ သတ္ထုရည် အစက်ချပေးပါ။ ဒူလာသွေးဝမ်း ဖြစ်လျှင် – ငါးရံ့ ၂၀ သားခန့်ကို ဆင်စွယ်ဂမုန်း တစ်ချောင်းနဲ့ ချက်စားပါ။ သက်သာ ကောင်းသွားသူလဲရှိသလို မထူးခြားသူကိုလည်း တွေ့ခဲ့သည်။ ရောဂါ ပျောက်ချိန်တန်သည့် ကုသိုလ်ကံကောင်းခြင်းနဲ့လဲ ဆိုင်ပါတယ်။
Credit–အရှင် ဓမ္မပီယ