ကျန်းမာရေးဗဟုသုတ

ခြေသလုံး တောင့်တင်းတတ်သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်း

ခြေသလုံး တောင့်တင်းတတ်သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်း

ခြေသလုံံးအကြော တောင့်တင်းသူများ နှစ်ချက် ဆောင်ရွက်ပေးပါ။ ရေချိုးခါနီး ခြေဖဝါး ဆားပွတ်ပြီးမှ ရေချိုးပါ။ ( အပူထုတ် ရေချိုးနည်း လမ်းညွှန်ချက်ကို တင်ထားပြီးပါပြီ )တောင့်တင်းတဲ့နေရာကို မန်ကျည်းရေ ကျဲကျဲနဲ့ လက်နှစ်ဖက်နဲ့ ညှပ်ပြီး ပွတ်ပေးပါ။ ခြေပေးပါ။ ခြေပြီးမှ ရေချိုးပါ။

အရွက် သုံးရွက်အနက် ကြိုက်တဲ့အရွက် တစ်ရွက်ကိုသုံးပါ။ (၁) ကိုရံကြီးရွက်။ (၂) ဗာဒံရွက်။ (၃) ငှက်ပျောရွက်

ညအိပ်တဲ့အခါ သိပ်တင်းတဲ့‌နေရာကို ပတ်ပြီး အိပ်ပါ။ အရွက်ပတ်တဲ့အခါမှာ နေရောင်ထိတဲ့ဘက်၊ ချောတဲ့ဘက်နဲ့ အသားကို ထိရပါမယ်။ သူ့ကို ပတ်တော့မယ်ဆိုရင် အဘွားအသက် ကရမက်၊ အမျိုးသမီး အသက် ကရမက် ဆိုတဲ့အတိုင်း ကရမက်လိမ်းပါ။ ကရမက်က အပူစုပ်မယ်။ ပြီးမှ အရွက်ပတ်၊ အရွက်ကလည်း အပူစုပ်မယ်။ တောင့်တာ တင်းတာ အကြောင်းခံက ပူလွန်းလို့။ ရာနှုန်းလျော့သွားပါလိမ့်မယ်။

Credit – ဆရာကြီး ဦးရန်အောင်

Leave a Reply

Your email address will not be published. Required fields are marked *