ချွဲသလိပ်ပျော်၍ အခိုးပွင့်စေတဲ့ ခွေးတောက်ရွက်အာနိသင် ဆောင်းရာသီမှာ ချောင်းဆိုးရင်ကြပ်၊ ချွဲသလိပ်ခပ်နေရတာ အဖြစ်များကြတာကို အတွေ့များနေရပါတယ်။ အဲ့ဝေဒနာအတွက်” ခွေးတောက်ရွက်ခြောက်”က သမားကျော်ပါလို့ ဆိုရပါမယ်။ သူ့ကို ရေနွေးကြမ်းထဲ လဖက်ခြောက်အစား ခပ်သောက်ရင် ချွဲသလိပ်တွေပျော်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အခိုးပွင့်ပြီး ရေချိုးလို့လည်း ကောင်းပါတယ်။ အရွက်ကို အခြောက်လှမ်းတဲ့အခါ ဆားရည် ၅မိနစ်စိမ်၊ ရေစင်စင်ဆေးပြီး နေတစ်ရက်လှမ်းပြီး နောက်ရက်တွေမှာ အရိပ်ထဲမှာပဲ လှမ်းပေးရပါတယ်။ (၇)ရက်လှမ်းပြီးရင် သုံးလို့ရပါပြီ။ ရေနွေးကြမ်းသောက်သလို မကြာခဏ သောက်နေရင် ပိတ်နေတဲ့ အခိုးတွေပွင့်ပြီး ချွေးတစိုစိုနဲ့ရှိနေတတ်ပါတယ်။ တစ်ခါသောက် လဘက်ရည်တစ်ပန်းကန်စာကို နံနက်၊ နေ့လည်၊ ညနေ၊ ည တစ်ကြိမ်စီ သောက်ပေးလို့လည်း ရပါတယ်။ ကျွန်တော်ကတော့နေ့စဉ် သောက်ပါတယ်။ အခုနေ လှမ်းထားတာက ဒုတိယအသုတ် လှမ်းတာပါ။ အရင်ရှိပြီးသား ခွေးတောက်ရွက်ခြောက်တွေ […]
Month: January 2021
ဇက်၊ ခါး၊ ဒူး၊ ဖနောင့် အတက်ထွက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းတို့အတွက် ဆေးနည်း
ဇက်၊ ခါး၊ ဒူး၊ ဖနောင့် အတက်ထွက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းတို့အတွက် ဆေးနည်း လိုအပ်သည့်ဆေး – ၁။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် (ဟင်းနုနွယ်အရိုင်းပင် ဆူးများ ပါပါသည်) ၂။ ထမင်းလက်တစ်ဆုပ်စာ။ ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ် အပင်အရွက်အမြစ်ပါ ( ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်ဆုတ် ဆတူကို ဆုံတစ်ခုမှာ ထည့်ထောင်းလိုက်ပါ။ မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ။ ထောင်းပြီးရင် ပတ်တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ်။ ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ ဂုတ် (သို့ ) ခါးတို့အား ပတ်တီးစကို အဲ့ဒီ အပေါ်ကအုပ်ပြီး စက္ကူတိတ်ကပ်ပေးထားပါ။ ခြေဖနောင့်၊ တံတောင်ဆစ်၊ ဒူးတို့အတွက် ဆေးအုံပြီး ပတ်တီးဖြင့် […]
လိပ်ခေါင်း၊ သွေးဝမ်း၊ နားပြည်ယိုခြင်းများတွက် ဆင်စွယ်ဂမုန်း
လိပ်ခေါင်း၊ သွေးဝမ်း၊ နားပြည်ယိုခြင်းများတွက် ဆင်စွယ်ဂမုန်း လိပ်ခေါင်း – ဝက်သား ၁၅ကျပ်သားနဲ့ ဆင်စွယ်ဂမုန်းတစ်ချောင်းနဲ့ ဟင်းချက်စား၊ တစ်နေ့ထဲ ကုန်အောင်စား။ လိပ်ခေါင်း ရက်အနည်းငယ်နဲ့ သူ့ဖာသာ ကြွေကျသွား။ အဆိပ်ရှိ အင်းဆက်ကိုက်လျင် ဆင်စွယ်ဂမုန်းကို ရေစင်အောင်ဆေး ဆားအနည်းငယ်နဲ့ ပျစ်ပျစ်သွေး လိမ်းပေးပါ။ ကြောင်ကိုက်၊ ခွေးကိုက်၊ ကြွက်ကိုက်ဒါဏ်ရာများ သက်သာစေသည်။ နှလုံးသွေးပူ၊ သွေးဝမ်း၊ ဆီးဖြူ ဆီးနီသက်သာအောင် ဆင်စွယ်ဂမုန်းအပေါ်ခွံခွာ ဟင်းချို (သို့) ချဉ်ရေဟင်း ချက်သောက်ပါ။ လိပ်ခေါင်း အတွက် ဟင်းချက်နည်း – ဆင်စွယ်ဂမုန်း ၅ ကျပ်သား၊ မြေပဲဆီ/နှမ်းဆီ ၅ကျပ်သား၊ ကြက်သွန်နီ ၂ ကျပ်သား၊ ကြက်သွန်အဖြူ ၂ကျပ်သား၊ ဂျင်း ၂ ကျပ်သား၊ ဝက်သား အသားသီးသန့် […]
ခြေသလုံး တောင့်တင်းတတ်သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်း
ခြေသလုံး တောင့်တင်းတတ်သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်း ခြေသလုံံးအကြော တောင့်တင်းသူများ နှစ်ချက် ဆောင်ရွက်ပေးပါ။ ရေချိုးခါနီး ခြေဖဝါး ဆားပွတ်ပြီးမှ ရေချိုးပါ။ ( အပူထုတ် ရေချိုးနည်း လမ်းညွှန်ချက်ကို တင်ထားပြီးပါပြီ )တောင့်တင်းတဲ့နေရာကို မန်ကျည်းရေ ကျဲကျဲနဲ့ လက်နှစ်ဖက်နဲ့ ညှပ်ပြီး ပွတ်ပေးပါ။ ခြေပေးပါ။ ခြေပြီးမှ ရေချိုးပါ။ အရွက် သုံးရွက်အနက် ကြိုက်တဲ့အရွက် တစ်ရွက်ကိုသုံးပါ။ (၁) ကိုရံကြီးရွက်။ (၂) ဗာဒံရွက်။ (၃) ငှက်ပျောရွက် ညအိပ်တဲ့အခါ သိပ်တင်းတဲ့နေရာကို ပတ်ပြီး အိပ်ပါ။ အရွက်ပတ်တဲ့အခါမှာ နေရောင်ထိတဲ့ဘက်၊ ချောတဲ့ဘက်နဲ့ အသားကို ထိရပါမယ်။ သူ့ကို ပတ်တော့မယ်ဆိုရင် အဘွားအသက် ကရမက်၊ အမျိုးသမီး အသက် ကရမက် ဆိုတဲ့အတိုင်း ကရမက်လိမ်းပါ။ ကရမက်က အပူစုပ်မယ်။ […]
အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက် အစွမ်းထက် ကြက်သဟင်းရွက်
အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြက်သဟင်း ရွက် ဒီတစ်ခါ မျှဝေပေးချင်တာကတော့ အသည်းရောဂါတွေအတွက် အစွမ်းထက်တဲ့ ကြက်သဟင်း ရွက်ရဲ့ ဆေးဖက်ဝင်ပုံလေးပဲဖြစ်ပါတယ်။ အသည်းအထူးကုသမားတော်အလား ကြက်သဟင်း ရွက်ဟာ အသည်းနဲ့ ပတ်သက်ပြီး အထူးကုသမားတော်အလား အစွမ်းထက်ပါတယ်။ ဆေးအ နေနဲ့ သောက်ရင်တော့ နေ့စဉ်အချိန်မှန် သောက်ပေးဖို့ လိုအပ်ပါတယ်။ သက်သာပျောက်ကင်းတဲ့အသည်းရောဂါများ – အသည်းရောင်အသားဝါ ဘီပိုး စီပိုး၊ အသည်း ကြီးခြင်း၊ အသည်းခြောက်ခြင်းစတဲ့ရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။ ဆေးနည်း – ဆေးရွက်လက်တွင်းတစ်ဆုပ်ကို ရေစင်စင်ဆေးပြီး ရေမတ်ခွက်နှစ်ခွက်ထည့် တစ်ရည်ကောင်းဆူအောင်ပြုတ်ပြီး ကျန်တဲ့အရည်ကို တစ်ရက်၃ကြိမ်ခွဲသောက်ပါ။ ဒါမှမဟုတ် ပဲဟင်းချိုချက်ပြီး သောက်လည်းရပါတယ်။ ဟင်းချို ချက်သောက်တဲ့အခါ အချိုမှုန့်မထည့်တာ ပိုကောင်းပါတယ်။ အရွက်ကို ပြုတ်တို့လည်းရပါတယ်။ ရောဂါမပျောက်မခြင်း နေ့စဉ်သောက်ရမှာပါ။ Credit-Shwe La […]
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ သဘာဝရေနွေးကြမ်းတစ်ခွက် ပြုလုပ်နည်း
ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ သဘာဝရေနွေးကြမ်းတစ်ခွက်ပြုလုပ်နည်း ကိုယ်ခံစွမ်းအားအတွက် ဂျင်း၊ ကြက်သွန်ဖြူ၊ လက်ဖက်ရည်ကြမ်း ဘယ်လိုနှပ်သလဲ..? ကိုယ်ခံစွမ်းအား အထူးသဖြင့် အဆုပ်အတွက် ဆေးဘက်ဝင်တဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ကို ကိုယ်အလေးချိန် လျှော့ချနိုင်သည့် နည်းလမ်းတစ်မျိုး အဖြစ်ဖြင့်လည်း သောက်ကြတယ်။ ဂျင်းနဲ့ ကြက်သွန်ဖြူကို ရေနွေးကြမ်းလို့ ပြောကြတဲ့ လက်ဘက်ရည်ကြမ်းနဲ့ နှပ်လို့ ရတဲ့ ရှေးနည်းဟောင်းတစ်ခုကို တင်ပြလိုပါတယ်။ ဂျင်း၏ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများ အာယုဗေဒကျမ်းများတွင် အကျယ် ဖော်ပြထားပါတယ်။ ယခု အကျဉ်းမျှ ရေးပါမယ်။ အဓိကအားဖြင့် အစာမကြေခြင်းကို ပြေပျောက်စေတယ်။ကြက်သွန်ဖြူက ရောင်ရမ်းခြင်းနှင့် ဗိုင်းရပ်စ်နှိမ်နင်းခြင်း ဂုဏ်သတ္တိများကြောင့် ကျော်ကြားသည်။ နှစ်ခုစလုံး အလွန်အစွမ်းထက်သော အပင်များဖြစ်တယ်ဆိုရာ အငြင်းပွားဖွယ်ရာ မဟုတ်ပါ။ အဲဒီနှစ်မျိုးကို ဆေးဘက်ဝင်တဲ့ လက်ဖက်ရည်ကြမ်းနဲ့ နှပ်လိုက်လိုက်တဲ့အခါ ရရှိလာတဲ့ ဂျင်းကြက်သွန်ဖြူ လက်ဖက်ရည်အနေဖြင့် ကိုယ်အလေးချိန် […]
ခြေထောက်တွေ ဖောနေရတဲ့ အကြောင်းရင်းများ
ခြေထောက်တွေ ဖောနေရတဲ့ အကြောင်းရင်းများ ခြေထောက်လေးတွေ ခဏတာဖောနေခြင်းဟာ ငန်တဲ့အစားအစာတွေစားခြင်းနှင့် အကြာကြီး မတ်တတ်ရပ်ခြင်းတို့ရဲ့ အကျိုးဆက်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ထိုအချက်တွေ မပြုလုပ်ထားဘဲ ဖောရောင်နေခြင်းကတော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ (၁)သွေးပြန်ကြော စွမ်းဆောင်ရည် ကျဆင်းခြင်း ခြေထောက်ရှိ သွေးပြန်ကြောတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်ပါက သွေးတွေ ကောင်းစွာ စီးဆင်းနိုင်တော့မှာ မဟုတ်တဲ့အတွက် ခြေထောက်နှင့် ခြေကျင်းဝတ်တွေမှာ စုပုံနေတတ်တာမို့ ခြေထောက်တွေ ဖောရောင်နေစေပါတယ်။ (၂)သွေးခဲခြင်း သွေးပြန်ကြောများ ပိတ်ဆို့နေခြင်းဟာ သွေးတွေကို ပုံမှန်စီးဆင်းနေကျအတိုင်း ကောင်းစွာမစီးဆင်းစေပဲ စုပုံနေစေတဲ့အတွက်သွေးကြောအတွင်း ဖိအားတွေ ဖြစ်ပေါ်ပြီး သွေးကြောပတ်လည်ရှိ တစ်ရှူးတွေဆီသို့ အရည်တွေ တွန်းပို့သလို ဖြစ်စေပါတယ်။ခြေထောက်အတွင်းဘက်ရှိ သွေးပြန်ကြောတွင် သွေးထဲပိတ်ဆို့ခြင်းကို Deep Vein Thrombosis (DVT) လို့ခေါ်ပါတယ်။ ထို DVTဟာ သွေးခဲတွေ […]
ကလေးငယ်လေးများ ချောင်းခြောက်ဆိုးခြင်းအတွက်
ကလေးများနှင့် ကျန်းမာရေး မွေးစကနေ ခြောက်လအတွင်း ချောင်းခြောက်ဆိုးနေပြီး နေရခက်နေတဲ့ သားသားမီးမီးအတွက် အကောင်းဆုံး ချောင်းဆိုးပျောက်ဆေးကတော့ မိခင်နို့ပါတဲ့။ မိခင်နို့လည်း တိုက်သလို ချစ်စရာ့အရွယ်လေးတွေရဲ့ အသက်အပိုင်းအခြားအလိုက် မိမိဘာသာ အလွယ်တကူဖော်စပ်လို့ရတဲ့ ချောင်းဆိုးပျောက် အစွမ်းထက် အိမ်တွင်းဆေးဝါးလေးတွေ အကြောင်းလည်း သိရလေအောင် ပြည့်ပြည့်စုံစုံလေး တင်ပြပေးလိုက်ပါတယ် မေမေ ဖေဖေတို့ရေ …။ -မိခင်နို့ပာာ မချိုလွန်း မပေါ့လွန်း အနေတော်ဖြစ်တဲ့အပြင် အာပာာရဓာတ်ပေါင်းစုံ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးပျောက်စေမယ့် ပဋိပစ္စည်းတွေ ကိုယ်ခံအားတက်စေမယ့်ဓာတ်တွေကလည်း အလျှံပယ်ပါတဲ့။ ဒီတော့ ချောင်းခြောက်ဆိုးနေလို့ မိခင်နို့တိုက်ကျွေးတာကို မရပ်တန့်လိုက်ပါနဲ့။ နှာခေါင်းထဲကို အစက်ချတဲ့ ဆလိုင်းပုလင်းငယ်လေးတွေကနေ အစက်ချပြီး နှာခေါင်းကို သန့်စင်အောင်၊ ပွင့်အောင် လုပ်လို့ရပါတယ်။ ရင်သွေးလေးအတွက် သင့်တော်ပါ့မလားတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါနော်။ -ကြက်သွန်ဖြူကို […]
မိုးကုတ်ဆရာတော် ဘုရားကြီး ချီးမြှင့်သော လေဖြတ်လူမမာများအတွက်ဆေးနည်း
လေဖြတ်လူနာအတွက် အုန်းသီးနှင့် ထနောင်းခေါက် လေဖြတ်ဝေဒနာ ခံစားနေရ သူများအတွက် ဆေးနည်းကောင်းတစ်လက် လေဖြတ် ဝေဒနာ ခံစားနေရသူများသည် ပင်ပန်းဆင်းရဲစွာ ခံစားရပါသည်။ ပြုစုရသော မိသားစုများမှာလဲ အင်မတန်မှ ဒုက္ခရောက်ပါသည်။ သို့ဖြစ်ပါ၍ ဆေးဖော်နည်းလေးမျှဝေ လိုက်ပါသည်။ ဆေးဖော်ရန်လိုအပ်သော ပစ္စည်းများ- ၁။ အုန်းသီးရင့်ရင့်တစ်လုံး ၂။ ထနှောင်းခေါက်နှင့် ချက်သော တောအရက်ဦးရည် ဆေးဖော်နည်းမှာ အုန်းသီး၏ နတ်သမီးပေါက် အနားကို ဓားနှင့် ရှပ်၍ နတ်သမီးပေါက်ကို ဖောက်ပြီး အုန်းရည်များ ထုတ်ပြစ်ရပါမည်။ ၎င်းနောက် အရက်ဦးရည်ကို အုန်းသီးထဲတွင် အပြည့်ထည့်၍ အပေါက်ကို သင့်တော်ရာဖြင့် လုံအောင်ပြန်ပိတ်ပါ။ ပိတ်ပြီးသောအုန်းသီးကို မြေကြီးကို တောင်ဝက်လောက်တူး၍ (၇)ရက် တိတိ မြုပ်ပါ။ (၇)ရက်ပြည့်လျှင် ပြန်ဖော်၍ အုန်းသီးထဲမှ အရက်များပြန်ထုတ်ပြီး ပုလင်းထဲပြန်ထည့်၍ […]
ခံတွင်းပျက်သူများ ခံတွင်းလိုက်စေပြီး သွားကျဉ်၊ သွားကိုက်၊ ပန်းနာ ဝေဒနာများအတွက် အစွမ်းထက် ခရမ်းကစော့ပင်
ခံတွင်းပျက်သူများ ခံတွင်းလိုက်စေပြီး သွားကျဉ်၊ သွားကိုက်၊ ပန်းနာ ဝေဒနာများအတွက် အစွမ်းထက် ခရမ်းကစော့ပင် အပင်အမြင့်မှာ တစ်တောင်မှ သုံးတောင်ခန့် မြင့်၏။ ခရမ်းသီးပင် နှင့်တူ၏။ အကိုင်း အခက်များတွင် မာသော ဆူးများရှိ၏။ အရွက်မှာ တစ်လက်မမှ ခြောက်လက်မအထိ ရှည်၍ တစ်လက်မမှ လေးလက်မ အထိကျယ်၏။ အသီးတွင် အဖြူစက်ကလေးများရှိ၍ အသီးမှာ ဆီးဖြူသီး အငယ်စား ခန့်ရှိ၏။ အရသာမှာ စပ်၊ ခါး၊ ပူဖြစ်၏။ ပိုးရောဂါ၊ သလိပ်နှင့် လေဒေါသကို နိုင်၏။ ယားနာ၊ နူနာတို့ကို ပျောက်ကင်းစေတတ်၏။ အပင်မှာ နှလုံးကို ကျေးဇူးပြု၏။ အများအားဖြင့် အသီးလုံးများကို ထမင်းဝိုင်းတွင် အတို့အမြှုပ် အဖြစ် စားသုံးကြသလို ချက်၍လည်းစားကြ၏။ သလိပ်ရောဂါ၊ လေရောဂါ၊ ပျို့အန်ခြင်း၊ […]