အဆိပ်ပြေစေသည့် မရှော့ပင် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် အများဆုံးပေါက်ရောက်သည် – သဘာဝအလျှောက်ပေါက်ရောက်သည်။ အပင် ပုံသဏ္ဍာန်- အပင်ငယ်မျိုး ဖြစ်သည်/ အမြင့် ၁၂ ပေခန့်အထိ မြင့်သည်။ အကိုင်းဖြာသည်။ ပင်စည် ခပ်မွဲမွဲ ညိုခြောက်ခြောက် အရောင်ရှိသည်။ မရှော့အရွက်အညွှန်း ၁။ မူးယစ်တတ်သော အစားအစာကို စားသောက်မိပါက ချက်ခြင်း မရှော့ဆေးရွက်ကို စားပါ။မည်သည့် အစားအစာကိုမဆို အစားမှားမိပါက မရှော့ဆေးရွက်ကို စားသုံးနိုင်သည်။ လူသာမက တိရစ္ဆာန်များ အစားမှားလျှင်လည်း ၎င်းဆေးရွက်ဖြင့် ပျောက်ကင်းသည်။ ၂။ မူးယစ်စေတတ်သည့် အဆိပ်ဟူသမျှကို ပြေစေပါသည်။ မရှော့ဆေးရွက်ကို စားသုံးပြီး အခြား ဘယဆေးများကို မှီဝဲ သုံးစွဲပါက မည်သည့်ဆေးမှ တန်ခိုး အာနိသင် မရှိတော့ပါ။ အခြား ဘယဆေးများ၏ တန်ခိုးအားလုံးကို ပျက်ပြယ်စေပါသည်။ […]
Month: January 2021
ကြွက်တက်လို့ ကြွက်သားနာခြင်း၊ ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာခြင်းတို့အတွက် အိမ်တွင်းဆေးနည်း
ကြွက်တက်လို့ ကြွက်သားနာခြင်း၊ ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာခြင်းတို့အတွက် အိမ်တွင်းဆေးနည်း ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင်ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီး ပူလာရင် အဝတ်လေးထဲ ထည့်ထုပ်ပါ။ ပြီးရင်နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။ ၃-၄ ရက်တော့ ဇွဲထားလုပ်ပေးပါ။ Credit-Grace Tun Shein ကြွက်တက်လို့ ကြွက်သားနာခြင်း၊ ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာခြင်းတို့အတွက် အိမ်တွင်းဆေးနည်း ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင်ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီး ပူလာရင် အဝတ်လေးထဲ ထည့်ထုပ်ပါ။ ပြီးရင်နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။ ၃-၄ ရက်တော့ ဇွဲထားလုပ်ပေးပါ။ Credit-Grace Tun Shein ကြွက်တက်လို့ […]
သည်းခြေကျောက်ရှိနေတယ်ဆိုရင် ကင်မလင်းရွက်ကိုသာသုံးပါ
သည်းခြေကျောက်ရှိနေတယ်ဆိုရင် ကင်မလင်းရွက်ကိုသာသုံးပါ ကင်မလင်းရွက်သည် သည်းခြေမှကျောက်ကို သန့်စင်ပေးနိုင်စွမ်းရှိသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ကျောက်ကပ်ကျောက်တည်းခြင်း နှင့် ဆီးအိမ်ကျောက်တည်ခြင်းတို့အတွက် သံမနိုင်ကျောက်မနိုင်အရွက်ကို စားသုံးခြင်းဖြင့် ကျောက်များကို ချေပစ်နိုင်သလို ကင်မလင်းရွက်ကို စားသုံးခြင်းဖြင့်လည်း သည်းခြေမှကျောက်ကို ဖယ်ရှားပေးနိုင်ပါသည်။ ကင်မလင်းပင်– ကင်မလင်းရွက်သည် သပြေရွက်နှင့်တူ၍ အရောင်မှာ စိမ်းဝါရောနေသည်။ အစိမ်းရောင် ခပ်ဖျော့ဖျော့နှင့် အဝါရောင်သန်းနေသည်။ အရွက်၏အသားသည် နူးညံ့နေ၍ အရွက်ရင့်များသာလျှင် အနည်းငယ် ကြမ်းသည်။ မင်းကင်း၊ ရေဦး၊ ဒီပဲယင်း၊ ချင်းပြည်နယ်နှင့် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိကြသည်။ အသုံးပြုပုံ – ကင်မလင်းရွက် ခပ်သန့်သန့်ကို ချဉ်ရည်ချက်သောက်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ ရေနွေးဖျော၍ တို့စားခြင်း၊ အသား၊ ငါးတို့နှင့်အတူ ချက်စားခြင်း၊ အရွက်နုများကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်သုံးခြင်းများ ပြုလုပ်နိုင်သည်။ […]
မှိုနတိုပင်၏ အစွမ်းထက် ဆေးဘက်ဝင်အသုံးများ
မှိုနတိုပင်သည် ရေစပ်စပ်ရှိသောနေရာများတွင် ပေါက်ရောက်ပြီး အရွက်ပုံစံ ထူးခြားသော အပင်လေးများအဖြစ် တွေ့မြင်နိုင်ပါ တယ်၊၊ သေးငယ်သော အရွက်လေးများသည် ရွက်လွာနှစ်ခု ကပ်လျက် မျက်နှာချင်းဆိုင် ထွက်နေတာ တွေ့ရတယ်၊၊ ပျော့ပြီးသေးငယ်သော ရိုးတံလေးများပေါ်တွင် အမြစ်မွားလေးများ ရှိပါတယ်၊၊ ရေတွင်တွားကာပေါက်သော အပင်မျိုး ဖြစ်ပြီး ပုံစံထင်ရှားပြီး လူတိုင်းသိနိူင်သော အပင်လေးများ ဖြစ်ပါတယ်။ မှိုနားတိုပင်ကို အချိုမျိုး နှင့် အချဉ်မျိုး ဆိုပြီး ၂ မျိုးခွဲခြားထားပေမယ့် အပင်ပုံစံမှာ အတူတူပင် ဖြစ်ကြောင်း တွေ့ရပါတယ် မှိုနားတို အချိုပင်အား ဆေးဝါး အဖြစ်အသုံးပြုပုံများမှာ- (၁) ချာချာလည်အောင် မူးဝေခြင်း မှိုနားတို အချိုပင် အရွက်ကို ပြုတ်ကာ အကြမ်းပန်းကန်တလုံးစာတွင် သကြားကိုလက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီးသောက်ပါက လေကို အကြောင်းပြု၍ မူးဝေခြင်း ရောဂါကို […]
ခန္ဓာကိုယ်ရှိ အဆစ်များကိုက်ခြင်း၊ တင်းခြင်း၊ ရောင်ခြင်းကြောင့် မထိုင်နိုင် မသွားနိုင်ဖြစ်လျှင်
ခန္ဓာကိုယ်ရှိ အဆစ်များကိုက်ခြင်း၊ တင်းခြင်း၊ ရောင်ခြင်းကြောင့် မထိုင်နိုင် မသွားနိုင်ဖြစ်လျှင် ဤရောဂါ ဖြစ်ပေါ်သူတို့အနက် အချို့မှာ လက်ချောင်းအဆစ်များ ရောင်တင်း၍ ကောင်းစွာ မဆုပ်ကိုင်နိုင်ခြင်း၊ လက်မောင်းရင်းဆစ်နှင့် တံတောင်ဆစ်တို့ ရောင်တင်း၍ လက်ကောင်းစွာ မမြှောက်နိုင်ခြင်း၊ မကွေး မဆန့်နိုင်ခြင်း၊ ဒူးဆစ်၊ ခြေချင်းဝတ်တို့ ရောင်တင်း၍ ကောင်းစွာမသွားနိုင်ခြင်း၊ မကွေးနိုင် မဆန့် နိုင်သောကြောင့် မထိုင်နိုင်ခြင်း၊ ခြေချောင်းဆစ်များ ရောင်တင်း၍ ဖိနပ်စီး၍ မကောင်းခြင်း၊ အနည်းငယ်လှုပ်ရှားလျှင် မောဟိုက်လွယ်ခြင်း၊ အချို့မှာ ဝမ်းနှင့် ဆီးတို့နည်းခြင်း၊ အိပ်မပျော်ခြင်း စသည်တို့ ဖြစ်ပေါ်ခံစားရတတ်သည်။ ခြေလက် ခေါင်းတုန်ရောဂါ အချို့မှာ လေအားယုတ်လျော့၍ ခေါင်းတုန်ခြင်း၊ ခြေတုန်ခြင်း၊ လက်တုန်ခြင်း ဖြစ်တတ်ရာဤသို့ ခြေ လက် စသည်တို့အတွက် ဤဆေးသည် သက်သာစေပါသည်။ မျက်ခမ်းလှုပ်ရောဂါ အညစ်အကြေများ […]
နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက်နှင့် ရေယုံများအတွက် ဆေးနည်း
နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက် နဲ့ ရေယုံတွေအတွက် ဆေးနည်း နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက် နဲ့ ရေယုံတွေအတွက် ဆေးနည်းလေးမျှဝေပေးပါမယ်။နှာခေါင်းအတွင်း၌ အနာဖြစ်သော် ကွမ်းရွက်ကို မီးကင်ပီး လက်ဖါဝါးပေါ်တွင် အရည်ထွက်အောင်ပွတ်ပီး နှာခေါင်းထဲထည့်ပါ။ လက်တွေ့ပျောက်၏။ နားအူ နားကိုက်သော် ကွမ်းရွက်ကို လိပ်ပီး နားထဲထည့်ပေးပါ။ လက်တွေ့ပျောက်၏။ ရေယုံပေါက်သော် ကင်မွန်းချဉ်အရွက်ကို ထောင်းပီး အရေညှစ်ပီးလိမ်းပါ။ လက်တွေ့ပျောက်၏။ Credit – ဒေါ်ခင်မြင့်အောင် နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက် နဲ့ ရေယုံတွေအတွက် ဆေးနည်း နှာခေါင်းအတွင်းအနာ၊ နားအူနားကိုက် နဲ့ ရေယုံတွေအတွက် ဆေးနည်းလေးမျှဝေပေးပါမယ်။နှာခေါင်းအတွင်း၌ အနာဖြစ်သော် ကွမ်းရွက်ကို မီးကင်ပီး လက်ဖါဝါးပေါ်တွင် အရည်ထွက်အောင်ပွတ်ပီး နှာခေါင်းထဲထည့်ပါ။ လက်တွေ့ပျောက်၏။ နားအူ နားကိုက်သော် ကွမ်းရွက်ကို လိပ်ပီး နားထဲထည့်ပေးပါ။ လက်တွေ့ပျောက်၏။ ရေယုံပေါက်သော် […]
အပူနာ၊ ခံတွင်း အဖု အကျိတ်၊ လျှာနာ၊ လည်ပင်းနာ အတွက် ဆေးအိုးပုတ်
အပူနာ၊ ခံတွင်း အဖု အကျိတ်၊ လျှာနာ၊ လည်ပင်းနာ အတွက် ဆေးအိုးပုတ် သဘာဝဓာတ်စာ ဆေးစွမ်းကောင်း ဆေးအိုးပုတ်ပင် ခံတွင်းအတွင်း သွေးယိုစီးမှုအနာများ ၊ခံတွင်းအဖုအကြိတ်အနာများ၊ သွားပိုးစား၊ သွားကိုက်၊ သွားနာ၊ မတ်ခရု၊ ပါးစပ်အတွင်း ရေယုံစတဲ့ ခံတွင်းနှင့်ဆိုင်သောရောဂါများ၊ ပါးစပ်အတွင်းအပူနာ၊ လျှာကင်ဆာ၊ အသံဝင်၊ အသံနာ၊ လည်ပင်းနာ၊ လည်ပင်းကင်ဆာ၊ လည်ပင်းအဖုအကြိတ်၊ ရင်ဘတ်အဖုအကြိတ် အကိုက်အခဲအနာများ၊ အဆုတ်ကင်ဆာများအတွက် သက်သာပျောက်ကင်းစေပါသည်။ ဆီး၊ဝမ်း ကောင်းသည်။ ဝန်မပိုလို့ စမ်းသောက်ကြည့်သင့်ပါသည်။ ဆေးညွှန်း အရွက်လက်တစ်ဆုပ် သုံးခွက်တစ်ခွက်တင်ကျို၊ တစ်နေ့ရေနွေးပန်းကန် သုံးလုံးသောက်ရန်။ Credit-Original Uploader
ရေဖျဉ်းအတွက် ဆေးနည်း ၂ သွယ်။
ရေဖျဉ်းအတွက် ဆေးနည်း ၂ သွယ် ရေဖျဉ်းရောဂါ ပျောက်ဆေး ရေဖျဉ်းရောဂါ နှင့်ပတ်သက်၍ဆေးနည်းအမျိုးမျိုး ကုနည်းအဖုံဖုံရှိကြပါသည်။ ရောဂါတစ်ခုကို ကုသမည်ဟု လေ့လာလိုက်လျှင် ရောဂါတစ်ခုအတွက် ဆေးနည်း(၁၀၀)မက ရှိနိုင်ပါသည်။ အကြောင်းမှာ လူတစ်ယောက်နှင့်တစ်ယောက် ရုပ်ခံဓာတ်ခံချင်း မတူသလို ရောဂါဖြစ်ပုံက အပူ၊အအေး၊ အပိန်၊ အဝ မှစပြီး ဓာတ်ချက်လက္ခဏာများ မတူခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ဆေးတစ်ခုကို သုံးကြည့်၍ ကိုယ်မပျောက်တိုင်း ဆေးမကောင်းပါဘူးကွာ။ အလကားပါကွာလို့ မယူဆအပ်။ ကိုယ်နှင့်မပျောက်ပေမယ့် သူနှင့်ပျောက်နိုင်ပါသည်။ ယခုဖော်ပြမည့်ဆေးနည်း၂ မျိုးမှာလည်း လူတိုင်းပျောက်ကင်းနိုင်မည်ဟု အာမခံ၍မရပါ။ သို့သော်— သို့သော် လက်တွေ့ သုံးကြည့်ဖူးသည်က တကြောင်း။ မိတ်ဆွေဆရာများ ကုသအောင်မြင်နေသည်ကိုလည်း လက်တွေ့မြင်ဖူး ကြုံဖူးသော ဆေးနည်းဖြစ်ခြင်းအတွက် တိုက်ဆိုင်သူများအတွက် ကယ်တင်ရာရောက်အောင် ဖော်ပြပေးလိုက်ပါသည်။ အနည်းဆုံးလူ ၁၀ […]
ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ဖို့ ဒန့်သလွန်ကို စားကြစို့
ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ဖို့ ဒန့်သလွန်ကို စားကြစို့ အရွက် – အရွက်ကို ဟင်းချိုချက်သောက်လျင် သွေးကျသည်။ အမူးအမော် ပြေစေသည်။ အရွက်ကို ကြက်သွန်ဖြူ ငရုတ်ကောင်းနှင့်ဟင်းချို ချက်သောက်ပါက ရာသီထိန်တတ်သောအမျိုးသမီးများ ဓမ္မတာမှန်စေသည်။ အပူလွန်ကဲသော ရောဂါများကိုနိုင်သည်။ ကျောပူရင်ပူ လည်ချောင်းပူ နှုတ်ခမ်းပူစသော အပူလွန်ကဲခြင်းကို ပျောက်ကင်းစေသည်။ အရွက်နုများကို ကြော်စားပါက ယားနာပျောက်သည်။ အရွက် သတ္တုရည်ကို နို့နှင့်ရောသောက်လျှင်ဆီးရွင်စေသည်။ အရွက်ကို ငါးကြင်း၊ ကြက်သွန်နီဖြင့် ကြော်စားလျှင် လေသက်စေသည်။ အရွက်ကို ပဒဲကော၊ ကြက်သွန်ဖြူ နှင့်ဟင်းချိုချက်သောက်ပါက ဓမ္မတာထိန်ခြင်းငုပ်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့် – ဒန့်သလွန်အပွင့်ကို ပုစွန်ခြောက်ဖြင့်သုပ်စားပါက အကြောဆိုင်းခြင်း၊ အကြောဆွဲခြင်း၊အကြောရမ်း၊ အကြောရောင်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့်ကို ထောပတ်၊ကြက်ဥနှင့် ကြော်စားလျင် ခွန်အားတိုးစေသည်။ အပွင့်ကို ဆိတ်သားနှင့် […]
အပွင့်တိုင်း အသီးတင်စေမည့် ဆေးရည် အလွယ်ပြုလုပ်နည်း
အပွင့်တိုင်း အသီးတင်စေမည့် ဆေးရည် အလွယ်ပြုလုပ်နည်း (၁)အုန်းရည်အစို / အခြောက် ၁ လုံး (၂)အချို မုန့် ၁ ဇွန်း (၃)ကြက်ဥ ၁လုံး ပြုလုပ်နည်း- အုန်းရည်ကို ခွက်ထဲ ဖေါက်ထည့်ပါ။ ကြက်ဥကို ကြေအောင်ခေါက်ပါ။ အချိုမှုန့်ထပ်ထည့်ပြီး သမအောင် ကျေအောင် မွှေ ခေါက်ပါ။ အုန်းရည်ခွက်ထဲ ကြက်ဥအချိုမှုန့် သမအောင်ခေါက်ထားသော အရည်ထည့်ပြီး မွှေပါ။ အားလုံးကို ဘူးအလွတ်ထဲ ထည့်ပြီး အဖုံးပိတ်ကာ ထပ်မွှေပြီး အသင့်သုံးလို့ ရပါပြီ။ သုံးမကုန်သောဆေးကို ဘူးထဲထည့် အဖုံးလုံအောင်ပိတ်။ အရိပ်ထဲ ထားပါက ၁ လတိတိ ထားလို့ရပါတယ်။ ဆေးဖျန်းပုံး ၁ပုံးကို ဆေးရည် ၃ဇွန်း ရောဖျန်းပါ။ ၁ပတ်ကို ၂ ခါ ဖျန်းပေးရပါသည်။ […]