ကျန်းမာရေးဗဟုသုတ

သွေးပျစ်၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအတွက် ဝိဇ္ဇာညီနောင်(ဆေးတော်ကြီး)ဟင်းရည်

သွေးပျစ်၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအတွက် ဝိဇ္ဇာညီနောင်ဟင်းရည် သွေးတိုး၊ သွေးပြစ်၊ ဆီးချို၊ သွေးချိုအတွက် အမြဲသောက်သုံးသင့်သည့် ဆေးတော်ကြီး – ဟင်းရည် – ၁။ တကယ်ကို ဆေးစွမ်းထက်တဲ့ ဟင်းရည်မလို့ ဆေးတော်ကြီးဟင်းရည်လို့ ခေါ်ပါတယ်။ ပါဝင်တဲ့ ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။ သူတို့ကို သမားတော်ကြီး နှစ်ဦးလို့ ဆိုသင့်ပါတယ်။ ကျွန်တော့်ဆရာတွေကတော့ ”ဝိဇ္ဇာညီနောင်”လို့ တင်စားခဲ့ကြပါတယ်။ ကန်စွန်းရိုးနီက သွေးအပြစ်ပြုတာတွေ ရှင်းလင်းကုသပေးပြီး ကင်ပွန်းချဉ်ကတော့ သွေးတွင်းပိတ်ဆို့တာကို ရှင်းပေးပြီး ဝမ်းကိုအကျိုးပြုတယ်လို့ အဓိကအကြောင်း ရင်းကို အတိုချုပ် ရှင်းပြဖူးပါတယ်။ ဆရာတွေ ပြောခဲ့သလို တင်စားပြီး ပြောပါ့မယ်။ ဒီဆေးဝိဇ္ဇာညီနောင်ဟင်းရည်ကို စားကောင်းသလို ချဉ်ရည်ဟင်းချက်ပြီး ထမင်းမစားမီ ဆယ့်ငါးမိနစ်ခန့် ကြိုတင်ပြီး ဟင်းရည်တစ်ပန်းကန်ကြို သောက်ထားရင် ဝမ်းထဲမှာ […]

ကျန်းမာရေးဗဟုသုတ

ခန္ဓာကိုယ်ပေါ်က အဖုအကျိတ်တွေအတွက် အိမ်တွင်းဖြစ်ဆေးနည်း

ခန္ဓာကိုယ်ပေါ်က အဖုအကျိတ်တွေအတွက် အိမ်တွင်းဖြစ်ဆေးနည်း လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန်ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီး တို နည်းလေးအား ဝေငှပေးခဲ့ ပါသည်။ ဘေးထွက်ဆိုးကျိုးများလည်း မရှိပါသောကြောင့် စိတ်ချယုံ ကြည်စွာ သုံးနိုင်ပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ ပျား ကိုသုံးကြမှ ထုတ်နုတ်ဖေါ်ပြပါသည်။ ရေးသူ (ဦးဇော်ဝင်း -ကုန်းဇောင်းတိုက်နယ်ဆေးရုံ) ဆေးနည်း – (၁) ထုံး(ကွမ်းစားထုံး)။ (၂) မန်ကျည်းမှည့်(အစေ့မပါ)။ (၃) ပျားရည်စစ်။ ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ် မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ။ လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊ မန်ကျည်းမှည့်၊ ပျားရည်တို့ မျှတစွာ ရောစပ်သွားသောဆေးကို […]

ကျန်းမာရေးဗဟုသုတ

အညောင်းမိလို့ ထိုင်းမှိုင်းနေသူများ တကိုယ်လုံး နာကျင်ကိုက်ခဲ နေသူများအတွက် ကိုယ်တွေ့ဆေးနည်းလေး

အညောင်းမိလို့ ထိုင်းမှိုင်းနေသူများ တကိုယ်လုံး နာကျင်ကိုက်ခဲ နေသူများအတွက် ကိုယ်တွေ့ဆေးနည်းလေး လက်တွေ့ ဆေးစွမ်း ကောင်းလေး မျှဝေပေးပါရစေ..။အညောင်းမိလို့ ထိုင်းမှိုင်းနေသူများ တကိုယ်လုံး နာကျင် ကိုက်ခဲ နေသူများ…။ ရာသီ ပေါ် အညောင်းမိ တုတ်ကွေး ဖျားနာ ခံစားနေရသူများ…။ဤ ပုံပါ အပင်ကို အရွက် အမြစ်မကျန် ပြု တ်သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်…။ အပင်နာမည်က. သံမနိုင်ကျောက်မနိုင်ပင်ခေါ် တောမြေပဲပင် ပါ။ ဒေသအလိုက် အခေါ်ဝေါ် ပြောင်းနိုင်ပါသည်…။ နောက်ထပ်.. ကျောက်ကွဲပင်လို့လဲ ခေါ်ပါသေးသည်…။ ဆီးကျောက်တည် နေသူများ သောက်ပေးပါက. ကျောက်ကွဲကြေစေပြီး. ပျောက်ကင်းနိုင်သည်ဟူ၏..။ မိမိတို့ ကိုယ်တိုင် လက်တွေ့ဖြစ်ပါသည်…။ ဘေးဘယာတွေ ဝေးကွာကြပါစေ…။ Credit – Original Uploader

ကျန်းမာရေးဗဟုသုတ

၀မ်းချုပ် စမြင်းခံသူများနှင့် လိပ်ခေါင်း၊ ပန်းသေပန်းညိုးရောဂါတွေအတွက်

ဝမ်းတွင်း အပူအပုပ်နဲ့ အစာအိမ်အတွက် ဆေး – ၁။သင်္ဘောပင် အဖိုပင်ရဲ့ အူသားနှင့် အမြစ် (၅၀)ကျပ်သား။ ၂။ထန်းဖို ထန်းလျှက်( ၂၅ )ကျပ်သား။ ၃။မန်ကျီးသီးမှည့် အနှစ်(၁၅) ကျပ်သား၊ ဆား သင့်ရုံထည့်ပါ။ ၄။ရေသန့်( ၆ )ဘူး ထည့်ပြီး မီးဖိုပေါ်မှာ( ၃) ခွက် (၁) ခွက်တင်ကျန်အောင် ကျိုချက်ပါ။ အအေးခံပြီး မနက်အိပ်ယာထ တစ်ကြိမ်၊ ညအိပ်ယာဝင် တစ်ကြိမ် ရေနွေးပန်ကန်လုံးနဲ့ တစ်လုံးသောက်ပါ။ ဆေးအဖတ်ကို သင့်တင့်ရုံ စားသုံးပေးပါ။ ၁။ရေဖျင်းရောဂါ၊ လိပ်ခေါင်းရောဂါ အားအင်ချိနဲ့ရောဂါ ပန်းသေပန်းညိုးရောဂါ။ ၂။အမျိုးသမီးရောဂါ မီးယပ် သွေးဆုံး၊မီးယပ်ပိန်ခြောက်ရောဂါ။ ၃။ညောင်းကိုတ် ဒေနာခံစားနေရသူများ စမြင်းခံနေသူများ။ ၄။ဝမ်းတွင်းရောဂါအားလုံး အပူအပုပ်အားလုံး ပျောက်ကင်းပါတယ်။ Credit – ဒေါက်တာ […]

ကျန်းမာရေးဗဟုသုတ

ဘီပိုး၊ စီပိုး၊ အသည်းရောဂါသမားများ သခွတ်ကိုသောက်။ ရောဂါပျောက်။

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက်ပျောက် သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာသိသိသာသာ ပျောက်ကင်းသွား သလောက်ဖြစ် သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီး ကိုယ်တိုင် အံ့အားသင့်လို့ သခွတ်သောက်သော လူနာကို မှတ်တမ်းအပြုခံလိုက်ရသော မြန်မာတို့၏ သခွတ်ပင်သာဖြစ်ပါသည်။ သခွတ်ပင်၏ အပွင့် အရွက် အခေါက်တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ။ (လက်ဖက်ခြောက်လိုလည်း သောက်သုံးလို့ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ရအောင် နေဖန့်ဖန့်ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။ ဆေးရည်ကျိုနည်း ပထမဦးစွာ ဆေးကျိုုရန် အတွက် မြေအိုးအသစ် တလုံးကို ရယူပါ မြေအိုးထဲတွင် သခွတ်ပွင့်၊အရွက်နှင့် အခေါက်တို့ကို […]

ကျန်းမာရေးဗဟုသုတ

ငှက်ပျောသီး၏ အခြား အံ့အားသင့်ဖွယ် အသုံးဝင်ပုံ ( ၁၀ ) မျိုး

ငှက်ပျောသီး၏ အခြား အံ့အားသင့်ဖွယ် အသုံးဝင်ပုံ ( ၁၀ ) မျိုး ၁။ ဝက်ခြံများကို သက်သာစေခြင်း။ ငှက်ပျောသီးမှာဆိုရင် ဗီတာမင်စီနှင့် အီးကဲ့သို့သော ဓါတ်တွေအများကြီးပါဝင်သဖြင့် ဝက်ခြံဖြစ်ခြင်းကို သက်သာစေပါတယ်။ သင့်မျက်နှာကို ငှက်ပျောခွံနှင့်ပွတ်ပြီး ၅-၁၀ မိနှစ်အထိထားပေးပါ။ ထို့နောက်ရေနှင့်ဆေးလိုက်ပါ။ တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးပါ။ ၂။ အရေးအကြောင်းလျော့နည်းစေခြင်း၊ အရေးအကြောင်းဆိုတာကတော့ အရေပြားတင်းရင်းမှု လျော့နည်းလာခြင်းဖြစ်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ ဗီတာမင်စီက အရေးအကြောင်းများကို သက်သာစေပါတယ်။ သင်မအိပ်မီ ငှက်ပျောသီးခွံကို မျက်နှာအနှံ့ပွတ်ပေးပြီး မိနစ်သုံးဆယ်ခန့် ထားပါ။ ထို့နောက် မျက်နှာသစ်ပြီး အစိုဓါတ်ထိန်းသိမ်းပေးသည့် ခရင်လိမ်းပေးပါ။ တစ်ပတ်သုံးကြိမ် လုပ်ပေးပါ။ ၃။ ငွေထည်တွေကို အရောင်တင်ခြင်း၊ ငှက်ပျောသီးမှာ ပိုတက်စီယမ် ပါတဲ့အတွက် သင့်အိမ်ရှိ ငွေထည်ပစ္စည်းများကို အရောင်တင်ရန် သုံးနိုင်ပါတယ်။ ငှက်ပျောခွံနှင့် ရေ […]

ကျန်းမာရေးဗဟုသုတ

အဆုတ်ကို ပိုကျန်းမာမည့် နည်းလမ်းကောင်းများ

သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် နည်းလမ်းကောင်းများ လေ့ကျင့်ခန်း လုပ်ပါ- ကိုယ်လက်လှုပ်ရှားမှု လုပ်တာဟာ နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာလာလေ သွေးတွင်းကို အောက်ဆီဂျင်ရောက်တာများလေ ဖြစ်လာပါတယ်။ ဆေးလိပ်သောက်ရင် ဖြတ်ပါ- ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါကနေ အစ ရင်ကြပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်တာ၊ တခြားကင်ဆာတွေ၊ အရိုးပွတာတို့လည်း ဖြစ်နိုင်သေးပါတယ်။ ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောဂါ နဂိုရောဂါအခံ ရှိရင်လည်းဆေးလိပ် သောက်တာက ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရှိသမျှ ကိုယ်တွင်းအင်္ဂါတိုင်းကို ဆေးလိပ်ငွေ့က ဒုက္ခပေးပါတယ်။ ဆေးလိပ်အစားထိုးဆိုပြီး vape သုံးတာမျိုးလည်း မလုပ်ပါနဲ့- နောက်ပိုင်းမှာ စာတမ်းတွေ၊ သုတေသနတွေ၊ လက်တွေ့ တွေ့ရှိချက်တွေအရ vape သုံးတာကလည်း အဆုတ်ကို ပျက်စီးစေတာကို […]

ကျန်းမာရေးဗဟုသုတ

ဒူးနာခြင်း၊ ‌ခြေကျင်းဝတ်နာနှင့် ရိုးတွင်းချဉ်ဆီအတွက် သဘာဝဆေးနည်း

ဒူးနာခြင်း၊ ‌ခြေကျင်းဝတ်နာနှင့် ရိုးတွင်းချဉ်ဆီ အားမကောင်းတော့ရင် ရိုးတွင်းချဉ်ဆီအတွက် သဘာဝဆေးနည်း ဒူးနာခြင်း ‌ခြေကျင်းဝတ်‌ နာကျင်‌ကိုက်‌ခဲခြင်းအတွက် ဒူးနာခြင်း ခြေကျင်းဝတ် နာကျင်ကိုက်ခဲခြင်းတို့သည် အသက်‌အရွယ်‌မ‌ရွေး ဖြစ်‌တတ်‌‌ပါသည်။အသက်‌၄၀‌ကျော်‌ပြီး အမျိုးသားများ အမျိုးသမီးများတွင်‌ ရိုးတွင်းချဉ်‌ဆီ ခမ်း‌ခြောက်‌လာခြင်း‌ ကြောင့် ပိုပြီးတော့ အဖြစ်‌များတတ်‌သည်‌။ ထိုသို့ဖြစ်‌လာလျှင် ကိုယ်တွေ့ဆေးနည်းလေးကို ပြောပြပါရစေ။ ဆေးနည်း ၁။ရှား‌စောင်းလက်‌ပတ်‌ပင်‌ အထဲမှအနှစ်‌ကို ခြစ်‌ယူပါ။ ( ရေ‌နွေး‌သောက် ပန်းကန်‌တစ်လုံးစာ ) ၂။နွားနို့အစိမ်း ပန်းကန်‌ ( ၃ )လုံးစာနှင့်‌ရောပါ ( အစိမ်းမကြိုက်ရင် ကျိုပြီးထည့်ပါ) ၃။ဆားနဲ့သကြား အနည်‌း‌ရော၍ သမ‌အောင်‌‌ မွှေပြီး‌လျင် သောက်ပေးပါ။ ဖျော်ရည်‌စက်‌နဲ့ ‌ဖျော်‌ပြီးလည်း‌ သောက်လို့ရပါတယ်‌။ ၁ လကိုအနည်းဆုံး ( ၃ )ကြိမ်‌‌သောက်‌ပေးလဲရပါတယ်‌။ ( ၇ […]

ကျန်းမာရေးဗဟုသုတ

၀မ်းပျက်ဝမ်းကိုက် လေပွခြင်း၊ ကျောဗိုက်အောင့်၊ ဖောယောင်၊ ဆီးသွားရ ခက်ခြင်းများတွက် ကွမ်းသီးလည်း ဆေးဖက်ဝင်ပါ၏

၀မ်းပျက်ဝမ်းကိုက် လေပွခြင်း၊ ကျောဗိုက်အောင့်၊ ဖောယောင်၊ ဆီးသွားရ ခက်ခြင်းများတွက် ကွမ်းသီးလည်း ဆေးဖက်ဝင်ပါ၏ အနာပေါက် ရောဂါများ၌ သွေး၍ လိမ်းနိုင်သည်။ အပူလောင် ပြည်ဖုများ၌ ကွမ်းသီး ကြက်ချေးကို သွေးလိမ်း လျှင် ပျောက်ကင်း စေနိုင်သည်။ ရှားစေးနှင့် တောင်ငူ ကွမ်းသီး ဆတူ ရော၍ တိုက်ကျွေးလျှင် မီးယပ် သွေး လွန်ခြင်းကို ပျောက်ကင်း စေနိုင်ပါသည် ။ လေပွခြင်း၊ အစာမကြေ၊ ကျောဗိုက်အောင့်၊ ဝမ်းပျက်ခြင်း၊ ဝမ်းရစ်နာခြင်း၊ အဖောရောဂါ၊ ဆီးသွားရ ခက်ခြင်း၊ ကိုယ်ဝန် ဆောင်စဉ် ခဏခဏ အန်ခြင်း အတွက် ပြုတ်ရည်ကို တစ်နေ့ ၆ ပဲမှ ၁၂ ပဲသား တိုက်ကျွေး နိုင်သည်။ ဝမ်းပျက် ဝမ်းကိုက် […]

ကျန်းမာရေးဗဟုသုတ

နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း

နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥသျှစ်သီးက မှည့်သွားတဲ့အခါဆေးဖက်ဝင် တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။ အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန် သွားစေပါတယ်။ ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်း ကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။ အကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်းလျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ်တာ ကင်းဝေးပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ဝမ်းကိုက်တာကို သက်သာစေပါတယ်။ မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်းကိုက်တဲ့ ဝေဒနာတွေအတွက်သုံးရင် သက်သာတယ်လို့ တချို့ကဆိုပါတယ်။ […]