ဆန်ပုန်းရည် ပြုလုပ်နည်း ဆေးဖက်ဝင်ပုံနှင့် သုံးစွဲနည်း (၁၁) မျိုး ဆန်ပုန်းရည်မှာ လူကို အကျိုးပြုစေသည့် Probiotic များစွာ ပါဝင်တဲ့ ကျန်းမာရေး အတွက် အရာရောက်သော အရည်တစ်မျိုးဖြစ်ပါတယ်။ ရှမ်း၊ မွန်လူမျိုးများမှာ ဆန်ပုန်းရည်အိုး တည်ပြီး အသုံးပြုတာ တွေ့ရပါတယ်။ ဆန်ပုန်းရည် ပြုလုပ်နည်း – ထမင်းချက်လျှင် ဒုတိယဆန်ဆေး ရည်နင့် တတိယ ဆန်ဆေးရည်တို့ကိုယူပြီး အိုးသစ် ၁ လုံးတွင် ထည့်ပါ။ အိုးသစ် သုံးရခြင်းမှာ ဆန်ပုန်းရည် မပုပ်စေရန်နှင့် အနံ့ဆိုများ ကင်းစေရန်ဖြစ်တယ်) ဆားသင့်ရုံ သန့်ရှင်းသော ထမင်းကြ မ်း အနည်းငယ်ထည့်ပြီး အိုးလုံအောင်ဖုံး ထားပါ ၃ ရက်ကျော်လျှင် ချဉ်လာပါမည်။ အချဉ် ရလာပါက မနက်ပိုင်း ဆားနဲ့ ထမင်းကြမ်း […]
Month: January 2021
မုန်လာဥ အစိမ်းသုပ် ပြုလုပ်နည်း (အစားလည်းဆေး ဆေးလည်းအစာ)
မုန်လာဥ အစိမ်းသုပ် ပြုလုပ်နည်း (အစားလည်းဆေး ဆေးလည်းအစာ) မုန်လာဥကို ခပ်ပါးပါးလှီး။ ရေဆေး။ ကြက်သွန်နီ ပါးပါးလှီးထည့်။ သံပုရာရည်များများညှစ်ထည့်၊ ငြုတ်သီးထည့်။ မြေပဲပုစွန်ခြောက် ထောင်းထည့်။ သကြား၊ ဆားထည့်နယ်။ အရသာက ချဉ်ချဉ်စပ်စပ် လတ်လတ်ဆတ်ဆတ်မို့ မုန်လာချဉ်သုပ်ထက် ပိုကောင်း။(အစိမ်းနံ့ မနံပါ) တချို့က ရှတတအရသာနဲ့ အစိမ်းနံ့ပျောက်အောင် ဆားနဲ့ နယ် ၊ရှာလကာရှည်နဲ့နှပ်ကာ အရည်ညှစ်ထုတ်ပြီးမှ သုပ်စားတတ်ကြပါတယ်။ ကျန်းမာရေး ၁။သွေးအားကောင်းစေပါတယ်။ ၂။အမျှင်ဓာတ်များစွာပါပါတယ်။ဝမ်းချုပ်တာကာကွယ်။ ၃။နှလုံးထိခိုက်မှုတွေက ကာကွယ်ပေးပါတယ်။ ၄။သွေးတိုးသမားတွေအတွက် အထူးသင့်တော်ပါတယ်။သွေးပေါင် ထိန်းညှိပေးပါတယ်။ ၅။ဘီတာမင်စီ များစွာပါလို့ ကိုယ်ခံအား ကောင်းစေပါတယ်။ ၆။ရေဓာတ်ကိုဖြည့်တင်းပေးပြီး အရေပြားကျန်းမာရေးကို အထောက်အကူပြုပါတယ်။ Credit-Ham Sai
ခြေထောက် ၃ နှစ် ၃မိုး ကိုက်ခဲခဲ့တာ ဒီနည်းနဲ့မှ ပျောက်တော့တယ်ဗျာ
ခြေထောက် ၃ နှစ် ၃မိုး ကိုက်ခဲခဲ့တာ ဒီနည်းနဲ့မှ ပျောက်တော့တယ်ဗျာ ကဲဗျာ ချစ်မိတ်ဆွေတို့ ဒီတစ်ခါ အလွယ်ဆုံးနည်းလေး ဝယ်ရလွယ်တဲ့ မြန်မာဆေးနည်း ခရမ်းသီးလေး အကြာင်းပြောပြချင်တယ်ဗျ။ သုံးနှစ် သုံးမိုး အမြဲကိုက်နေတဲ့ ကျွန်တော်ခြေထောက်လေး ဆေးသောက်လည်း ခဏပဲ သက်သာတာ။ အကိုက်ပျောက်ဆေး ထိုးလည်း ခဏပဲသက်သာတာ။ အခုတော့ ခရမ်းသီးကို အရေညှစ်ပြီး ကိုက်တဲ့နေရာကို လိမ်းတာအခုတော့ ပျောက်နေပြီဗျ။ကျွန်တော် ပျောက်သလို ကျွန်တော့်လို ခံစားနေရတဲ့ ဝေဒနာရှင်တွေလည်း ပျောက်စေချင်တဲ့ စေတနာမေတ္တာနဲ့ ဒီဆေးနည်းလေး ပြောပြပါရစေ။ အရင်ဆုံး ခရမ်းသီးကို လေးစိတ် စိပ်ပါ။ လေးစိတ် စိပ်ပြီးရင်ခရမ်းသီးကို သံပုရာသီးညှစ်သလိုညှစ်ပါ။ ညှစ်လို့ထွက်လာတဲ့ ခရမ်းသီး အရေကို မိတ်ဆွေညောင်းညာ ကိုက်ခဲနေတဲ့နေရာကို လိမ်းပေးပါ။ ခရမ်းသီးရေ လိမ်းတဲ့နေရာကို အဝတ်လေးနဲ့ […]
ကိုယ်တွင်းက အရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာတာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း
ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာတာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင် ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီးပူလာရင် အဝတ်လေးထဲထည့်ထုပ်ပါ။ ပြီးရင် နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။ ၃-၄ ရက်တော့ဇွဲထားလုပ်ပေးပါ။ Credit-Grace Tun Shein ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ၃-၄ ရက်အတွင်း သက်သာစေတဲ့နည်း ကိုယ်တွင်းကအရိုးနာ၊ အရွတ်နာ၊ ကြွက်သားနာ တာတွေကို ဆားမီးလှော်အပူလေးနဲ့ ကြပ်ပူထိုးရင်ပျောက်ပါတယ်။ ဆားလက်တဆုပ်ကို အိုးထဲထည့်လှော်ပါ။ အငွေ့ထွက်ပြီး ပူလာရင် အဝတ်လေးထဲထည့်ထုပ်ပါ။ ပြီးရင် နာတဲ့နေရာကို ဖိဖိတို့ပေးပါ။ သက်သာရာကနေ ပျောက်ကင်းမှာပါ။၃-၄ ရက်တော့ ဇွဲထားလုပ်ပေးပါ။ Credit-Grace Tun Shein
နှာခေါင်းအမြဲပိတ်ပြီး နှာရည်တာက်လျှောက်ကျနေသူများအတွက်
နှာခေါင်းက အမြဲပိတ်ပြီး နှာရည်ကတောက်လျှောက်ကျနေရင် နှာခေါင်းက အမြဲပိတ်ပြီး နှာရည်ကတောက်လျှောက်ကျနေပါတယ်ဆရာ။ နှစ်ခါခွဲဘူးပါတယ်ဆရာ။ ဆရာဝန်အဆိုကတော့ လေအိတ်ကြီးတယ်ပြောပါတယ်ဆရာ။ ထိပ်ကပ်နာလို့လည်း ပြောကြပါတယ်။ ဆေးနည်းလေးမျာ းသိလိုပါတယ်။ နှာခေါင်းပိတ်၊ ထိပ်ကပ်နာ ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကိုလက်ခုပ်နဲ့ ရှူသွင်းပါ။ နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မယ်။ ချင်းတက်ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာစိမ်ထားပါ။ ရေနွေးကြမ်းသောက်သလို တစ်နေကုန်သောက်နေပါ။ မှိုင်းရှူဆေး ရှူပေးပါ။ တိုင်းရင်ဆေးအမှတ်၄၃ အကင်းဆယ်ပါးဆေးမှုန့်ဝယ် မီးခဲပေါ်ဖြူးရှူပေးပါ။ ထိပ်ကပ်နာ (နှပ်ပုတ်စော်နံရင်) အဆင့်ဆိုရင်တော့ မရိုးပင်ခေါ် ငဖြူကြီးပင် အရွက်တွေကိုအခြောက်လှန်း မီးရှို့ရှူပေးရင် ပျောက်နိုင်တယ်လို့ အာယုဗေဒဆေးကျမ်းများမှာ ပါပါတယ်။နှပ်ပုတ်စော်နံရင်..သံပရာသီးစိတ်အရည် နှာခေါင်းမော့ ညှစ်ထည့်ပါ။ အစေ့မပါပါစေနဲ့။တစ်နေ့၃ကြိမ် ထည့်ပါ။ Credit – ကြည်လွင်မြင့်(မုဒြာ)
ဆေးဘက်ဝင် ရှားစောင်းလက်ပတ်သုပ်နည်းနှင့် အံ့ဖွယ်အကျိုးများ
ရှားစောင်းလက်ပတ်စားရင် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ၁။ သွေးတွင်းသကြားဓာတ် ပမာဏကိုလျှော့ချပေးခြင်း လူနဲ့ တိရစ္ဆာန်တွေမှာ လေ့လာထားတဲ့ လေ့လာမှုတွေမှာ ရှားစောင်းလက်ပတ်စားသုံးခြင်းကသွေးတွင်းသကြားဓာတ် ပမာဏကိုလျှော့ချပေးကြောင်း သိရပါတယ်။ သွေးတွင်း သကြားဓာတ်ကို အဓိက ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ရဲ့ sensitivity ကို ကောင်းစေလို့ ဒီအာနိသင်ကို ရရှိတယ်လို့ဆိုပါတယ်။ ၂။ ရောင်ရမ်းမှုကို သက်သာစေခြင်း ခန္ဓာကိုယ်တွင်းက ရောင်ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကို တားဆီးပေးတာမို့ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။ ၃။ သွားကျန်းမာရေးအတွက် ကောင်းမွန်ခြင်း ရှားစောင်းလက်ပတ်ကို ဖျော်ကာ ပလုတ်ကျင်းခြင်းကသွားချေးကပ်ခြင်းကို လျှော့ချပေးပါတယ်။ ပါးစပ်ထဲက အနာတွေကို လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။ ၄။ မှတ်ဉာဏ်အားကောင်းစေခြင်း စိတ်ဓာတ်ကျခြင်းကို သက်သာစေပြီး မှတ်ဉာဏ်အားကို ကောင်းစေပါတယ်။ ၅။ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ ပေါများခြင်း ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ […]
ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲ သွေးပျစ်မှု၊ အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်း၊ သွေးတိုးနှင့် သံပရာသီးအစေ့
သံပုရာသီးတင်မကပါဘူး သံပုရာသီးအစေ့ကပါ ဆေးဖက်ဝင်ပါတယ်။ သံပုရာသီးက အားလုံးသိတဲ့ အတိုင်းပဲ ကယ်ဆီယမ် ဓာတ်အများကြီးပါတာကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်ရင် အဆီများတာတွေကို လျော့ချပေးနိုင်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဆေးတစ်မျိုးပါပဲ။ ဒီလိုသောက်ရုံတင်မကပဲ သံပုရားသီးတွေကို ပါးပါးလေးလှီးပြီး ခန္ဓာကိုယ်အတွင်းပိုင်းက မဲနေတဲ့နေရာတွေကို ဖြူစင်အောင် တိုက်လို့ရပါသေးတယ်။ ဒါကတော့ သံပုရာသီးနဲ့ ပတ်သတ်တဲ့ အကျိုးတွေပေါ့။ သံပုရာသီးအစေ့ကလည်း ထူးခြားတဲ့ကောင်းကျိုးတွေ ရှိနေပါတယ်။ သံပုရာရည်သောက်တိုင်း သံပုရာသီးစေ့ ထည့်ဖျော်တာဟာ ပိုပြီးဆေးဖက်ဝင်ကာ အဆီကျတယ်လို့ သိရပါတယ်(အစေ့ကိုဝါးပြီးမှတော့မျိုဖို့လိုပါတယ်နော်)။ နောက်တစ်ခုက သွေးပေါင်ချိန်တတ်၊ သွေးတိုးတတ်တဲ့သူတွေ အတွက်လည်း သံပုရာသီးအစေ့ကို ဝါးစားပေးခြင်းဟာ သွေးတိုးခြင်းကို လျော့ချပေးပြီး သွေးကိုကောင်းမွန်စွာ လည်ပတ်စေပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲမှု သွေးပျစ်မှု အစရှိတဲ့ ရောဂါတွေကို လည်းတားမြစ်နိုင်ပြီး အသည်းအဆီဖုံးခြင်း နှလုံးသွေးကြောကျဉ်းခြင်းတို့ကိုလည်း ထိရောက်စွာသက်သာစေတဲ့ […]
အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်း နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ စွယ်တော်ရွက်ဟင်းချို
စွယ်တော်ရွက် အနုလေးတွေ ထွက်တဲ့အချိန်ဆို အရွက်နုလေးတွေ ခူးပြီး ဟင်းချိုချက်သောက်ကြပါတယ်။ စွယ်တော်ရွက်က ဟင်းချိုလည်း ချက်သောက်လို့ရသလို အရွက်ကိုရေနွေးဖျော်ပြီး ကြက်သွန်နီပါးပါးလှီးပြီး ဆီစိမ်းလေးနဲ့သုပ်စားလို့လည်း အရမ်းကောင်းပါတယ်။ ကြက်သွန်ဖြူ ငရုတ်ကောင်း ပုဇွန်ခြောက်ထောင်းထားပါ။ စားနိုင်သလောက် ရေပမာဏထည့်ပြီး ဆူပွက်လာသည်အထိတည်ပါ။ မျှင်ငပိအနည်းငယ်နှင့် အပေါ်မှ ထောင်းထားတာများကို ထည့်ပါ။ ဟင်းအိုးဆူလာရင် ချွေထားသော စွယ်တော်ရွက်များကို ထည့်ပါ။ အရသာမှုန့် ခတ်ပါ။ ဟင်းချိုအိုး ဆူလာပြီဆို ရပါပြီ။ စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်ကောင်း ၊ ကြော်ချက်ပြုလုပ်၍ လည်ကောင်းစားသုံးနိုင်သည်။အပူငြိမ်းစေခြင်း အိပ်ပျော်စေခြင်း နှလုံးကို အားရှိစေခြင်း အကျိုးများ ရရှိစေပါသည်။ စွယ်တော်နီသည် အေးဖန်၍ ဝမ်းမီးကို တောက်စေသည်။ ဝမ်းကို ချုပ်စေတက်သည်။ သလိပ်နာ၊ လေနာကို နိုင်၏။ အဝါပွင့်သည် ဖန်၏။ စွယ်တော် […]
အဆစ်ရောင်၊ အကြောကိုက်ခဲနာကျင်ခြင်း၊ ဆီးကျောက်တည်ခြင်းနှင့် သွေးတိုးအတွက် အကောင်းဆုံး ကုန်းခရာနှင့် ရေခရာ
ခရာပင်သည် ကုန်းခရာနှင့် ရေခရာဟူ၍ နှစ်မျိုးရှိသည်။ ကုန်းခရာ – မြေပေါ်နေရာအနှံ့အပြားပေါက်သော ခရာနီ(တစ်ပင်လုံး)နီ ခရာဝါ(အပွင့်ဝါတို့ကို) ကုန်းခရာဟု ခေါ်သည်။ ရေခရာ – ပင်လယ်ကမ်းခြေ ရေငန်စပ်၌ ပေါက်သော ခရာဖြူ(အပွင့်ဖြူ)၊ခရာပြာ(အပွင့်ခရမ်းပြာ)တို့ကို ရေခရာဟုခေါ် သည်။ ကုန်းခရာ (ခ) ခရာနီသည် … တစ်ပင်လုံးနီသည်။ ခါးသောအရသာရှိသည်၊ အေးသောသတ္တိရှိသည်။ သွေးဆိပ်ကို ပယ်စေပြီး ရေငတ်ခြင်းကို ပယ်ဖျောက်နိုင်သည်။ သွေးတိုးရောဂါကို ပျောက်ပါသည်။ ခရာနီသည် သွေးကိုအမှန်တကယ်ကျစေတတ်သဖြင့် သွေးတိုးရှိမှ သောက်သင့်ပါသည်။ အလွန်အကဲ စွဲ၍မသောက်သင့်ပါ။ ရေခရာ (ခ) ခရာဝါ – ခရာနီကဲ့သို့ သွေးတိုးရာဂါ ပျောက်ကင်းပါသည်။ ခရာနီ/ခရာဝါကို အမြစ်ပါမကျန် နုတ်၍ ရေစင်စင်ဆေးပါ၊ ဓားနှင့်ခုတ်စင်းပြီး အိုးသစ်တွင်ထည့်၍ ရေသန့်(၃၀)သားနှင့် အဖုံးပိတ်၍ကျိုပါ။ ဆူလာလျင် မီးလျော့ပေးပါ၊ […]
လေငန်း၊ လေးဘက်နာ၊ ဒူးနာ၊ ခါးနာသမားများအတွက် ဆေးနည်းတိုများ
လေငန်း လေးဘက်နာ ဒူးနာ ခါးနာသမားများအတွက်ဆေးနည်းတိုများ ဒူးနာ ခါးနာများအတွက် သဘာဝ ဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။ မိမိနဲ့ အဆင်ပြေနိုင်မယ့် နည်းလမ်းကို ရွေးချယ် စမ်းသပ်နိုင်ကြပါတယ်။ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို ခံစားနေသည့် မိတ်ဆွေများအားလုံး အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက် ဖီးကြမ်းငှက်ပျောသီး အမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာငါးနာရီခန့် ပြုတ်၍ တစ်နေ့ သုံးလုံးစီ ငါးရက်ဆက်တိုက် စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ (ဝိစိတ္တရတနာမြေ) ငါးကြင်းခေါင်းကိုမကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍လက်တွေ့စမ်းကြည့်ရာဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်) တစ်နည်း – ဆေးရုံ […]