ကျန်းမာရေးဗဟုသုတ

သင့်ရဲ့အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ

သင့်ရဲ့အဆုတ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာများ ခေတ်ကတိုးတက်လာပြီး လူသားအရင်းအမြစ်ကများပြားလာတဲ့အချိန်မှာ သန့်စင်တဲ့လေထုကလည်း ရှားသထက်ရှားပါးလာပါတယ်။ ဒီတော့ လူသားတွေရဲ့အဆုတ်ကို ပိုပိုပြီး ထိခိုက်လာစေပါတယ်။ အဆုတ်ထိခိုက်ပျက်စီးနေတဲ့ထဲမှာ သင်ပါနေပြီဆိုတာကိုတော့ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။ ဒါတွေဖြစ်လာရင် မပေါ့ဆဘဲ ဆေးစစ်ကုသမှုခံယူပြီး အဆုတ်ကိုသေချာဂရုစိုက်သင့်ပါတယ်။ ပခုံးနဲ့နောက်ကျောနာကျင်ကိုက်ခဲခြင်း – နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်နေရာတွေမှာ တစ်ချက်တစ်ချက်စူးပြီးနာတာမျိုး ဆက်တိုက်ဖြစ်နေရင် အဆုတ်ကင်ဆာ အစပြုခြင်းလို့ ယူဆနိုင်ပါတယ်။ ဒီလိုနာကျင် ကိုက်ခဲတာတွေက အဆုတ်ကင်ဆာကြောင့်လို့ တစ်ထစ်ချပြောလို့မရပေမယ့် ပုံမှန်ကျန်းမာရေးကောင်းနေတဲ့လက္ခဏာတော့မဟုတ်တာကြောင့် ဆရာဝန်နဲ့ပြပြီးစစ်ဆေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။ အဆက်မပြတ် ချောင်းဆိုးခြင်း – ချောင်းဆိုးတာက အအေးမိလို့လည်းဖြစ်နိုင်ပေမယ့် အဆက်မပြတ် ချောင်းဆိုးမယ်၊ ချွဲကျပ်မယ်၊ ချွဲအရောင်ကပုံမှန်မဟုတ်တဲ့အရောင်မျိုးဖြစ်မယ်၊ အနံ့အသက်ဆိုးတွေထွက်နေမယ် ဆိုရင်တော့ ဒါတွေဟာ အဆုတ်မှာရောဂါတစ်ခုခုဖြစ်နေတဲ့လက္ခဏာပါ။ ချောင်းဆိုးတဲ့အချိန် သွေးပါတယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြဖို့လိုနေတဲ့ အရေးပေါ်အခြေအနေမျိုးဖြစ်နေပါပြီ။ အသက်ရှူရတိုတောင်းခြင်း – အသက်ရှူသွင်းတဲ့အခါ အဆုတ်ထဲအထိရှူသွင်းလို့မရဘဲ […]

ကျန်းမာရေးဗဟုသုတ

ခွဲစိတ်ကုသမှုမလို ကျောက်ကပ်နှင့်ဆီးကျောက်တည်ရောဂါအတွက် ဆေးနည်းကောင်း လက်တွေ့

ခွဲစိတ်ကုသမှုမလို ကျောက်ကပ်နှင့် ဆီးကျောက်တည်ရောဂါအတွက် ဆေးနည်းကောင်း လက်တွေ့မို့ မျှဝေလိုက်ပါတယ်။ ကျွန်တော့်အမျိုးသမီး 6.2.2016နေ့ မခံမရပ်နိုင်အောင် နာကျင်မှုဝေဒနာ ခံစားနေရလို့ ဆေးရုံပို့အမ်ထရာဆောင်း ရိုက်တော့ ကျောက်တည်နေတယ်ပြောတယ်။ 7.2.2016နေ့ကစပြီး အုန်းသီးနေ့နှစ်လုံး ညနှစ်လုံး အုန်းရေသောက်ခိုင်းတာ 16.2.2016နေ့မှာ လိမ္မော်သီးအစေ့ခန့်ရှိတဲ့ကျောက် မနာမကျင်ပဲ ထွက်ကျလာပါတယ်။ အောက်ပုံမှာ ထွက်လာတဲ့ကျောက်နဲ့ လိမ္မော်သီးစေ့ ယှဉ်ပြထားပါတယ်။။ ဆေးနည်းက အုန်းသီးကို အပေါ်က သေးသေးလေးဖေါက် ကျောက်ချဉ် ရွေးလေးစေ့ (သို့မဟုတ်) သံပုရာစေ့ခန့်ကို အုန်းသီးထဲထည့် ဖောက်ထားတဲ့အခွံနဲ့ ပြန်ပိတ်ပါ။ တစ်ညသိပ်ပြီး နောက်နေ့သောက်ရုံပါပဲ။ အုန်းသီးအနုဆို ပိုကောင်းပါတယ်။ ငွေကုန်ကြေးကျနည်းပြီး အမှန်ပျောက်လို့ ကုသိုလ်ယူ မျှဝေပေးလိုက်ပါတယ်။ Credit-Ko Nya

ကျန်းမာရေးဗဟုသုတ

အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ်

အသည်းခြောက် ရေဖျဉ်းသမားများ ဝမ်းမြောက်ဖွယ် ကိုယ်တွေ.ဆေးနည်းစွမ်း ရေဖျဉ်း၊ အသည်းသမားအတွက် မှတ်သားဖွယ် မယ်ဇလီပင် ဇနီးဖြစ်သူက အရက်လျော့သောက်ပါ..သောက်ပါဆိုသည် စကားပြော၍ တစ်နှစ်မျှပင် မကြာလိုက်။ ကိုထွန်းအောင် ရေဖျဉ်းရောဂါဖြင့် အိပ်ရာထဲ လဲတော့သည်။ ရေဖျဉ်းဖြစ်ပြီး ခန္ခာကိုယ်အောက်ပိုင်း ပေါင်နှင့်ခြေသလုံးများပါ ဖေါရောင်၍ အိပ်၍မရ အသက်ရှုကြပ်လှသည်ဆိုသည်။ ခက်သည်ကား ကျောက်ကပ်ကြောင့်လား၊ အသည်းကြောင့်လား တိတိပပ ဝေခွဲမရဖြစ်ပြန်သည်။ မြို့တက်၍ ဆရာ၀န်ဖြင့် စမ်းသပ်မှုများပြုလုပ်ရာ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြောင့်ဟု သိရသည်။ ဆေးရုံလည်း မတက်လို၍ ရွာသို့ပြန်ခေါ်ရင်း ဘာလုပ်ပေးရမည်မသိ ဖြစ်နေစဉ်၊ ကိုယ်တိုင် ဖြစ်ဖူးပါတယ်…ငါပြောသလို လုပ်ကြည့်ပါဟု မိတ်ဆွေတစ်ဦးကဆို၍ အောက်ပါဆေးနည်းအတိုင်း ဆောင်ရွက်ကြည့်ရာ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။ ဆေးနည်း (၁) မယ်ဇလီပင်မှ အခေါက်ကိုခွါရသည်။ (၂) မယ်ဇလီခေါက်(၃)ပိဿာကို ရေစင်အောင်ဆေးပြီး မီးရှို့ပြာချလိုက်ရသည်။ […]