အခုတစ်ခေါက်မှာတော့ ဆေးလိပ် နှင့် ဆေးရွက်ကြီးရဲ့အန္တရာယ်များအကြောင်းပြောပြပေးပါမယ္။ ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးအစား၊ ဆေးရွက်ကြီးထွက်ပစ္စည်းကို (၂)မျိုးခွဲခြားနိုင်သည်။ (၁) အငွေ့ထွက်သောဆေးရွက်ကြီးထွက်ပစ္စည်း ( စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ပြောင်းဖူးဖက်လိပ်၊ကွမ်းဖက်လိပ်၊ ရေပြောင်း၊ ပွတ်ချွန်း၊ ဘီဒီ စသည်တို့ပါဝင်သည်။) (၂) အငွေ့မထွက်သောဆေးရွက်ကြီးထွက်မစ္စည်း ( ကွမ်းထဲတွင် ဗမာဆေး၊ နှပ်ဆေး၊ ဆေးပေါင်း စသည့်ဆေး ထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည်တို့ပါဝင်သည်။) ဆေးလိပ်မီးခိုးငွေ့တွင်ပါဝင်သောဓါတ်ပစ္စည်းများ ဆေးလိပ်မီးခိုးငွေ့တွင်ကင်ဆာရောဂါဖြစ်စေတတ်သော ဓါတ်ပစ္စည်း (၅၀) ကျော်အပါအဝင် ဓါတ်ပစ္စည်းပေါင်း ( ၄၀၀၀) ကျော်ပါဝင်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီးကိုအဘယ်ကြောင့်စွဲလမ်းကြသနည်း။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဓါတ်ကိုစွဲလမ်းကြခြင်းဖြစ်ပါသည်။ နီကိုတင်း၏ စွဲလမ်းတတ်သော အာနိသင်ကြောင့် စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ် တို့ကို စတင်စမ်းသပ်သောက်သုံး ကြည့်ရာမှတဖြည်းဖြည်းပို၍စွဲလမ်းလာပြီး ဆေးလိပ်မသောက်ရမနေနိုင်အောင်၊ ကွမ်းမစား/ဆေးမငုံရ မနေနိုင်အောင်ဖြစ်လာကြသည်။ […]