ကျန်းမာရေးဗဟုသုတ

ဆေးလိပ်သောက် ကွမ်းယာစားသူတွေသိထားသင့်တဲ့ ဆေးရွက်ကြီးအကြောင်း

အခုတစ်ခေါက်မှာတော့ ဆေးလိပ် နှင့် ဆေးရွက်ကြီးရဲ့အန္တရာယ်များအကြောင်းပြောပြပေးပါမယ္။

ဆေးရွက်ကြီးထွက်ပစ္စည်းအမျိုးအစား၊ ဆေးရွက်ကြီးထွက်ပစ္စည်းကို (၂)မျိုးခွဲခြားနိုင်သည်။

(၁) အငွေ့ထွက်သောဆေးရွက်ကြီးထွက်ပစ္စည်း ( စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ ဆေးတံ၊ ပြောင်းဖူးဖက်လိပ်၊ကွမ်းဖက်လိပ်၊ ရေပြောင်း၊ ပွတ်ချွန်း၊ ဘီဒီ စသည်တို့ပါဝင်သည်။)

(၂) အငွေ့မထွက်သောဆေးရွက်ကြီးထွက်မစ္စည်း ( ကွမ်းထဲတွင် ဗမာဆေး၊ နှပ်ဆေး၊ ဆေးပေါင်း စသည့်ဆေး ထည့်စားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည်တို့ပါဝင်သည်။)

ဆေးလိပ်မီးခိုးငွေ့တွင်ပါဝင်သောဓါတ်ပစ္စည်းများ

ဆေးလိပ်မီးခိုးငွေ့တွင်ကင်ဆာရောဂါဖြစ်စေတတ်သော ဓါတ်ပစ္စည်း (၅၀) ကျော်အပါအဝင် ဓါတ်ပစ္စည်းပေါင်း ( ၄၀၀၀) ကျော်ပါဝင်သည်။

ဆေးလိပ်၊ ဆေးရွက်ကြီးကိုအဘယ်ကြောင့်စွဲလမ်းကြသနည်း။

ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းဓါတ်ကိုစွဲလမ်းကြခြင်းဖြစ်ပါသည်။ နီကိုတင်း၏ စွဲလမ်းတတ်သော အာနိသင်ကြောင့် စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ် တို့ကို စတင်စမ်းသပ်သောက်သုံး ကြည့်ရာမှတဖြည်းဖြည်းပို၍စွဲလမ်းလာပြီး ဆေးလိပ်မသောက်ရမနေနိုင်အောင်၊ ကွမ်းမစား/ဆေးမငုံရ မနေနိုင်အောင်ဖြစ်လာကြသည်။

ဖြစ်ပွားစေသောရောဂါများ

ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ဆေးလိပ်ငွေ့ကိုရှူရှိုက်ရခြင်းနှင့် ဆေးပါသောကွမ်းစားခြင်းတို့ကြောင့်အောက်ပါရောဂါများကိုဖြစ်ပွားစေပါသည်။

ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ နှင့် ကင်ဆာရောဂါအမျိုးမျိုးနှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ခြင်း၊ ရုတ်တရက်နှလုံးခုန်ရပ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ အဆုတ်ပြွန်ရောင်ခြင်း (အဆုတ်ပွရောဂါ) ပြင်းထန်သည့်သွေးတိုးရောဂါခြေပုတ်၊ လက်ပုတ်ရောဂါ (ခြေ၊ လက် ဖြတ်ပစ်ရသည်အထိဖြစ်နိုင်ပါသည်။)
ပန်းသေ၊ ပန်းညှိုးရောဂါ၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး၏ဆေးလိပ်ငွေ့ကိုရှူရှိုက်ရခြင်းနှင့် ဆေးပါသောကွမ်းစားခြင်းတို့ကြောင့် အထက်ဖော်ပြပါရောဂါများအပြင် အောက်ပါတို့ကိုဖြစ်ပွါးစေပါသည်။ သားပျက်၊ သားလျှောခြင်း (ကိုယ်ဝန်ပျက်ခြင်း)လမစေ့၊ ပေါင်မပြည့်သောခလေးမွေးဖွားခြင်းမွေးရာပါကိုယ်အင်္ဂါ ချို့ယွင်းချက်ပါလာခြင်းမွေးကင်းစခလေးရုတ်တရက်သေဆုံးခြင်း၊ ကလေးအသေမွေးဖွားခြင်း။

ဆေးလိပ်သောက်သုံးသူ၏ ပတ်ဝန်းကျင်အတွက် အန္တရာယ်ဆေးလိပ်ငွေ့ကိုရှူရှိုက်ရသောလသားကလေး ရုတ်တရက်သေဆုံးခြင်း၊ အဆုတ်ရောဂါဖြစ်ခြင်း၊ ကလေးငယ်များရင်ကြပ်၊ ပန်းနာဖြစ်ခြင်း၊ နားပြည်ယိုခြင်း။

ဆေးလိပ်ငွေ့သည်သောက်သုံးသူကိုသာမက ရှူရှိုက်ရသော ပတ်ဝန်းကျင်ရှိ လူများကိုပါ ထိခိုက်စေပါသည်။ သို့ဖြစ်၍ အများပြည်သူနှင့်ဆိုင်သောနေရာများ (ဥပမာ- ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများ၊ လေအေးပေးစက်တပ်ထားသော အလုံပိတ်အခန်းများ၊ ခရီးသည်တင်ယာဉ်များ စသည်တွင် ဆေးလိပ်မသောက်သင့်ပါ။)

ကျန်းမာရေး အသိရှိသူတိုင်းအောက်ပါတို့ကို သတိပြုလိုက်နာပါ။

ဆေးလိပ်၊ ဆေးရွက်ကြီးတို့ကိုအစပြုလျှင်စွဲတတ်သောကြောင့် လုံးဝအစပြုပါနှင့်။

မိဘပြည်သူများက သားသမီးများနှင့် ကလေးသူငယ်များကို ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း အစမပြုမိစေရန် ဝိုင်းဝန်းစောင့်ရှောက်ကြပါ။

သတိပေးကြပါ ကလေးငယ်များရှေ့တွင်ဆေးလိပ်သောက်ခြင်း၊ ကလေးငယ်များအားဆေးလိပ်မီးညှိခိုင်းခြင်း၊ ဆေးလိပ်ဝယ်ခိုင်းခြင်းတို့ကိုရှောင်ကြဉ်ပါ။

မိမိကိုယ်တိုင်လည်းဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းရှိလျှင်ဖြတ်နိုင်ရန်ကြိုးစားပါ။

မိသားစုဝင်များနှင့် မိတ်ဆွေများ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကိုဖြတ်နိုင်ရန်လည်း တိုက်တွန်းအားပေး ကူညီပါ။ လိုအပ်ပါကနီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနှင့်ဆွေးနွေးတိုင်ပင်ပါ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *