ကျန်းမာရေးဗဟုသုတ

သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ်

သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက် နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ် တစ်နေကုန်အလုပ်လည်းပင်ပန်းလာပြီးပြီ၊ ရတဲ့လစာလေးကလည်းနည်းနည်း၊ ဘာလို့ကျန်းမာရေးကိုဒီလောက်ဂရုစိုက်နေရသလဲ သူမရဲ့အဖြေဟာ အားလုံးကိုနိုးထလာစေတယ် လွန်ခဲ့တဲ့ (၁၀) နှစ်က ကျွန်မရဲ့အဖေဟာ၊ သူစုထားတဲ့ငွေဘတ်(၈) သိန်း ကိုအဖိုးရဲ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က၊ ကျွန်မရဲ့(၁၀) နှစ်စာစုမိထားတဲ့ငွေ ဘတ်(၂) သန်း လည်း ကျမ ရဲ့အဖေ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့ရပြန်တယ်။ ကျွန်မတို့( ၂) မျိုးဆက်လုံး (Generation) ဟာ ဆေးရုံအတွက်ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ခဲ့ရတယ် ကျွန်မရဲ့သားသမီးတွေကို၊ ကျွန်မလို ဒုက္ခမပေးချင်ဘူး။ မျိုးဆက်နံပါတ် (၃) ကိုလည်းဆေးရုံအတွက် ပင်ပင်ပန်းပန်းအလုပ် မလုပ်ပေးရအောင် ဒီနေ့ ကျွန်မကျန်းမာတုန်း၊ မဖျားမနာတုန်း ကျွန်မရဲ့ ကျန်းမာရေး ကို ကျွန်မ ဂရုစိုက်ရပါမယ် ။ ကျန်းမာရေးကိုဂရုစိုက်ကြပါ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် စရိတ်ဘယ်လောက်ကြီးကြီး၊ ဆေးရုံဆေးခန်းကုသစရိတ်၊ ဆေးဖိုးဝါးစရိတ်ထက်မကြီးဘူးဆိုတာ ယုံလိုက်ပါ။ […]