ကျန်းမာရေးဗဟုသုတ

နံနံပင်လေး ထည့်စားမယ်

** နံနံပင်လေး ထည့်စားမယ် **

==================
==================

မြန်မာလူမျိုး အများစုဟာ မုန့်ဟင်းခါး စားရင်ဖြစ်စေ၊ ဟင်းချက်ရင်ဖြစ်စေ နံနံပင်လေး ထည့်ချက်လေ့ ရှိကြပါတယ်။ မကြိုက်သူတချို့တလေ ရှိနိုင်ပေမယ့် နံနံပင်လေး ထည့်လိုက်မှ အနံ့ အရသာ ပိုကောင်းလာတယ်ဆိုတာ အများစုက လက်ခံထားကြပါတယ်။

အနံ့မွှေးရုံတင်မကဘဲ နံနံပင်ဟာ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ နံနံပင်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ –

1. နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။

2. ဆီးချိုသမားများအတွက် သင့်တော်ပါတယ်။

3. စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုကို သက်သာစေပါတယ်။

4. ရောဂါပိုးမွှားနှင့် မှိုရောဂါပိုးများကို သေစေနိုင်ပါတယ်။

5. ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

6. နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

Dr. Zero

===========

DrMyanmar

Leave a Reply

Your email address will not be published. Required fields are marked *