ဆေးစုံနေပြီဆိုတဲ့ ခါးနာတတ်သူများအတွက် ဆေးနည်းပေါင်းချုပ်။
ခါးနာအတွက် ဆေးနည်းတိုများ-
သက်ရင်းကြီးရွက်များကို ခါးတွင်ကပ်ပြီး အဝတ်ဖြင့်စည်းထားပါ။ (၂)နာရီကြာလျှင်၊ ယားလာလျှင် ဖြည်ပေးပါ။ -သက်ရင်းကြီးရွက် (၇)ရွက်ကို အိပ်ယာအောက်တွင် ခင်းအိပ်လျှင် ခါးနာသက်သာသည်ဟု ရှေးလူကြီးများ သုံးကြသည်။ -ကိုရန်ကြီး(ခတ္တာပင်) အရွက်ကို ပျော့အောင် မီးကင်ပါ။ မုံညှင်းဆီ(သို့) နှမ်းဆီသုပ်ပြီး ခါးတွင်ကပ်ပြီး အဝတ်ဖြင့် ပတ်စည်းထားပါ။
ဗာဒံရွက်(ဗန်ဒါရွက်) အစိမ်းရောင်အရွက်နုကို ခါးတွင်၃ရွက်ခန့် ကပ်ပြီး ခါးနာလျှင် ပတ်သည့်ခါးပတ်ဖြင့် ပတ်ထားလျှင် ခါးကြောညပ်၊ ခါးဆစ်နာသက်သာစေသည်။ -သင်္ဘောရွက်ကို ပျော့အောင် ရေနွေးစိမ် ခါးတွင်ကပ်ပြီး ပတ်ထားလျှင် သက်သာစေသည်။ -ချင်းခြောက်မှုန့် ၂ဆ၊ လင်းနေမှုန့် ၁ဆ၊ သစ်ကြံပိုးခေါက်မှုန့် ၁ဆ ရောစပ်။ ရေနွေးဖြင့် ကျေညက်အောင် ခေါက်ဖျော်ပြီး ဂွမ်း(သို့) ပတ်တီးစပေါ်တွင် သုပ်လိမ်း၊ ခါးတွင်ကပ်ပြီး အိပ်လျှင် ခါးနာ၊ ကျီးပေါင်းတက်နာ သက်သာစေနိုင်သည်။
တောရှောက်မြစ်၊ ဝံအူမြစ်၊ စာသူငယ်ဦးနှောက်၊ ပိတောက်သားအနှစ်တို့ကို သွေးပြီးလိမ်းပေး(သို့) အမှုန့်ကြိတ်၊ ရေဖြင့်ဖျော်လိမ်းပေးပါက ခါးနာသက်သာစေသည်။-မိဿလင်ဥ(သို့) အမှုန့်ကို ကြပ်ထုပ်လုပ်ပြီး ရေနွေးငွေ့ခံ ထိုးပေးလျှင် ခါးကိုက်၊ လှည့်စောင်းမရ ဝေဒနာ သက်သာစေသည်။-ဆားခါးထုပ်ကို ရေစိမ်ကန်တွင် ထည့်ဖျော်ပြီး စိမ်ပေးလျှင် ခါးနာသက်သာစေသည်။-ဆေးခါးကြီး(သို့) ရှမ်းဆေးခါးပင်ပြုပ်ရည်ကို အကြမ်းပန်းကန်တစ်လုံးစာ နံနက်၊ ညသောက်လျှင် ခါးနာစွဲနေသူ သက်သာစေသည်။-ဓာတ်စာအနေဖြင့် ခွေးတောက်ရွက်နှင့် ကြက်ရိုးဟင်းချို ချက်သောက်ပါ။
ခါးနာအတွက် ဆေးပရုပ်ဆီချက်နည်း-
မင်သော်ဆီ ၂ကျပ်သား။ မီသိုင်း ၃ကျပ်သား။ ပက်ပါမင် ၅ကျပ်သား။ ပရုပ် ၂၄ကျပ်သား။ ထင်းရှူးဆီ ၁၀ကျပ်သား။ မုံညှင်းဆီ ၄၀ကျပ်သား။ ပျားဖယောင်း ၁၆ကျပ်သား။
( မုံညှင်းဆီ အရင်တည်။ ဆူပြီးမှ ဆေးမယ်များ အဆင့်ဆင့်ထည့်သွား။ မီးဖိုပေါ်မှ ချပြီးမှ နောက်ဆုံးပျားဖယောင်းထည့်ပါ။ မအေးခဲမီ ဖန်ပုလင်းငယ်များတွင် ခွဲထည့်ပါ။ အေးခဲလျှင် ဆေးပရုပ်ဆီ ဖြစ်ပါပြီ)
Credit-ဆရာကြည်လွင်မြင့် (မုဒြာ)