ခရာပင်သည် ကုန်းခရာနှင့် ရေခရာဟူ၍ နှစ်မျိုးရှိသည်။ ကုန်းခရာ – မြေပေါ်နေရာအနှံ့အပြားပေါက်သော ခရာနီ(တစ်ပင်လုံး)နီ ခရာဝါ(အပွင့်ဝါတို့ကို) ကုန်းခရာဟု ခေါ်သည်။ ရေခရာ – ပင်လယ်ကမ်းခြေ ရေငန်စပ်၌ ပေါက်သော ခရာဖြူ(အပွင့်ဖြူ)၊ခရာပြာ(အပွင့်ခရမ်းပြာ)တို့ကို ရေခရာဟုခေါ် သည်။
ကုန်းခရာ (ခ) ခရာနီသည် …
တစ်ပင်လုံးနီသည်။ ခါးသောအရသာရှိသည်၊ အေးသောသတ္တိရှိသည်။ သွေးဆိပ်ကို ပယ်စေပြီး ရေငတ်ခြင်းကို ပယ်ဖျောက်နိုင်သည်။ သွေးတိုးရောဂါကို ပျောက်ပါသည်။ ခရာနီသည် သွေးကိုအမှန်တကယ်ကျစေတတ်သဖြင့် သွေးတိုးရှိမှ သောက်သင့်ပါသည်။ အလွန်အကဲ စွဲ၍မသောက်သင့်ပါ။
ရေခရာ (ခ) ခရာဝါ –
ခရာနီကဲ့သို့ သွေးတိုးရာဂါ ပျောက်ကင်းပါသည်။ ခရာနီ/ခရာဝါကို အမြစ်ပါမကျန် နုတ်၍ ရေစင်စင်ဆေးပါ၊ ဓားနှင့်ခုတ်စင်းပြီး အိုးသစ်တွင်ထည့်၍ ရေသန့်(၃၀)သားနှင့် အဖုံးပိတ်၍ကျိုပါ။ ဆူလာလျင် မီးလျော့ပေးပါ၊ ရေတစ်ဆာ်သားကျန်အောင် ကျို/သုံးခွက်တစ်ခွက်တင် ကျိုပြီးအအေးခံထားပါ။ အေးလျင် ပုလင်းသန့်သန့်ထဲထည့်ပြီး မနက်အစာမစားမီ တစ်ကြိမ်၊ညစာစားပြီးတစ်နာရီခြား တစ်ကြိမ်တစ်ရက်။ နှစ်ကြိမ်တစ်ခါသောက် လဖက်စားဇွန်း တစ်ဇွန်း သောက်ပါ။ (၅)ရက်ခြား မှတစ်ခါ တစ်လထိသောက်ပါ။ သွေးတိုးရောဂါ ပျောက်ပါသည်။ ခရာအပွင့်ဖြူ အပွင့်ခရမ်းပြာတို့ကို ရေခရာဟု ခေါ်သည်။
ရေခရာ – အပင်ပေါက်ရွက်နုများကို ပြုတ်၍တို့စား ဟင်းချိုချက်စားပါက နို့တိုက်မိခင်များအ တွက် နို့ပေါစေပါတယ်။ သလိပ်ကို ပယ်စေသည်၊ အစာမကြေခြင်း၊ ဖောရောင်ခြင်းကို ပျောက်စေ သည်။ ဒူးခေါင်းကြီးရောဂါ၊ အဆစ်ရောင်၊ အကြောကိုက်ခဲနာကျင်ခြင်းအတွက် ခရာရွက်ကို ဆီသုတ် မီးကင်ပြီး စည်းထားပေးပါ။
ဝမ်းဖော ဝမ်းရောင်၊ အစာမကြေ၊ ရင်ပြည့်ရင်ကယ် အစာအိမ်အချဉ်ပေါက်၊ သလိပ်ထခြင်းများ၊နို့ချောင်းပိတ်၊ နို့နာရောဂါ၊ ဖောရောင်ရောဂါများ ခရာပင်ပေါက်နု ပြုတ်၍ စားခြင်းဖြင့် သက်သာပျောက်ကင်းပါသည်။ ကလေးငယ်များ လေဆန်နာပါက ဟင်းခါးချက်ကျွေးပါ။ ဆီးကျောက်တည်ခြင်း၊ ဆီးပူဆီးအောင့်ခြင်း သွေးဝမ်းဒူလာ၊ အသက်ရှူကျပ်ခြင်း၊ မီးယပ်သွေးကိုက်ခဲနာကျင်ခြင်း၊ အဖြူဆင်းခြင်း၊ ယားယံခြင်း သုတ်လွန်ရောဂါများအတွက် ခရာပင် ပ ဉ္စငါးပါးကို စမုန်မျိုးငါးပါး တစ်မတ်သားစီထည့်၍ သုံးခွက်နှစ်ခွက် ၃/၂တင်ကျိုပြီး ဒိုဘာလာသကြားထည့်ဖျော်၍ တစ်ရက်လျင် နံက်တစ်ကြိမ် ညတစ်ကြိမ် အကြမ်းပန်းကန်တစ်လုံးသောက်ပါ။ သွေးတိုးရှိလျှင် – ခရာမြစ်ကို ဆန်ဆေးရေနှင့်သွေး၍ အကြမ်းပန်းကန်တစ်လုံး နံက်တစ်ကြိမ်ညတစ်ကြိမ်သောက်ပါ။ ဆီးချို သွေးချိုရှိသူများ အချိုနှင့် တွဲသောက်ရသည့်အခါ ရုက္ခမူဆေး (သစ်ပင်မှရသောဆား) ကဲ့သို့သောဆေးနှင့် တွဲသောက်ပါ။
မှတ်ချက်။ ။သွေးအလွန်ကျတတ်သဖြင့် ချင့်ချိန်၍သောက်ပါ။ ဆေးသောက်ပြီးတိုင်း ချင့်ချိန်ပါ [ဝက်သားနှင့်အငန်ရှောင်ပါ]
Credit – သမားတော်ကြီးဦးသောင်းရွှေ