နားရောဂါဝေဒနာနဲ့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်တဲ့ ဥသျှစ်သီး၊ ဥသျှစ်ရွက်၏ ကျန်းမာရေး အစွမ်း
ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥသျှစ်သီးက မှည့်သွားတဲ့အခါဆေးဖက်ဝင် တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။ အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန် သွားစေပါတယ်။ ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်း ကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။ အကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်းလျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ်တာ ကင်းဝေးပြီး ဝမ်းမှန်မှန်သွားစေပါတယ်။
ဝမ်းကိုက်တာကို သက်သာစေပါတယ်။ မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်းကိုက်တဲ့ ဝေဒနာတွေအတွက်သုံးရင် သက်သာတယ်လို့ တချို့ကဆိုပါတယ်။ အကောင်းဆုံးရလဒ်ကို ရရှိစေဖို့ ဥသျှစ်သီးခြောက် ဒါမှမဟုတ် ဥသျှစ်သီးအမှုန့် ကိုသုံးသင့်ပါတယ်။ အစာအိမ်အနာကို သက်သာစေပါတယ်။ ဥသျှစ်ရွက်ကို အစာအိမ်အနာကု သဆေးအဖြစ် သုံးကြပါတယ်။ အကြောင်း ကတော့ ဥသျှစ်ရွက်တွေမှာ တန်နင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ ကျစေပြီး အစာအိမ်အနာကျက်အောင် ကူညီပေးလို့ပါ။
နားရောဂါဝေဒနာတွေကို သက်သာ စေပါတယ်။ ဥသျှစ်ပင်ရဲ့အမြစ်ကို နားရောဂါ ဝေဒနာတွေ ကုသရေးအတွက် အိမ်သုံးဆေး တစ်လက်အဖြစ် အသုံးပြုကြပါတယ်။ အထူးသဖြင့် ဥသျှစ်ပင်ရဲ့အမြစ်နဲ့ တမာရွက်ဟာ နားပိုးဝင်တာ၊ နားရောင်ရမ်းတာနဲ့ နား ပြည်ယိုတာစတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ အကြောင်းကတော့ တမာရွက်မှာ ပိုးသတ်အာနိသင်ရှိပြီး ဥသျှစ် ပင်အမြစ်ပိုင်းမှာ သွေးတိတ်စေတဲ့ အစွမ်း ရှိလို့ပါ။
အသက်ရှူလမ်းကြောင်း ရောဂါဝေဒနာ တွေကို သက်သာစေပါတယ် ။ဥသျှစ်ရွက်ကရလာတဲ့ အဆီကို ရှူ ပေးရင် မကြာခဏ အအေးမိတာ၊ အ သက်ရှူလမ်းကြောင်း ဝေဒနာတွေကို ယာယီသက်သာစေပါတယ်။ဥသျှစ်ရွက် အဆီကို နှမ်းဆီနဲ့ ဆတူရောပြီး နားထင်မှာ လိမ်းပြီး နှိပ်နယ်ပေးရင် ခေါင်းကိုက်တာကို သက်သာစေသလို အအေးမိ ဝေဒနာကိုလည်း လျော့ပါးစေပါတယ်။ဥသျှစ်ရွက်ပြုတ်ရည်ထဲ ငရုတ်ကောင်း နည်းနည်းထည့်သောက်ရင် ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်းဝေဒနာတွေကို သက်သာစေပါတယ်။ အစာမကြေတာနဲ့ အူမကြီး ပိုးဝင်မှု ကို သက်သာစေပါတယ်။ ဥသျှစ်သီးဟာ အစာအိမ်နဲ့ အူမကြီး ပြဿနာတွေကို သက်သာစေတဲ့ အလွန် အစွမ်းထက် အိမ်သုံးဆေးတစ်လက် ဖြစ်ပါတယ်။ ဒါကြောင့် အစာမကြတာနဲ့ အူမကြီး ပိုးဝင်တာတွေလို ဝေဒနာတွေကို ကုသရာမှာ သုံးကြပါတယ်။
Credit-Original Uploader