ကျန်းမာရေးဗဟုသုတ

ခန္ဓာကိုယ်ရှိ အဆစ်များကိုက်ခြင်း၊ တင်းခြင်း၊ ရောင်ခြင်းကြောင့် မထိုင်နိုင် မသွားနိုင်ဖြစ်လျှင်

ခန္ဓာကိုယ်ရှိ အဆစ်များကိုက်ခြင်း၊ တင်းခြင်း၊ ရောင်ခြင်းကြောင့် မထိုင်နိုင် မသွားနိုင်ဖြစ်လျှင်

ဤရောဂါ ဖြစ်ပေါ်သူတို့အနက် အချို့မှာ လက်ချောင်းအဆစ်များ ရောင်တင်း၍ ကောင်းစွာ မဆုပ်ကိုင်နိုင်ခြင်း၊ လက်မောင်းရင်းဆစ်နှင့် တံတောင်ဆစ်တို့ ရောင်တင်း၍ လက်ကောင်းစွာ မမြှောက်နိုင်ခြင်း၊ မကွေး မဆန့်နိုင်ခြင်း၊ ဒူးဆစ်၊ ခြေချင်းဝတ်တို့ ရောင်တင်း၍ ကောင်းစွာမသွားနိုင်ခြင်း၊ မကွေးနိုင် မဆန့် နိုင်သောကြောင့် မထိုင်နိုင်ခြင်း၊ ခြေချောင်းဆစ်များ ရောင်တင်း၍ ဖိနပ်စီး၍ မကောင်းခြင်း၊ အနည်းငယ်လှုပ်ရှားလျှင် မောဟိုက်လွယ်ခြင်း၊ အချို့မှာ ဝမ်းနှင့် ဆီးတို့နည်းခြင်း၊ အိပ်မပျော်ခြင်း စသည်တို့ ဖြစ်ပေါ်ခံစားရတတ်သည်။

ခြေလက် ခေါင်းတုန်ရောဂါ

အချို့မှာ လေအားယုတ်လျော့၍ ခေါင်းတုန်ခြင်း၊ ခြေတုန်ခြင်း၊ လက်တုန်ခြင်း ဖြစ်တတ်ရာဤသို့ ခြေ လက် စသည်တို့အတွက် ဤဆေးသည် သက်သာစေပါသည်။

မျက်ခမ်းလှုပ်ရောဂါ

အညစ်အကြေများ စုဝေးကာ သွေးစီးဆင်းမှု မမှန်မကန် ဖြစ်ခြင်းကြောင့် ဖြစ်လာသော မျက်ခမ်းလှုပ်သူတို့အတွက် ဤဆေးကို လှုပ်နေသောနေရာကို ပါးပါး သုတ်လိမ်းပြီး ကွမ်းရွက် ကပ်ပေးပါ။ တစ်နေ့ သုံးကြိမ် ပြုလုပ်ပေးခြင်းဖြင့် တစ်ရက် နှစ်ရက်အတွင်း ပျောက်ကင်းကြောင်း တွေမြင်ရပါလိမ့်မည်။

ဆေးနည်း

၁။ တောရဲယိုစေ့ – ၅ ကျပ်သား

၂။ ဂျင်းတက် – ၁ ကျပ်သား

၃။ မုံညှင်းဆီ – ၅ ကျပ်သား

ဤဆေးသုံးမျိုးကို ဒယ်အိုးတွင် ထည့်ပြီး မီးဖိုပေါ်တင်၍ တောရဲယိုစေ့၊ ဂျင်းတက် တူးအောင်ချက်၊ အအေးခံ၊ ဆီကိုစစ်ယူပြီး ပုလင်းထဲသို့ ထည့်၍ ဆေးအဖြစ် အသုံးပြုနိင်ပါသည်။

အသုံးပြုပုံ

အထက်ပါ ရောဂါများဖြစ်ပါက ဖြစ်နေသော နေရာပေါ်သို့ တောရဲယိုဆီကို ပါးပါးသုတ်လိမ်းပြီးကွမ်းရွက်ကို ကပ်ပေးပါက ညလိမ်း၊ မနက် သက်သာလာသည်ကို လက်တွေ့ကုသပျောက်ကင်းကြောင်း တင်ပြလိုက်ရပါသည်။

Credit-ဦးဝင်းမြင့် (နေပြည်တော်၊ လယ်ဝေးမြိုနယ်၊ အေလာ စက်ပိုင်း )

Leave a Reply

Your email address will not be published. Required fields are marked *