အစာအိမ်သမားများအတွက် ငွေမကုန်တဲ့ ဆေးတစ်လက်
အစာအိမ်ရောဂါဖြစ်လို့ ငြီးငြူသံတွေ မကြာခဏတွေ့နေရလို့ ဒီစာကို အချိန်ကုန်ခံ ရေးပါတယ်။
အခံရခက်ပါတယ်။ ရင်ဝနားက ပူပြီး စူးအောင့်ပါတယ်။ အဆာခံပြီး အလုပ်လုပ်လွန်းလို့ခဏခဏ ဖြစ်ခဲ့ပါတယ်။ ဆေးထိုး ဆန်ပြုပ်သောက် ဂျဲလမက်ဝါးပေမဲ့ ခဏဘဲ သက်သာလာတာပါ။ ဆရာမကွေးဝင်းမြင့် ကျေးဇူးကြောင့် အစာအိမ်ရောဂါအမြစ်ပြတ်ပျောက်ကင်းခဲ့ပါတယ်။
ငွေမကုန်တဲ့ ဆေးမို့ အထင်မသေးလိုက်ပါနဲ့။ တောကြက်မောက်/ ကြက်မောက်ဆူးပြန်/ ကျွဲနှခေါင်းချိတ်။ ဒေသအခေါ်ကွဲလို့ သုံးမျိုးလုံး ပြောတာပါ။ အဲ့အပင်ရဲ့အမြစ်၊ အရိုး၊ အရွက် ရေစင်စင်ဆေး၊ ရေနွေးကြမ်းလို အရောင်ထွက်လာအောင်ပြုတ်၊ လေပူကြေချင်ရင် ဆားနဲနဲခပ်သောက်။ ချိုချိုလေး သောက်ချင်ရင် သကြား ထန်းလျက် ထည့်သောက်။ အကြမ်းပန်းကန်တလုံးစာ ပူပူလေး မှုတ်သောက်ပြီးရင်ကို သိသိသာသာကောင်းသွားပါပြီ။ အစာအိမ်ရောဂါတော့ငွေမကုန် အမြစ်ပြတ်တဲ့ ဆေးပါ။ ဆူးတောင်လေး ဖယ်တာက စိမ်းရွှေရွှေအနံ့ မပါအောင်ပါ။ယုံကြည်စွာ သောက်ကြပါကုန် ကျန်းမာချမ်းသာကြပါစေသတည်း။
Credit-Original Uploader