ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ် လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော်
မြန်မာဆေးကျမ်းများ အလိုအရ နလင်ကျော်သည် အေး၏။ အခိုးကို ပွင့်စေ၍ အဆိပ်ကိုနိုင်သည်။
(ဆေးဖက်အသုံးဝင်ပုံ) အသားခေါက်၊ အမြစ်ခေါက်
(၁) ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော်ကို (ဆားနှင့်)သွေး၍ လိမ်းပါက အခိုးပွင့်၍ သက်သာပျောက်ကင်းစေပါသည်။
(၂) ဖျားနာခြင်း၊ အညှော်မိခြင်း၊ အနာဝင်ခြင်း၊ ငန်းမန်းအားကြီးခြင်းအတွက် နလင်ကျော်ကို သွေး၍ သောက်ခြင်း၊ လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ဝမ်းချုပ်ပါက နလင်ကျော်သွေးရည်ကို ဆားအနည်းငယ် ထည့်သောက်ပါ။
(၃) ဝမ်းဖော၊ ဝမ်းရောင်၊ ရေငတ်ဝမ်းကျ ဖြစ်ပါက ထမင်းဆုပ် မီးဖုတ်စိမ်ရည်နှင့် နလင်ကျော် သွေးသောက်ပါက ပျောက်ကင်း၏။
(၄) ဆုံဆို့နာ၊ သွေးလွန်တုတ်ကွေး အဖျားရောဂါ၊ ပင်လယ်အူနာရောဂါ၊ အမျိုးသမီးများတကျည်းကိုက် ရောဂါများအတွက် နလင်ကျော်ကို ရေနှင့်သွေး၍ သောက်ပါ ။
(၅) ကိုယ်လက်လေးလံခြင်း၊ နာကျင်ကိုက်ခဲခြင်းကြောင့် သွားလာရာ၌ ဒူးဆစ်များ နာကျင်ခြင်း၊ ထိုင်ပါများလျှင် ကျင်ခြင်း၊ အမြင့်သို့တက်ရာ၌ မောပန်းခြင်းအတွက် နလင်ကျော်ကို ပရုတ်ဆီနှင့်သွေး၍ လိမ်းပေးပါ။ နလင်ကျော်ကို သွေးရည်ကို အသင့်အတင့် သောက်ပေးပါ။
(၆) အမျိုးသမီး ကိုယ်အင်္ဂါတွင် တုတ်ကောင်တွယ်၍ အနာဖြစ်ပါက အခေါက်ကို ပြုတ်၍ ထိုအရည်ဖြင့် ဆေးပေးပါက လျှင်မြန်စွာ ပျောက်ကင်း၏။
(၇) မျက်စိနာ၊ မျက်စိမှုန်ပါက မျက်လုံးကို နလင်ကျော်သွေးရည်ဖြင့် ဝိုင်း၍ လိမ်းပေးပါ။
(၈) နို့နာဖြစ်ပါက နလင်ကျော်မှုန့် နှင့် စပါယ်မှုန့်ကို သွေး၍ လိမ်းရ၏။
(၉) နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာ ဖြစ်ပါက နလင်ကျော်အမှုန့် ရှူပေးပါက သက်သာပျောက်ကင်း၏။
(၁၀) အမှုန့်ကို ဆန်ဆေးရည်နှင့် ဖျော်၍ သောက်ပါက ညောင်းကျရောဂါ၊ ဝမ်းတွင်းပုပ်၊ ဆီးပုပ်၊ နှလုံးမငြိမ်၊ နှုတ်ခမ်း အာခေါင်ခြောက် ရောဂါများ ပျောက်ကင်းပါ၏။
အထူးဂရုပြုပါရန်-
နလင်ကျော်မှုန့် စားသုံးစဉ်အတွင်း ထန်းလျက် မစားရပါ။ စားလျှင် သေတတ်ပါ၏။ (အချိုဟူသမျှ ရှောင်ပါက ပိုကောင်းပါ၏။
မှတ်ချက်-နလင်ကျော်ဟာ ဈေးနှုန်းလည်းချိုပါတယ်။ ဆေးဖက်လည်း အများကြီး အသုံးဝင်တဲ့ အတွက် အိမ်တိုင်း အလွယ်တကူ ဆောင် ထားသင့်ပါတယ်။
Credit-မြန်မာ့ဆေးဝါးပင်များ
ဆရာကြည်လွင်မြင့်ပြောပြသော နလင်ကျော်ဆေးအသုံး
မေး။ မြန်မာဆေးမြစ်စုံမှာ ပါဝင်တဲ့ နလင်ကျော်ရဲ့ အသုံးဝင်ပုံကို သိချင်ပါတယ်ဆရာ။
ဖြေ။ နလင်ကျော်ပင်ရဲ့ အခေါက်၊ အသားကို သွေးလိမ်း၊ သွေးသောက်တာ ရှေးမြန်မာလူကြီးများရဲ့ ဓလေ့ပါ။ အသုံး ကတော့ အနာဝင်၊ ညှော်မိ၊ ပေါင်မို့သက်တံ၊ ပေါင်ထိပ်အကျိတ်ခို၊ သွေးစုနာ၊ ဂရင်ဂျီနာ၊ သံစူးအနာရင်း၊ ညှော်မိတာ တွေအတွက် သွေးလိမ်း၊ သွေးသောက်ရပါတယ်။ ကင်းကိုက်၊ ပင့်ကူရှပ်၊ ရောင်ခြင်း၊ အသားကွက်ယားခြင်းအတွက် နလင်ကျော်ခေါက်ကို ဆားနဲ့သွေးလိမ်းရပါတယ်။ မျက်စိမှုန်၊ တိမ်စွဲရင် နလင်ကျော်မြစ်ကို သွေးကွင်းရပါတယ်။အမျိုးသမီးရောဂါ ယောနိတွင် တုတ်ပိုးစွဲရန် အနာဖြစ်ပြီး ကိုက်ခဲလျှင် (ယခုခေတ် သားအိမ်ခေါင်း ကင်ဆာနှင့် အလွန်နီးစပ် သည်) နလင်ကျော် အခေါက်ပြုတ်ရည်ဖြင့် ဖန်ဆေး၊ ဖန်ထိုင်ပေးလျှင် ပျောက်ကင်းစေသည်ဟု ရှေးဆေးကျမ်းတွင် တွေ့ရသည်။ နှာပိတ်၊ နှပ်ပုပ်၊ ထိပ်ကပ်နာဖြစ်လျှင် နလင်ကျော်အမှုန့်ကို မီးခဲပေါ်ဖြူး၍ မှိုင်းရှူပေးလျှင် ပျောက်နိုင် သည်။ ကလေးချက်ကြိုး၊ အနာတွင်ဖြူးပေးလျှင် အနာကျက်၏။ အမှုန့်ကို ဆန်ဆေးရည်နှင့် သောက်ပါက ညောင်းကျ ရောဂါ၊ ဝမ်းတွင်းပုပ်၊ အသည်း၊ အူ၊ အဆုတ်တို့တွင် ဖြစ်သော အနာများကို ကျက်စေနိုင်သည်။
(ရှေးအယူ- နလင် ကျော်သောက်နေစဉ် ထန်းလျက်မစားရ၊ မတည့်ပါ။)
မေး ။ ။ ဆရာကြီးရှင့် ဗမာဆေးမှာအရက်ဖြတ်တဲ့ဆေးရှိပါသလားရှင့်။
သမီးဦးလေးကအရက်သောက်တာကြာပါပြီ။အခုအသက်၅၂နှစ်ရှိပါပြီ။ သူခံစားနေရတာကခြေဖဝါးတွေထုံကျင်လာတယ်။အေးမှထုံတာမဟုတ်ဖူး..ပူရင်လည်းထုံတာပဲတဲ့။အရက်လည်းဖြတ်ချင်ပါတယ်။ သမီးတို့ဘာလုပ်ရမှန်းမသိလို့ ဆရာကြီးကိုမေးတာပါရှင့်။
ဖြေ။ အရက်ကိုမဖြတ်နိုင်သေးရင်လျှော့သောက်ပါ။ အစာနဲ့တွဲသောက်ပါ။ နလင်ကျေိာတုံးသွေး ဟင်းစားဇွန်းတစ်ဇွန်းတိုက်ရင်အရက်သောက်ချင်စိတ်ပျောက်တယ်လို့ဆိုပါတယ်။
အရက်မပြတ်ရင် လေဖြတ်နိုင်တယ်လို့ပြောပါ။ ခြေဖဝါးဆားပွတ်ရေဖတ်တိုက်ပေးရင် ခြေဖဝါးထုံကျင်တာသက်သာစေနိုင်ပါတယ်။
မေး ။ ။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၃၃နှစ် အိမ်ထောင်ကျတာ ၅လရှိပါပြီ။ သားဥအိမ်မှာ ရေအိတ်တည်လို့ခွဲထုတ်ထားတာ ၁လပြည့်ပြီ။ သားအိမ်ကင်ဆာ ၁-အဆင့်ဆေးသွင်းရမယ် ပြောပါတယ်။ သားသမီးလည်း အရမ်းလိုချင်ပါတယ်။ ဆရာ့အနေနဲ့ ဆေးနည်းလေး ပြောပြပေးစေချင်ပါတယ်။ ဆေးကတော့ မသွင်းရသေးပါဘူး။ ဘာလုပ်ရမယ်မသိဖြစ်နေပါတယ်။ သားသမီးမရသေးလို့ သာအိမ်တော့မထုတ်ထားပါဘူး။ အားကိုးတကြီးနဲ့ အကူအညီတောင်းရပါတယ် ဆရာ။
ဖြေ ။ ။နလင်ကျော်အသားတုံး (အဟောင်းမသုံးပါနဲ့။ ပရဆေးဆိုင်တွေ မေးဝယ်ပါ။နလင်ကျော်သွေး(ဟင်းစားဇွန်းတစ်ဇွန်းကို) ပျားရည်တစ်ဇွန်းစပ်၊ နံနက်-ည နှစ်ကြိမ်သောက်ပါ။ လက်တွေ့ပျောက်ဖူးသူရှိပါသည်။
နလင်ကျော်အခေါက်ပြုပ်ပြီး အင်တုံကြီးမှထည့်၊ ဖင်ထိုင်ပေးလျင် မိန်းမကိုယ်အနာပျောက်သည်ဟု ရှေးဆေးကျမ်းများတွင် ပါသည်။
မေး။ ။ ဆရာခင်ဗျာ တစ်ခုလောက်မေးပါရစေ။ ကျွန်တော့်ကျောမှာ အကျိတ်လေးတစ်ခုတွေ့နေပါတယ်။ ဆရာ အဖုအကျိတ်နဲ့ပက်သတ်၍ သက်သာပျောက်ကင်းနိုင်မယ့် ဆေးနည်းလေး လမ်းညွန်ပေးပါခင်ဗျာ။
ဖြေ။ ။ အဖုအကျိတ်မှာ အပူကျိတ်၊ အသားကျိတ်၊ အဆီကျိတ် ဟူ၍ (၃) မျိုးရှိပါတယ်။ မိဿလင်ဥကို ထောင်း မုံညင်းဆီနဲ့ ရောအပူပေးပြီး ချက်လိမ်းလျှင် အဖုအကျိတ်များသက်သာစေပါတယ်။ အပူကျိတ်ဖြစ် နေလျှင် နလင်ကျော်၊ ကရမတ်သွေးလိမ်းပါ။ အသားကျိတ်က နာကျင်ကိုက်ခဲဖြစ်တက်ပါတယ်။ နာကျင် ကိုက်ခဲလျှင် ဇာတိပ္ဖိုလ်သီးသွေးလိမ်းပါ။ အဆီကျိတ်မှန်ရင် မနာမကိုက်ပါ။
မေး။ ။ မင်္ဂလာပါဆရာ။ အကျိတ်အကြောင်းမေးပါရစေရှင့်။ ရင်ဘတ်အပေါ်မှာ အကျိတ်လေးဖြစ်ပြီး တစ်ခါတစ်လေ အောင့်ပါတယ်။ ညီမလေးတစ်ယောက် ဖြစ်တာပါ။ မခွဲစိတ်ရဘဲ အကျိတ်သေးသွားအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။ လေးစားစွာနဲ့ပါ ဆရာ။
ဖြေ။ ။ အပူကျိတ်၊ အသားကျိတ်၊ အဆီကျိတ်ဟူ၍ သုံးမျိုးရှိပါတယ်။ ဆေးနည်းတိုက မိဿလင်ဥကို ထောင်း မုံညင်းဆီနဲ့ရော အပူပေးချက်လိမ်းလျှင် အကျိတ်အဖု သက်သာစေပါတယ်။ အဆီအကျိတ်မှန်ရင် မနာမကိုက်ပါ။ အသားကျိတ်က ကိုက်ခဲနာကျင်ဖြစ်တတ်ပါတယ်။ နာကျင်ကိုက်ခဲလျှင် ဇာတိပ္ဖိုလ်သီးသွေး လိမ်းပါ။ အပူကျိတ်ဖြစ်လျှင် နလင်ကျော်၊ ကရမတ်များသွေးလိမ်းပါ။
Credit-ကြည်လွင်မြင့်(မုဒြာ)