ကျန်းမာရေးဗဟုသုတ

ဆီစားပါမှကျန်းမာ၍အသက်ရှည်မည်

`ဆီစားပါမှကျန်းမာ၍အသက်ရှည်မည်´
°°°°°°°°°°°°°°°°°°°°°°°°`°°°°°°°

ဟိုတလောကနယ်ဘက်ကိုခရီးသွားတော့နယ်ကအမျိုးသမီးတွေအတော်များများလာတွေ့ကြပါတယ်။သူတို့ထဲမှာထူးခြားတဲ့အမျိုးသမီးအချို့လည်းပါပါတယ်။အဲ့ဒီအမျိုးသမီးအချို့ကဘာပြောလဲဆိုတော့ကျမတို့ဆီလုံးဝမစားပါဘူးတဲ့။ဂုဏ်ယူဝင့်ကြွားစွာပြောခြင်းပါ။သူတို့စိတ်ထဲမှာတော့ဆီမစားတာကျန်းမာရေးနဲ့ညီညွတ်တယ်လို့ခံယူထားကြပုံရပါတယ်။ဒါကြောင့်ဆီစားပါမှကျန်းမာ၍အသက်ရှည်မည်ဖြစ်ကြောင်းကိုသူတို့သိအောင်မနည်းရှင်းပြရပါတယ်။သူတို့လိုပဲလူအတော်များများကလည်းအယူအဆလွဲမှားနေကြပါတယ်။

တကယ်တော့လူတွေဟာမာဂျရင်းစားအုန်းဆီအပူပြင်းပေးထားသောဆီတွေကလွဲပြီးပြည့်ဝဆီအနည်းငယ်နဲ့မပြည့်ဝဆီသင့်တင့်ရုံစားပေးနိုင်ပါတယ်။ပြည့်ဝဆီဆိုတာကတိရစ္ဆာန်အဆီနဲ့ဂီးထောပတ်အုန်းဆီစသည်ဖြစ်ပါတယ်။မပြည့်ဝဆီကတော့နှမ်းဆီပဲဆီနေကြာဆီသံလွင်ဆီစသည်ဖြစ်ပါတယ်။ငါးကရတဲ့ဆီကလည်းမပြည့်ဝဆီဖြစ်ပါတယ်။အဲဒီဆီတွေကိုသင့်တင့်လျောက်ပတ်စွာစားပေးမှသာကျန်းမာပြီးအသက်ရှည်မှာဖြစ်ပါတယ်။

အကယ်၍ဆီကိုလုံးဝရှောင်ရင်ဘာတွေဖြစ်မလဲ။ဆီလုံးဝရှောင်ရင်ဆီကနေသာရနိုင်တဲ့ဗီတာမင်A.D E K တို့လုံးဝချို့တဲ့သွားပါမယ်။ကိုယ်တွင်းဟိုမုန်းဓါတ်တွေလျော့ကျသွားမယ်။ဦးနှောက်ဉာဏ်ရည်ချို့တဲ့သွားပြီးဉာဏ်ထိုင်းသွားမယ်။ခုခံအားကျဆင်းမယ်။ကင်ဆာကလာပ်စည်းတွေများလာမယ်။စိတ်ကျလွယ်မယ်။ကယ်စီယမ်စုပ်ယူမှုအားနည်းသွားမယ်။သွားနဲ့သွားဖုံးတွေပျက်စီးမယ်။အသားရေမွဲခြောက်လာမယ်။ဝမ်းချုပ်မယ်စသည်ဖြင့်ဆိုးကျိုးတွေအများကြီးပါပဲ။

အသားငါးကောင်းကောင်းစားပြီးမပြည့်ဝဆီကိုမျိုးစုံစားတတ်တဲ့သူတွေကတာ့လန်းဆန်းတက်ကြွပြီးကျန်းမာရေးကောင်းကြလေ့ရှိပါတယ်။ဆီမျိုးစုံစားခြင်းဟာခန္ဓာကိုယ်ထဲမှာကီတုန်းဘော်ဒီတွေကိုများပြားလာပြီးကင်ဆာဆဲလ်တွေကိုထိန်းချုပ်နိုင်တဲ့အတွက်ကင်ဆာရောဂါဖြစ်ခဲပါတယ်။ဗီတာမင်Dကိုကောင်းစွာရတဲ့အတွက်ခန္ဓာကိုယ်တွင်းအလိုအလျောက်ပြုပြင်ပေးတဲ့စနစ်ကိုအားကောင်းစေပါတယ်။ခုခံအားစနစ်ကိုကောင်းစေတဲ့အတွက်ရောဂါတွေကိုကာကွယ်တိုက်ဖျက်နိုင်ပါတယ်။ကိုယ်တွင်းရောင်ကိုင်းမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ဦးနှောက်ကိုအလုပ်ကောင်းကောင်းလုပ်နိုင်အောင်ကူညီပေးပါတယ်။ဦးနှောက်ကိုကြည်လင်စေတဲ့အတွက်စိတ်တက်ကြွစေပါတယ်။ဝမ်းကိုလည်းမှန်စေပါတယ်။အသားရေကိုလည်းလှပစေနိုင်ပါတယ်။ဟိုမုန်းတွေလည်းကောင်းကောင်းထွက်ကြလို့ကျန်းမာရေးလည်းကောင်းကြပါတယ်။

ဆီကိုကြောက်ပြီးရှောင်ကြသူတွေဟာကော်လက်စတြောကိုကြောက်တာကြောင့်လည်းပါပါတယ်။တကယ်တော့ကော်လက်စတြောဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ကော်လက်စတြောသင့်တင့်စွာရှိမှသာဗီတာမင်Dလည်းရမယ်ကင်ဆာကိုကာကွယ်ပေးမယ့်ကီတုံးဘော်ဒီတွေလည်းရမယ်ဉာဏ်ရည်လည်းကောင်းပါလိမ့်မယ်။ဒါကြောင့်ကော်လက်စတြောကိုအနည်းငယ်တော့စားပေးရလိမ့်မယ်။

ဆီရှောင်သူတွေထဲမှာဝမှာေကြောက်လို့ဆီရှောင်ကြသူတွေလည်းပါပါတယ်။တကယ်တော့ဆီကိုစားတိုင်းဆီတွေအားလုံးကခန္ဓာကိုယ်ထဲဝင်သွားပြီးလူကိုဝစေတာမဟုတ်ပါဘူး။အတော်များများကမစင်လမ်းကြောင်းကနေထွက်သွားတာပါ။ပြီးတော့မပြည့်ဝဆီတွေကခန္ဓာကိုယ်ထဲမှာမခဲပါဘူး။ဝမ်းဗိုက်နဲ့ဗိုက်မှာအဆီစုတာကကာဗိုဟိုက်ဒရိတ်နဲ့ပြည့်ဝဆီတွေသာဖြစ်ပါတယ်။သံလွင်ဆီတွေငါးအဆီတွေဆိုရင်ဗိုက်ကအဆီတွေတောင်ကျသေးတယ်။အသားရေကိုလှပအောင်လည်းလုပ်ပေးပါသေးတယ်။

ဆီဟာလူအတွက်တကယ်လိုအပ်လို့ပင်မအစာကြီး၃မျိုးမှာဆီကိုထည့်ထားရခြင်းဖြစ်ပါတယ်။ဒါကြောင့်အသားငါးနဲ့ဂီးထောပတ်အုန်းဆီတွေကိုအနည်းငယ်လောက်စားပေးပြီးနှမ်းဆီပဲဆီနေကြာဆီသံလွင်ဆီစသည်ကိုသင့်တင့်စွာစားပေးနိုင်ပါတယ်။ဆီဟာခန္ဓာကိုယ်အတွက်တကယ်ကိုလိုအပ်ပါတယ်။ဥပမာအားဖြင့်ပြောရရင်လူတွေအတွက်ဆေးဖြစ်တဲ့နနွင်းဆိုရင်ဆီနဲ့ပေါင်းလိုက်မှအူတွေကနေစုပ်ယူလို့ရတာဖြစ်တယ်။ဆီမပါရင်အူကမစုပ်ယူနိုင်လို့ခန္ဓာကိုယ်ထဲမဝင်နိုင်ပါဘူး။ရှေးတုန်းကမြန်မာတွေဆိုရင်ဆီကောင်းကောင်းစားကြတာပဲ။ဝက်သားတွေဘာတွေလည်းစားတာပဲ။ဒါပေမဲ့အဲ့ခေတ်ကနှလုံးရောဂါတွေဆီးချိုတွေကင်ဆာတွေဘယ်မှာသိပ်ဖြစ်ကြလို့လဲ။အခုခေတ်မှအကြီးအကျယ်ဖြစ်နေကြတာမဟုတ်လား။ဗုဒ္ဓကဆေးအဖြစ်ပေးတဲ့စတုမဓုဆိုရင်လည်းဂီးထောပတ်တွေနှမ်းဆီတွေပါတာပဲလေ။စားတဲ့သူတွေဘယ်လောက်အားရှိပြီးကျန်းမာကြသလဲ။ဒါကြောင့်ဗုဒ္ဓနည်းပေးခဲ့သလိုမဇ္ဈိမပဋိပဋာသင့်တင့်လျောက်ပတ်စွာစားပြီးကျန်းမာရေးကိုရယူကြဖို့လိုပါတယ်။ဒီအကြောင်းတွေကိုနယ်ကအမျိုးသမီးတွေကိုသေချာရှင်းပြလိုက်တော့မှကျမတို့ဆီစားပါတော့မယ်တဲ့။သူတို့ဆီစားရင်အသားရေစိုပြည်လှပတယ်ဆိုကတည်းကစားမယ်ဖြစ်သွားကြတာပါ။ကျန်းမာဖို့နဲ့လှဖို့မှာသူတို့ကလှဖို့ကိုပဲဦးစားပေးကြပါတယ်။တကယ်တော့ကျန်းမာတယ်ဆိုရင်နုပျိုလှပမှာမုချပဲဖြစ်ပါတယ်။ဒါကြောင့်စားသင့်တဲ့ဆီကိုစားကြပါလို့အလင်းပြပေးလိုက်ပါတယ်။

ချစ်ခင်လေးစားလျက်…………

crd;copy

Leave a Reply

Your email address will not be published. Required fields are marked *