ကျန်းမာရေးဗဟုသုတ

အစွမ်းထက်သော ဒန့်ဒလွန်သီး

အစွမ်းထက်သော ဒန့်ဒလွန်သီး

ဒန့်သလွန်သီးရာသီချိန်ရောက် သောအခါတွင် အရသာလည်းရှိကာ ရနံ့ လည်းမွှေးသည့် ဒန့်သလွန်သီးကို ဟင်းအမယ်မျိုးစုံချက်ကာ မြန်မာအိမ်ရှင်မများ လက်စွမ်းပြလေ့ ရှိကြသည်။ ဒန့်သလွန်ရွက်နှင့် အဖူးအပွင့်တို့ကို ဟင်းချို၊ ဟင်းခါးနှင့်အသုပ်အဖြစ် စားနိုင်သည်။

ဒန့်သလွန်သီးကို ငါးရံ့(သို့မဟုတ်) ငါးရံ့ ခြောက်(သို့မဟုတ်)ကြက်ဥ/ဘဲဥတို့ဖြင့် တွဲဖက်၍ သော်လည်း ကောင်း၊ ပဲကုလားဟင်း၊ သီးစုံ ချဉ်ရည်ဟင်း အဖြစ်လည်းကောင်း၊ ဒန့်သလွန်သီး တောင့်ကို အစိမ်းလိုက် (သို့မဟုတ်) မီးကင်ပြီး အတွင်းသား နှင့်အစေ့တို့ကို ဇွန်းဖြင့်ခြစ်ကာ ကြက်ဥဖြင့် မွှေကြော်၍သော် လည်းကောင်း၊ ဘူးသီးဖြင့်ကြော်ချက်၍ ဟင်းအဖြစ်လည်း ကောင်း အရသာရှိရှိစား သုံးနိုင်သည်။ အနောက်နိုင်ငံများတွင်တော့ သူ့ရိုးရာ ဒေသအလိုက် ဟင်းလျာအဖုံဖုံကို ချက်ပြုတ်စားသောက် ကြသလို ဒန့်သလွန်ရွက် နှင့်အပွင့်တို့ကို နည်းပညာဖြင့်ပြုပြင်ကာ ကိတ်မုန့်ဖုတ်စားကြသည်။
Tree for Life Oraganization ၏ မှတ်တမ်းများအရ ဒန့်သလွန်သီးနှင့် အရွက်ထဲတွင်ပါရှိသော-Vitamin C သည် လိမ္မော်သီးထဲ တွင်ပါရှိသော ပမာဏထက် ခုနစ်ဆပိုသောကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်သည်။Calcium သည် နို့ထဲတွင်ပါရှိသော ပမာဏထက် လေးဆပိုသောကြောင့် အရိုးနှင့်သွားများကို ခိုင်မာသန် စွမ်းစေနိုင်ပါသည်။Iron ဟင်းနုနယ်ထဲတွင် ပါရှိ သောပမာဏထက် ငါးဆပိုသောကြောင့် သွေးကိုသန့်စေသည်။Potassium သည် ငှက်ပျောသီး ထဲတွင်ပါရှိသောပမာဏထက် သုံးဆပို သောကြောင့် ဦးနှောက်နှင့်အာရုံကြော အဖွဲ့အစည်းကိုကောင်းစွာ အလုပ်လုပ် စေနိုင်သည်။Vitamin A သည် မုန်လာဥနီထဲ တွင်ပါရှိသော ပမာဏထက် လေးဆပို သောကြောင့် မျက်စိရောဂါ၊ အရေပြား ရောဂါနှင့်နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်သည်။ ရိုတင်းသည် နို့နှင့်ကြက်ဥထဲ တွင်ပါရှိသောပမာဏထက် နှစ်ဆနီးပါး ပိုသောကြောင့် ခန္ဓာကိုယ်ထဲရှိ ဆဲလ် များပိတ်ဆို့မှုတို့ကို ကာကွယ်ပေးနိုင် သည်။
(၁)သွေးတိုးရောဂါသည်များအတွက် ဒန့်သလွန်ရွက်နှင့်အသီးတို့က ဆရာဝန်တစ်ဦးကဲ့သို့ အားထား လောက်ပါသည်။
(၂)သွေးကိုသန့်စင်စေကာ သွေးလည်ပတ်စီးဆင်းမှုကိုချောမွေ့စေပြီး ခွန်အားလည်း တိုးပွားစေသဖြင့် ကြီးကောင်ဝင်စ ဆယ်ကျော် သက်ရွယ် ကလေးများ မှန်မှန်စားသုံးပေးသင့်သည်။
(၃)အရိုးအားကို တိုးပွားစေသည့်အတွက် နို့စို့ရွယ်ကလေးငယ်များကိုလည်း ဒန့်သလွန်သီးနှင့် အရွက်ပြုတ်ရည် တို့ကို အဝတ်ပါးဖြင့်စစ်ကာ နို့ချိုဖြင့် ရော၍ တိုက်ကျွေးသင့်သည်။
(၄)လှပပြီးမွှေးကြိုင်သောအဖြူရောင် ဒန့်သလွန်ပန်းပွင့်ရနံ့က ကောင်းစွာ အိပ်မောကျစေနိုင်သည်။
(၅)မွေးဖွားခါနီး မိခင်လောင်းများ အတွက် မရှိမဖြစ်လိုအပ်သော ကယ်လ် ဆီယမ်၊ ဗီတာမင်နှင့် သံဓာတ်တို့သည် အသီးနှင့်အရွက်များ ထဲတွင် အလုံအလောက်ပါရှိသည်။ ကိုယ်ဝန်ဆောင်စဉ် ကတည်းက အသီးနှင့်အရွက်တို့ကို မှန်မှန်စားပေးခြင်းဖြင့် နို့ရည်လိုက်စေသည်။ ဒန့်သလွန်ရွက်ကို ဆားအနည်း ငယ်ဖြင့်ပြုတ်ပြီးနောက် အရွက်ကိုရေစစ်ပြီး ထောပတ်ဖြင့်သုပ်စားပေးခြင်းဖြင့် နို့တိုက်မိခင်များ နို့ရည်လှိုင်လှိုင် ပေါစေသည်။ ထို့ပြင်သားအိမ်ကို အားရှိစေကာ မွေးဖွားရလွယ်ကူစေသည့်အပြင် မွေးဖွားပြီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ မီးယပ်ဝေဒနာအမျိုးမျိုး တို့ကိုလည်း သက်သာစေနိုင်သည်။
(၆)အစာချေစနစ်ကို ကောင်းမွန်စေပြီး အူရောင်ငန်းဖျားရောဂါ၊ ဝမ်းသွားခြင်း၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ နှင့် အသည်းရောင် အသားဝါ တို့ကိုလည်း ကောင်းစွာကုသပေးနိုင်သည်။
(လက်ဖက် ရည်ဇွန်းတစ်ဇွန်းစာပမာဏရှိသော ဒန့်သလွန်ရွက် သတ္တုရည်ကို ပျားရည်၊အုန်းရည် အနည်းငယ်တို့ဖြင့် ရောစပ်ကာ တစ်နေ့ လျှင်နှစ်ကြိမ်မှ သုံးကြိမ်ခန့် သောက်ပေးရုံဖြင့် ထိုရောဂါ များကို ယူပစ်သလိုပျောက် ကင်းစေနိုင်ပါသည်။)
(၇) ဒန့်သွန်ရွက်သည် ပိုးသတ်နိုင်စွမ်းရှိသဖြင့် ခန္ဓာကိုယ်တွင်းကိုယ်ပနှင့် အရေပြားပေါ်ရှိ ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကာကွယ်တားဆီး ပေးနိုင်သည်။ ထို့ပြင် အူထဲရှိ သန်ကောင် များကိုလည်းကျစေသည်။ အရေပြားမှိုစွဲ ခြင်းနှင့်ယားနာအမျိုးမျိုးတို့အတွက်လည်း ဒန့်သလွန်ပင်စည်၏ အခေါက်မှုန့်ဖြင့် လိမ်းကျံပေးနိုင်သည်။
(၈)ဖိုမသဘာဝ ကာမအားအင်ကုန် ခန်းခြင်းနှင့်မျိုးကန်းခြင်းတို့အတွက် ဒန့်သလွန်ပန်းပွင့်ကို နို့ဖြင့်ပြုတ်သောက်ပေးသင့်သည်။
(၉)ဒန့်သလွန်ပင်စည်၏ အခေါက်ကို အမှုန့်ကြိတ်၍ လျက်ပေးခြင်းဖြင့် အမျိုးသားများ သုက်ရည်ကျဲခြင်းကို ကုသပေးနိုင်ပြီး ဖခင်ကောင်း တစ်ယောက် အဖြစ် စွမ်းဆောင်နိုင်သည်။
(၁ဝ)ဒန့်သလွန်သီးသည် အသည်းနှင့်သရက်ရွက်တို့ ရောင်ကိုင်းခြင်း၊ မေးခိုင်ရောဂါ၊ အာရုံကြောအားနည်းခြင်း၊ သွက်ချာပါဒ၊ ပြည်တည်နာနှင့် အနာကြီး ရောဂါစသည့်ကိုယ်တွင်းကိုယ်ပ ဝေဒနာအမျိုးမျိုးတို့ကိုပျောက်ကင်းစေနိုင်သည်။
(၁၁)ဒန့်သလွန်ပင်၏ အခေါက်ထဲ တွင် အစေးများပါရှိသည်။ အစာအိမ်နာ ရောဂါသမားများသည် ထိုအခေါက်ကို ပြုတ်သောက်ပေးသင့်သည်။
(၁၂)ဒန့်သလွန်သီးသည် ရင်ပြည့်ရင် ကယ်ဖြစ်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာကောင်း မွန်စေနိုင်သည်။
(၁၃)ဆီးသွားလွန်ခြင်းရောဂါအတွက် ဒန့်သလွန်ရွက် သတ္တုရည်ကို သောက်သုံး ပေးသင့်သည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြဿနာများ အတွက် ဒန့်သလွန် ရွက်သတ္တုရည် စားပွဲတင်ဇွန်း တစ်ဇွန်းစာ ပမာဏထဲသို့ ဆားအနည်းငယ်ရော၍မုန်လာဥနီ (သို့မဟုတ်) သခွားသီးဖျော် ရည်အနည်းငယ်ဖြင့် ရောသောက်ပေး သင့်သည်။
(၁၄)ဒန့်သလွန်သီးနှင့် သံပရာရည် တို့ကို ရောကြိတ်ပြီးနောက် ရရှိလာသော အနှစ်ရည်ကိုမျက်နှာအနှံ့ လိမ်းကျံပေးခြင်းဖြင့် ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဆားဝက်ခြံ၊ မှဲ့ခြောက်တို့ကို ပျောက်ကင်း စေနိုင်ပြီး မျက်နှာအသားအရေကို ဝင်းပလာစေ သည်။ (သို့မဟုတ်)လတ်ဆတ်သော ဒန့်သလွန် ရွက်သတ္တုရည်ကို သံပရာရည်ဖြင့် ရောစပ်၍ လိမ်းကျံပေးနိုင်သည်။
(၁၅)အဆစ်အမျက် နာကျင်ကိုက်ခဲ ခြင်းနှင့် ခေါင်းကိုက်ခြင်းဝေဒနာများ အတွက် ဒန့်သလွန်ရွက် ကိုထောင်း၍အုံ ပေးနိုင်သည်။
(၁၆)ဒန့်သလွန်ရွက်သည် ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း၊ ချွဲသလိပ်ထခြင်း၊ ပန်းနာရပ်ကျပ်ချောင်းဆိုးခြင်း၊ တီဘီ အဆုတ်နာနှင့် လည်ချောင်းနာခြင်းဝေဒ နာတို့အတွက် အလွန်ဆေးဖက်ဝင်ပါသည်။
(၁၇)ပန်းနာရင်ကျပ်ရောဂါသည် များနှင့် အဆုတ်ဝေဒနာသည်များသည် ဒန့်သလွန်သီးနှင့်အရွက် ပြုတ်သည့် အခိုးငွေ့ကိုရှူရှိုက်ပေးခြင်းဖြင့်များစွာ ကောင်းကျိုးပြုပေးနိုင်သည်။

မှတ်ချက်
(က)အချို့သောသူများသည် ဒန့်သလွန်သီးနှင့်မွေးရာပါဓာတ်မတဲ့ရောဂါ ရှိတတ်သဖြင့် သတိပြုစေ လိုပါသည်။
(ခ)ဒန့်သလွန်သီးနှင့် ကလောဥတို့ကို တွဲဖက်၍ မစားသင့်ပါ။

ကျန်းမာရေးဗဟုသုတများရယူဖို့ ကျန်းမာရေးအတွက်ဆေးတစ်ခွက်

Leave a Reply

Your email address will not be published. Required fields are marked *