ကျန်းမာရေးဗဟုသုတ

အရိုးကျိုးကို ပြန်ဆက်စေသည့် ဒရင်ကောက်ခေါ် ကောက်ကောက်ညွန့်

အရိုးကျိုးကို ပြန်ဆက်စေသည့် ဒရင်ကောက်ခေါ် ကောက်ကောက်ညွန့်

ဒီဆေးနည်းကိုလည်း တင်ပေးဖူးပါတယ်။ ဒီဆေးနည်းကို ဒေါ်တင်လှ (ကော့ကရိတ်)ကပြောပြခဲ့တာပါ။ တောင်ခြေအနီးက ရွာလေးတစ်ရွာမှ ဖထီးကြီး မိုးတွင်း ကာလ (2012) ခုနှစ်က ဖါးရှာ ထွက်ခဲ့ပါတယ်။ ရတဲ့ ဖါးတွေကို ခြေထောက်တွေ ချိုးပြီး ပလိုင်းထဲ ထည့်တယ်။ ပလိုင်း ပြည့်ခါနီးလောက်မှာ ချောင်းစပ်မှာ အလေ့ကျ ပေါက်နေတဲ့ “ဒရင်ကောက်ပင်”
တွေကို ခူးပြီး ပလိုင်းပေါ်က ထည့်ပြီး ပြန်လာခဲ့တယ်။ ဒီလိုနဲ့ လမ်းခုလတ်မှာပဲ ဖါးတွေ တစ်ကောင်ပြီး တစ်ကောင် ခုန်ဆင်းသွားတာ သူမသိလိုက်ဘူး။ အိမ်ပြန်ရောက်မှ အောက်ဆုံးမှာ ဖါး၅ကောင်ပဲ တွေ့ရတယ်။

အိမ်မှာလည်း ဘယ်သူ့မှ မတွေ့ဘူး။ ချောင်းနားက ခူးလာတဲ့ အပင်တော်တော်စွမ်းတာပဲလို့ တွေးနေတုန်း သူ့သမီးအမောတကောနဲ့ ရောက်လာပြီး “အဖေ အဖေ မောင်လေးကို ဆေးရုံ တင်ထားရတယ်။ အိမ်ရှေ့က သစ်ပင်ပေါ်တက်ဆော့တာ ပြုတ်ကျပြီး ပေါင်ကျိုးသွားလို့ စတီးရိုး ထည့်ရမယ်။ အဖေ ပြန်ခေါ်ဆိုလို့” ပြောလိုက်တယ်။

အဲဒီအခါမှာ ဖထီးက ဒီလိုဆို ငါ ဆေးတွေ့ထားတယ် ဘာမှမပူနဲ့ ဆေးကျောင်းသားတွေတောင် ဖါးတွေကို လက်တွေ့စမ်းသပ်တာ ငါ ကြားဖူးတယ်။ ငါ စမ်းသပ်အုံးမယ် ခဏစောင့်” ဦးဖထီးက ပြောပြောဆိုဆိုနဲ့ ခုန်လုဆဲဆဲ ဖါး ၅ကောင် ကို ခုန်ပြန်ချိုးပြီး အရွက်တွေနဲ့ ပြန်အုပ်လိုက်တယ်။

ငါးမိနစ်လောက်မှာ အရွက်တွေ ဖယ်လိုက်တော့ ဖါး၅ကောင်ဟာ အကောင်းပကတိ ခုန်ထွက်သွားခဲ့တယ်။ သူ့သမီးကသဘောမပေါက်ပါဘူး။ ဆေးရုံရောက်တော့ ဆရာဝန်က သေချာရှင်းပြပြီး စတီးရိုးထည့်မှရမယ့် အကြောင်းပြောပြတယ်။ ဒါကို ဖထီးက လက်မခံဘူး။ သူ့မှာ အစွမ်းထက်တဲ့ ဆေးရှိကြောင်း သူ့သားကို အိမ်မှာပဲ ကုမယ့် အကြောင်းသာ တွင်တွင် ပြောနေခဲ့တယ်။ နောက်ဆုံးတော့ ကာယကံရှင်ဆန္ဒကို ခွင့်ပြုခဲ့တယ်။ ကုလို့ ကောင်းသွားရင် လာပြပါလို့ မှာလိုက်တယ် ။ ဖထီးက သားဖြစ်သူကို အိမ်မှာပဲ ဒရင်ကောက်ရွက်တွေကို ထောင်းလို့ ခြေထောက်ကို မူလအတိုင်း ဆွဲဆန့်ပြီး ကျပ် စည်းပေးလိုက်တယ် ။ ညဘက် အေးတဲ့အချိန် ကိုက်လာတော့ အော်သာ အော် ဘေးမှာ ဘယ်အိမ်မှ မရှိဘူး။ အရိုး ပြန်ဆက်တာလို့ ပြောတယ်။ သုံးရက်တိတိ ကျပ်စည်းပေးလိုက်တာ သက်သာသွားပါတယ်။ နောက်နေ့ ကတိအတိုင်း ဆေးရုံကို သွားပြပါတယ်။ ဆေးရုံက အံ့အားသင့်သွားပါတယ်။

Shwe La Thar Min က ဒါနပြုတာပါ ။ ကျွန်တော်တို့ မြို့လေးမှာနေတုန်းက အရွက်တွေကို ဝါးခြမ်းနဲ့ ကပ်စည်း ပေးပြီး ကုတဲ့ ဆေးဆရာတယောက် ရှိခဲ့ဖူးတယ်။ သူ့အရွက်တွေကို ထောင်းထားတယ်။ ဘာအရွက်ဆိုတာ မပြဘူးလေ။ တန်းစီစောင့်ရတာကို သတိရလို့ပါ ။

Credit – Original Poster

Leave a Reply

Your email address will not be published. Required fields are marked *