အကိုက်အခဲပျောက်ဆေး ပုံမှန်သောက်သူများ အစာအိမ်ထိခိုက်နိုင်
အမျိုးသမီးများ ဓမ္မတာလာစဉ် ခံစားရသော နာကျင်ကိုက်ခဲမှုအ တွက် အကိုက်အခဲပျောက်ဆေးများ အသုံးပြုမှုကဲ့သို့ ယင်းဆေးဝါးများ ပုံမှန်အသုံးပြုခြင်းကြောင့် အစာအိမ်ကို ထိခိုက်နိုင်ကြောင်း အမေရိကန်နိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီ Mayo Clinic မှ ပညာရှင်များက သတိပေးသည်။
ယင်းအကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံသုံးစွဲခြင်း ကြောင့် အစာအိမ်ပြည်တည်ခြင်းနှင့် အစာချေဖျက်မှုပြဿနာများ အပါအဝင် အစာအိမ်ထိခိုက်မှု ဖြစ်ပေါ်နိုင်ကြောင်း ၎င်းတို့က သတိ ပေးသည်။
အကိုက်အခဲပျောက်ဆေးကို လိုသည်ထက်ပိုသုံးပါက ပြင်း ထန်သော အစာချေဖျက်မှုကြောင့် ဘေးထွက်ဆိုးကျိုးများနှင့် ကြုံ နိုင်သည်။ အထူးသဖြင့် aspirin (သို့မဟုတ်) ibuprofen ဆေးသောက်နေသူများ (သို့မဟုတ်) ဆေးလိပ်နှင့် အရက်သောက်သူများ အန္တရာယ်ပိုများသည်။
ကြုံတွေ့နေကျ ဘေးထွက်ဆိုးကျိုးများတွင် ဝမ်းချုပ်ခြင်း၊ အ ပေါ်ပိုင်းသို့ လေချဉ်များဆန်တက်ခြင်း၊ ဝမ်းလျှောခြင်းတို့ ပါဝင်ပြီး လူနာများအနေဖြင့် အကိုက်အခဲပျောက်ဆေးကြောင့် ဖြစ်သည်ကို သတိမပြုမိဘဲ ရှိနေနိုင်ကြောင်း ပညာရှင်များက ပြောသည်။
အကယ်၍ အစာအိမ်ထဲတွင် ပြည်တည်နာများရှိပြီး နှစ်များစွာ ကြာ သတိမပြုမိဘဲ အလိုအလျောက်မပျောက်လျှင် ဝမ်းသွားစဉ် သွေးပါလာတတ်သည်။
ထို့အပြင် အကိုက်အခဲပျောက်ဆေးများ ပုံမှန်သုံးစွဲခြင်းကြောင့် အန္တရာယ်ရှိလောက်အောင် သွေးပေါင်ကျဆင်းနိုင်ပြီး သွေးနီဥ အရေအတွက်လည်း လျော့ကျနိုင်သည်။
နာကျင်ကိုက်ခဲမှုခံစားရသူများသည် ဆရာဝန်နှင့် ဦးစွာမတိုင် ပင်ဘဲ အလွယ်တကူ ဝယ်ယူနိုင်သည့် အကိုက်အခဲပျောက်ဆေး များကို သောက်သုံးလေ့ရှိခြင်းသည် အန္တရာယ်များကြောင်း သုတေ သီများကပြောသည်။
ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှု ခံစားနေရသော အမျိုးသမီး များ လေ့ကျင့်ခန်းလုပ်ပါက ယင်းအခြေအနေမှ သက်သာနိုင် ကြောင်း လေ့လာမှုများက ဖော်ပြသည်။
—Ref: Daily Mail
7 Day