ဂေါက် အ ဆစ် ရောင်ရောဂါသည် နာတာရှည် ကျောက်ကပ်ရောဂါရှ င် တွေအတွက်
==================
==================
အဆစ်အမြစ်ရောင်ခြင်း”
အဆစ်အမြစ်ရောင်ရမ်းခြင်းသည် နှစ်ရှည်ဖြစ်လာတဲ့အခါတွင် အဆစ်များ ပျက်စီးစေတတ်သောကြောင့် အလုပ်အကိုင်များပါ မလုပ်နိုင်တော့တဲ့အထိဖြစ်တတ်ပါသည်။ဒီမျှမက ကိုယ်ခန္ဓာထဲမှာရှိတဲ့ ယူရစ်အက်စစ်တွေစုနေရာက အသားလုံးအဖုလုံးတွေကိုပါ ဖြစ်စေတတ်ပါသည်။ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ယူရစ်အက်စစ်ကဖြစ်လာသော ကျောက်များသည် ဆီးလမ်းကြောင်းကျောက်တည်စေခြင်းကို ဖြစ်စေတတ်ပါသည်။
တစ်နည်းအားဖြင့် (gout) ဂေါက် အဆစ်ရောင်ရောဂါသည် နာတာရှည်ကျောက်ကပ်ရောဂါရှင်တွေမှာ အလွန်များတယ် လို့ဆိုပါသည်။
ဒါကြောင့် မြန်မာနည်းမြန်မာဟန်နဲ့ အဆစ်အမြစ်တွေရောင်ရမ်း နေပြီဆိုရင် ရောဂါနုစဉ်ကပင် ဂရုတစိုက်ကုသသင့်ပါတယ်။ အချို့ သွေးအားလေအားနည်းပါး၍ ခြေဆစ်လက်ဆစ်များ ၊ဒူးဆစ်များ၊ ခြေကျင်းဝတ်၊လက်ကောက်ဝတ်၊လက်ဖျံအဆစ်စသည်ဖြင့်ကိုယ်ခန္ဓာအနှံနာနာကျင်ကျင်ကိုက်ခဲခြင်းကိုခံစားရတတ်ပါသည်။
မိတ်ဆွေတစ်ဦး အဆစ်အမြစ်ရောင်ရမ်းခြင်းအတွက် ဆေးကြပ်ထိုးခြင်းဖြင့် သက်သာသည်ဟုဆိုပါသည်။
ထိုနည်းဖြင့် အဆစ်အမြစ်ကိုက်ခဲနာကျင်သူများ သက်သာပျောက်ကင်းနေကြပါ၍ ဤနည်းလေးအား တင်ပြခြင်းဖြစ်ပါသည်။
“ဆေးနည်းမှာ”
ငုရွက်ကိုလူအတော်များသိပါသည်။ နွေလများမှာ ပိတောက်နှင့် အပြိုင် ပွင့်သောငုဝါပန်းပွင့်သော ငုပင်ကိုဆိုလိုပါသည်။
ငုဝါရွက်နှင့််သက်ရင်းကြီးရွက် နှစ်မျိုးကိုကြပ်ထုပ်(၄)ထုပ်စာမျှ ထိုးနိုင်လောက်အောင်ခူးပြီး ရေစင်အောင်ဆေး၍သန့်စင်သော ဆုံတွင် ဆားအနည်းငယ်မျှထည့်ပြီး ထောင်းရသည်။အဝတ်သန့်သန့် လေးများဖြင့် ကြပ်ထုပ်ပြုလုပ်ရပါမည်။
ကြပ်ထုပ်အပူရှိန်ကိုချင့်ချိန်ပြီး အဆစ်အမြစ် ကိုက်ခဲသော အဆစ်အမြစ်နေရာများကို အလှည့်ကျ ကြပ်ထုပ်ထိုေးပးခြင်းကို နေ့စဉ်(၃၀)မိနစ်မျှ ပြုလုပ်ပေးရန်ဖြစ်ပါသည်။
အဆစ်အမြစ်ကိုက်ခဲခြင်းအတွက် အကောင်းဆုံးမှာ သိပ္ပံနည်းကျ ဆရာဝန်ဖြင့်ကုသရန်မှာ အကောင်းဆုံးဖြစ်သော်လည်း ကုသရန် ခက်ခဲသူများအတွက် ဤဆေးနည်းလမ်းလေးဖြင့် သက်သာပျောက်ကင်းအောင် ကုသနိုင်ပါ၍ လိုသူတို့သုံးနိုင်ပါရန် ရေးသားလိုက်ပါသည်။
ရဲမျိုးသူ(ဗောဓိမြိုင်)
===========
စေတမန်
The News Today