ငါးအဆီဖြည့်စွက်ဆေးများက စိတ်ဖိစီးမှုများကို ကာကွယ်နိုင်
==================
==================
ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် သုတေသီများ လေ့လာမှုအရ ငါး အဆီက ပြင်းထန်သော ဖိစီးမှုများဒဏ်မှ ဦးနှောက်ကိုကာကွယ်ပေး နိုင်ကြောင်း သိရသည်။
ငါးအဆီမှ ထုတ်ထားသော ဖြည့်စွက်ဆေးများတွင် အိုမီဂါ-၃ ဖက်တီးအက်စစ် အဓိကပါဝင်သည်။ အမျိုးသမီးများတွင် စိတ် ဒဏ်ရာဖြစ်စေသော ဖြစ်ရပ်များကြောင့် ဦးနှောက်ထိ ခိုက်ပျက်စီး မှုများကို အိုမီဂါ -၃ က ပြန်သက်သာစေကြောင်း လေ့လာမှုအရ သိရသည်။
ငါးကြီးဆီဆေးများကို ဦးနှောက်ကျန်းမာရေးတိုးတက်စေရန် အသုံးပြုနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ကာ ယင်းဆေး များက ငယ်ဘဝဓာတ်မတည့်ခြင်းများနှင့် အာရုံကြောများထိခိုက် ပျက်စီးမှုတို့ကိုပင် ကာကွယ်ရန်အထောက်အကူပြုကြောင်း သိရ သည်။
စိတ်ဒဏ်ရာရစေသော ဖြစ်ရပ်များနှင့် ကြုံတွေ့ရသူများသည် ဦးနှောက်၏ အာရုံကြောစနစ်တွင် ဖိစီးမှု ရေရှည်ခံစားရပြီး ခန္ဓာ ကိုယ်၏ သာမန်လုပ်ဆောင်ချက်များကို ထိခိုက်စေသည်။
သို့သော် စိတ်ဒဏ်ရာဖြစ်စေသော ဖြစ်ရပ်များနှင့် ကြုံတွေ့ရ သည့် အမျိုးသားများတွင် ငါးအဆီဖြည့်စွက်ဆေးများ၏ သိသာ သော အစွမ်းထက်မှု မတွေ့ရဘဲအမျိုးသမီးများအတွက်သာ အ ထောက်အကူပြုကြောင်း လေ့လာမှုအရသိရသည်။
ယင်းကြောင့် သာမန်လူထုကြား ယင်းဆေးဝါးများ၏ အစွမ်း ထက်မှုကို သိနိုင်ရေး လေ့လာမှုများ ထပ်မံပြုလုပ်ရန်လိုကြောင်း သုတေသီများက ပြောသည်။
လူတစ်ဦးသည် စိတ်ဒဏ်ရာရစေသော ဖြစ်ရပ်နှင့်ကြုံတွေ့ပါ က ဦးနှောက်က Cortisol ဟုခေါ်သော စိတ်ဖိစီးစေသည့် ဟော်မုန်း တစ်မျိုး ထုတ်လွှတ်ပြီး မှတ်ဉာဏ်၊ လေ့လာသင်ယူမှုနှင့် တွေးခေါ် နိုင်စွမ်းဆိုင်ရာ စွမ်းရည်တို့ကို ထိခိုက်စေသည်။
အိုမီဂါ-၃ က ယင်းဟော်မုန်းထုတ်လွှတ်မှုကို တားဆီးပြီး ဦး နှောက်ကို ကာကွယ်ပေးသည်ဟု သုတေသီများက ပြောသည်။
—Ref:DailyMail
===========