သံပုရာသီး ရေနွေးစိမ်ရည် ကို တစ်နှစ်ကြာသောက်ပြီးနောက် ဘာတွေဖြစ်လာမလဲ
=======================
နံနက်စာစားပြီးတိုင်း အခွံစိမ်းစိမ်း လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးကိလေးစိပ်စိပ်၍ ရေနွေးဖြူစိမ်သောက်ပေးရမှာပါ။ သံပု ရာသီးတွေနွမ်းပျော့သွားတဲ့အထိ
ရေနွေးဖြူအသစ်ထပ်လောင်းထည့်၍ ရေဆာတဲ့အခါတိုင်းသောက်ပေးပါ။ ဖန်ခွက်၊ ကော်ခွက်၊
စတီးလ်ခွက်၊ ဖိုင်ဘာခွက်တွေကိုမသုံးဘဲကျန်းမာရေးနဲ့ညီညွတ်တဲ့ ကြွေပန်းကန်လုံး ကိုသာ သုံးစွဲဖို့မမေ့နဲ့နော်။
ဤနည်းအ တိုင်း တစ်နေ့ကို သံပုရာသီး
တစ်လုံးနှုန်းဖြင့်သံပုရာသီး ရေနွေးစိမ်ရည် ကို
တစ်နှစ်ကြာသောက်ပြီးနောက်မှာ သင့်အတွက်ဘာ တွေထူးခြားလာမလဲ ဘာတွေဖြစ်လာမလဲ။
၁။ အဆိပ်အတောက် များ ပြေစေပါတယ်။
အိပ်ယာကနိုးထလာတဲ့အခါ ခန္ဓာကိုယ်ကဆဲလ်တွေ သန့်စင်ဖို့အတွက်လည်းကောင်း၊
ခြောက်သွေ့နေတဲ့ ဆဲလ် တွေကို သစ် လွင်လန်းဆန်းစေဖို့အတွက်လည်းကောင်း၊
၎င်း ဆဲလ် များကျန်းမာစေဖို့အတွက် ခန္ဓာကိုယ်က ရေကို လိုအပ်လျက်ရှိနေပါတယ်။
သံပုရာသီး ရေနွေးစိမ်သောက်ပေးခြင်းဖြင့် အဆိပ်အတောက်တွေပြေစေပြီး တစ်နေ
့တာလုံး ပေါ့ပါးသွက်လက်စေပါမယ်။
၂။ PH ပမာဏကို မျှတစေပါတယ်။
အယ်လ်ကာလီ ဆိုသည်မှာ အက်ဆစ်တို့နှင့်ဓာတ်ပြုကာ ဓာတုဗေဒသဘောအရ
ဆားဖြစ်လာသောအရာမျိုးပါ။ သံပုရာသီးဟာ သဘာဝကရရှိသော အလွန်အံ့ဖွယ်ကောင်းတဲ့
အယ်လ်ကာလီဓာတ်တို့စုဝေးရာ အသီးတစ်မျိုးဘဲဖြစ်ပါတယ်။ သံပုရာသီး၏သ
ဘောဝဘာဝက အက်ဆစ်ဓာတ်တွေပိုင်ဆိုင်ထားသော်လဲ၊ ၎င်းကိုစားသုံးပြီးနောက်
ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါမှာတော့ လူသားတွေကျန်းမာရေးအတွက်
ကောင်းကျိုးပြုစေသော အယ်လ်ကာလိုင်းအဖြစ် အကျိုးဖြစ်စေပါတယ်။
၃။ အစာကျေညက်စေပါတယ်။
သံပုရာသီးထဲမှာ သဘာ၀ ဗီတာမင် နဲ့သတ္တုဓာတ်တွေ မြင့်မားစွာပါရှိနေ၍
အူသိမ်အူမများကို အဆိပ် နှင့် ရောဂါပိုးမွှားညစ် ညမ်းခြင်းမှ
ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ၎င်းသံပုရာသီးကို ရေနွေးနဲ
့စိမ်သောက်လိုက်တဲ့အခါမှာတော့ အစာအိမ်နှင့်အူလမ်း ကြောင်းစံနစ်ကို လှုံ
့ဆော်ပေးကာ၊ အစာကြေလမ်းကြောင်းအတွင်း အစာကိုလှုပ်ရှားရွေ့လျားစေသည့်
အလိုအလျောက် ကြွက် သားလှုပ်ရှားမှုကို ကောင်းစွာအထောက်အပံ့ဖြစ်စေပါတယ်။
၄။ အရေပြားသန့်စေပါတယ်။
ဗီတာမင်စီရဲ့ သဘောသဘာဝက အရေပြားလျော့ရဲခြင်း နှင့် ဝက်ခြံများကို
လျော့ပါးသက်သာစေပြီး၊ သံပုရာသီး နဲ့ရေနွေးပူတို့
ပေါင်းစပ်ဓာတ်ပြုလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ထဲရှိသွေးများကို
အဆိပ်အတောက်ပြေ သန့်ရှင်းပေးလိုက်တာကြောင့် အရေ ပြားများ ကြည်လင်သန်
့စင်လာပါတယ်။
၅။ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။
သံပုရာသီးထဲရှိ စွမ်းအားပြည့်ဗီတာမင်စီဓာတ်က အအေးမိခြင်းကို
အံ့ဖွယ်တွန်းလှန်းပေးခြင်း၊ စွမ်းအားပြည့်ပိုတက်စီယမ်ဓာတ်က
အာရုံကြောနှင့် ဦးနှောက်ဆောင်တာတွေကို နှိုးဆွပေးခြင်း
သွေးကြောကြွတ်ဆတ်မှုကို ထိန်းချုပ်ပေးခြင်း၊ ပန်းနာရင်ကျပ် နှင့် အသက်ရှု
လေပြွန်ဆိုင်ရာဝေဒနာတွေကို ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ကြီး
ကိုယ်ခံအားကောင်းစေဖို့အတွက် မရှိမဖြစ်လိုအပ် နေသော သံဓာတ်ကို
စုပ်ယူမှုအားကောင်းစေခြင်း ..စသဖြင့် သံပုရာသီးက ကောင်းကျိုးပြုပါတယ်။
သံပုရာသီးရေနွေးစိမ်ရည်သောက်ပေးခြင်းဖြင့် အောက်ပါ
ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။
• အီလက်ထရိုလိုက် အစွမ်းပါရှိနေတာကြောင့်လည်း ခန္ဓကိုယ်အတွက်
သွယ်ဝိုက်သောနည်းဖြင့် ရေဓာတ်အဖြစ် ပံ့ပိုး ပေးနိုင်ပါတယ်။
• ကြွက်သား နဲ့ အရိုးဆစ်မြစ်တွေ နာကျင်မှုကို သက်သာစေပါတယ်။
• အင်ဇိုင်းပမာဏတွေ တိုးပွားလာစေပါတယ်။
• သွေးတိုးရောဂါသည်များကို ကောင်းကျိုးပြုပါတယ်။
• ကင်ဆာရောဂါ များမှ ကာကွယ်ပေးနိုင်ပါတယ်။
• ကိုယ်အလေးချိန် ကို ထိန်းညှိပေးနိုင်ပါတယ်။
• ကယ်လ်စီယမ်အနည်များကို ပျော်ဝင်စေနိုင်တာကြောင့်လည်း
ကျောက်ကပ်ကျောက်တည်ခြင်း၊ သည်းခြေ ကျောက် တည်ခြင်း၊ မုံ
့ချိုအိတ်(ပန်ကရိယ)ကျောက်တည်ခြင်း စတာတွေ မဖြစ်စေတော့ပါဘူး။
• ရင်ပူခြင်းကို သက်သာစေပါတယ်။
• အရိုး အဆစ်အမြစ်တွေကို ဒုက္ခပေးတဲ့ ယူရစ်အက်ဆစ်ပမာဏများကို ကျစေပါတယ်။
• ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို ကောင်းကျိုးပြုပါတယ်။
• အရေပြားပေါ်ရှိ အမာရွတ်များ၊ အမည်းကွက် စတဲ့အပြစ်အနာဆာများကို
ပြောလျော့သက်သာစေပါတယ်။
• အရိုးနုများ၊ အရိုး နှင့် တစ်ရှုးတွေကို ကျန်းမာစေပါတယ်။
ဆေးသောက်နည်းကတော့-
(၁) နံက်စာစားပြီးချိန်မှစ၍ သောက်ပါ။ (၂) လတ်ဆတ်တဲ့ အစိမ်းရောင် အခွံ
သံပုရာသီးတစ်လုံးသံုံးပါ။ (၃) အထဲကအရည်လိုက် လာစေရန် နှင့်
အခွံမှအဆီထွက်လာစေရန်တို့အတွက်၊ ဦးစွာ သံပုရာသီး ကို စားပွဲသန့်သန်
့(သို့)စဉ့်နှီတုံးသန့်သန့်ပေါ်တင်၍ လက်ဖြင့် နှစ်ပတ် သုံးပတ်
အသာအယာလှိမ့်ပေးပါ။ (၄) ပြီးရင် သံပုရာသီး ကို လေးစိပ် စိပ်ပါ။ (၅)
ရေနွေးဖြူ ပူပူထဲ့ထားတဲ့ ကြွေပန်းကန်လုံးထဲသို့ ထိုသံပုရာသီး လေးစိပ်ကို
လက်ဖြင့်အရည်ထွက်အောင်ညှစ်၍၊ သံပုရာရည်၊ သံပုရာခွံ၊ သံပုရာစေ့ အား
လုံးကို ဖန်ခွက်ထဲသို့ထဲ့၍ သောက်ပေးရုံပါဘဲ။ (၆) ရေနွေးကုန်သွားတဲ့အခါ၊
ထိုသံပုရာခွက်ထဲသို့ ရေနွေးပူပူထပ်ဖြည့်၍ သောက်ပါ။ ရေဆာတိုင်း
ရေနွေးပူဖြည့်၍ သောက်ပေးပါ။ (၇) သံပုရာစေ့များကို
ဝါးစားမျိုချနိုင်ပါတယ်။ (သွေးတိုးရောဂါရှိ သူများ အတွက် ထိုသံပုရာစေ့က
လွန်စွာဆေးဖက်ဝင်ပါတယ်)
မှတ်ချက်။
(က) လတ်ဆတ်တဲ့ အစိမ်းရောင် အခွံ သံပုရာသီး ကိုသာသုံးပါ။
ထိုအစိမ်းရောင်အသီးက ပထမဆုံးရေနွေးခွက်မှာသာ အရသာ ချဉ်သော်လည်း၊ ဒုတိယ
တတိယခွက်တွေမှာတော့ အရသာမချဉ်တော့ပါဘူး။ နောက်ပြီး ရေနွေးပူနဲ့ထိတွေ
့တဲ့အခါ လတ်ဆတ် တဲ့ အခွံကထွက်လာတဲ့ အဆီက၊ အဝလွန်အဆီပိုတွေကို
ကောင်းကျိုးပြုပါတယ်။ (ခ) အခွံအရောင်ဝါတဲ့ အသီးကို မသုံးပါနှင့်။
၎င်းအခွံဝါက ရေနွေးပူ နဲ့တွေ့တဲ့အခါ အတန်ငယ်ချွဲထွက်လာပြီး အရသာမှာလည်း
ခါးသက်လှပါတယ်။ (ဂ) အထက်ပါနည်း အတိုင်း သံပုရာသီး တနေ့တလုံး
မှန်မှန်သောက်ပေးခြင်းဖြင့် သုံးလအတွင်းမှာပင် စာရေးသူ၏
ဝမ်းဗိုက်နှင့်ခါးမှ အဆီများကျ၍ နှစ်လက္ခခန့် သိသိသသာသာ
ကိုယ်ရေစစ်ကျသွားတာကို လက်တွေ့ခံစားသိရှိရပါတယ်။ (ဃ) အစာအိမ်ရောဂါ
ရှိသူများ၊ အစာအိမ် အက်ဆစ် အထွက်များသူများ၊ သွေးပေါင်ကျတတ်သူများ နှင့်
ထို သံပုရာသီး ရေနွေးစိမ်သောက်ပြီးနောက် ဗိုက်အောင့် လာသူများ
မသောက်သုံးသင့်ပါဘူး။ (င) တနေကုန် သံပုရာစိမ် ရည် သောက်ထား
တာကြောင့်ညအိပ်ခါနီး နှင့် နံက်အိပ်ယာထ သွားတိုက်ခါနီးတိုင်းမှာ
ဦးစွာရေများများဖြင့် ပလုပ်နာနာကျင်းပေးပါ။ ပြီးမှ သွားတိုက် ပါ။
Credit:.ပေါက်ပေါက်