ကျန်းမာရေးဗဟုသုတ

Milkshake တစ်ခွက်သောက်လျှင်ပင် နှလုံးကျန်းမာရေးထိခိုက်နိုင်

Milkshake တစ်ခွက်သောက်လျှင်ပင် နှလုံးကျန်းမာရေးထိခိုက်နိုင်

==================
==================

Milkshake များသည် ကလေးများရော လူကြီးများပါ လူကြိုက်များသော ဖျော်ရည်ဖြစ်သည်။ သို့သော် အရသာရှိသော်လည်း ယင်း Milkshake များသည် နှလုံးကျန်းမာရေးအပေါ် အန္တရာယ်ရှိသော သက်ရောက်မှုရှိသည်ဟု သုတေသနအသစ်တစ်ရပ်က ဖော်ပြ သည်။

ဂျော်ဂျီယာဆေးတက္ကသိုလ်မှ သုတေသီများက ယင်း Milkshake ဖျော်ရည်များသည် ခန္ဓာကိုယ်ကို နှလုံးရောဂါလမ်းကြောင်း ပေါ်သို့ ရောက်စေနိုင်သည်ဟု Laboratory Investigation ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

Milkshake များတွင် ပါဝင်သော အဆီများသည် ကျန်းမာရေး ကောင်းစေသော သွေးနီဥများ၊ သွေးကြောများကို အနှောင့်အယှက် ပေးသည့် သေးငယ်စူးရှသော ဆဲလ်များအဖြစ်သို့ ပြောင်းလဲစေသည်ဟု သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ကျန်းမာရေးကောင်းပြီး တက်ကြွဖျတ်လတ်သော ငယ်ရွယ်နု ပျိုသည့် အမျိုးသားလေးဦးသည် အဆီဓာတ် ၈၀ ဂရမ်နှင့် ကယ်လို ရီ ၁,၀၀၀ ရှိသော Milkshake တစ်ခွက် သောက်ပြီးနောက် လေး နာရီတွင် ၎င်းတို့၏သွေးကြောများသည် နားနားနေနေပုံစံမရှိဘဲ ၎င်းတို့၏ခုခံအားစနစ်များကလည်း ရောဂါပိုးတစ်မျိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်နေသည့်ပုံစံမျိုး တုံ့ပြန်ခဲ့ကြောင်း သုတေသီများ တွေ့ရှိခဲ့သည်။ ထို့အပြင် သွေးစစ်ကြည့်သော ရလဒ်များအရ ၎င်းတို့တွင် ကိုလက်စထရော၊ Triglicerides နှင့် ဖက်တီးအက်စစ်များ မြင့် တက်နေသည်ကို တွေ့ရှိခဲ့ရသည်။

Milkshake ကဲ့သို့ အစားအစာများသည် ခန္ဓာကိုယ်ပေါ် စုပြုံ သက်ရောက်မှုဖြစ်စေနိုင်ပြီး ယခင်ကလည်း ထိုသို့အဆီဓာတ်အများ အပြားပါသော အစားအစာများ စားပြီးနောက် လူအများအပြား ရုတ်တရက်နှလုံးတိုက်ခိုက်မှုများ ခံစားရဖူးသည်ဟု သုတေသီများ က မှတ်ချက်ပြုထားသည်။

ယခုလေ့လာမှုများသည် အဆီဓာတ်များသော အစားအစာများကြောင့် သွေးထဲတွင် အများဆုံးရှိနေသော သွေးနီဥများအပေါ် သက်ရောက်မှုကို ပထမဆုံး သီးခြားလေ့လာမှုဖြစ်ပြီး Milkshake တစ်ခွက်သောက်ပြီးလျှင်ပင် သွေးနီဥများ အသွင်ပြောင်းသွားပြီး အဆိပ်ဓာတ်အများအပြား ထုတ်ပေးသည်ဟု သုတေသီများက တင်ပြထားသည်။

—Ref: UPI

===========

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *