ကျန်းမာရေးဗဟုသုတ

ရေချိုးရင်းသီချင်းဆိုရင် ရနိုင်တဲ့ကောင်းကျိုး (၅) ခု

ရေချိုးရင်းသီချင်းဆိုရင် ရနိုင်တဲ့ကောင်းကျိုး (၅) ခု
============================
သီချင်းဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ကျန်းမာရေးတောင် ပိုကောင်းစေပါတယ်။

ရေချိုးတုန်း သီချင်းဆိုဖူးကြသူတွေ ရှိကြမှာပါ။ တစ်ချို့က ခပ်တိုးတိုး၊ တစ်ချို့က ခပ်ကျယ်ကျယ် ဆိုကြပါတယ်။ အသံအားကောင်းသူတွေကျပြန်တော့လည်း အသံကုန်ဟစ်တော့တာပါပဲ။ ဘာပဲဖြစ်ဖြစ် ရေချိုးတုန်း သီချင်းဆိုတာဟာ ရှက်စရာမဟုတ်ပါဘူး။ ရေချိုးချိန်မှာ သီချင်းဆိုတတ်သူတွေမှာသာ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ စိတ်ပေါ့ပါးစေပါတယ်

စိတ်ဖိစီးမှုတွေ ရှိနေတဲ့အခါ ကိုယ်ဆိုချင်တဲ့သီချင်းကို ဆိုချင်သလို ဆိုနိုင်ပါတယ်။ အသံကောင်းဖို့၊ စည်းချက်ညီဖို့ စတာတွေ ဘာမှမလိုပါဘူး။ အားပါးတရ ဆိုလိုက်ပြီးရင် စိတ်ဖိစီးမှုတွေတောင် လျော့ကျသွားစေပါတယ်။

၂။ သွေးဖိအား လျော့ကျစေပါတယ်

ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုးကြောင့် ကိုယ်တွင်းပူလောင်တာ၊ ဖျားတာ၊ အပူလျှပ်တာနဲ့ ဆီးချိုအမျိုးအစား-၂ ကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေ မဖြစ်ချင်ဘူးဆိုရင်တော့ သီချင်းသာ ဆိုလိုက်ပါ။ သီချင်းဆိုခြင်းကြောင့် အဆိုပါဟော်မုန်းဓာတ်တွေ လျော့ကျစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေလို့ သွေးတိုးရှိရင် သီချင်းသာ ဆိုလိုက်ပါ။

၃။ ကြွက်သားတွေ သန်မာစေ

အဆိုတော်တွေဟာ သူတို့ရဲ့အသံ ကောင်းကောင်းထွက်လာဖို့ ရင်ဝမ်းခြားကြွက်သားကို အသုံးပြုကြပါတယ်။ ရင်ဝမ်းခြားကြွက်သားကိုသုံးပြီး အသံအားကောင်းကောင်းနဲ့ သီချင်းလိုက်ဆိုကြည့်ပါ။ နောက်ကျောနဲ့ ဝမ်းဗိုက်က ကြွက်သားတွေ သန်မာလာပါလိမ့်မယ်။

၄။ မှတ်ဉာဏ်အားကောင်းစေ

သီချင်းဆိုမယ်ဆိုရင် စာသားတွေ မှတ်မိဖို့ လိုပါတယ်။ ဆိုကာစမှာ ဟိုနားမေ့ ဒီနားမေ့ ဖြစ်တတ်ပါတယ်။ ကိစ္စမရှိပါဘူး၊ ဆိုပါများရင် စာသားတွေ မှတ်မိလာနိုင်လို့ မှတ်ဉာဏ်အားကို မြင့်တက်စေပါတယ်။

၅။ နာကျင်မှုကို လျော့ကျစေ

ယုံနိုင်စရာမရှိပေမဲ့ ယုံလိုက်ပါ။ ရေချိုးတုန်း သီချင်းဆိုတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်နဲ့ ဒိုပါမင်ဆိုတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။ အဲ့ဒီဟော်မုန်းတွေ ဦးနှောက်ကိုရောက်သွားတဲ့အခါ သင့်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ဦးနှောက်ကို ရောက်ရှိသွားတာကြောင့် နာကျင်မှုတွေ၊ ပူဆွေးသောကတွေ အခိုက်အတန့် ပျောက်ကွယ်သွားပါလိမ့်မယ်။

Source : Steth

Leave a Reply

Your email address will not be published. Required fields are marked *